ချစ်သူရေ....

မင်းက ရေပြင်မှာနေ
ရေဆန်ကိုကူး
ဆုန်ဆန် မြူးတဲ့
'' crew ''

ငါက ကောင်းကင်မှာနေ
လေဆန်ကိုကူး
ဆုန်ဆန် မြူးတဲ့
'' crew ''

ကောင်းကင် နဲ့ မြေကြီးက
အဝေးကြီး ကွဲ့

မိုးနဲ့ မြေက ကွာဝေးသလို
ရေထဲက မင်းနဲ့
ကောင်းကင်က တို့
လား လားမှ မနီးစပ်ခဲ့တော့
ဝေးကြပြီပေါ့...။

မင်းလဲ ရေဆန်ကူးရင်း
ခရီးဆက်ဦးနော်
ငါလဲ လေဟုန်စီးရင်း
မျောလွင့် လိုက်ဦးမယ်
ဝေးကြဦးစို့...။

7 comments:

မလိခ said...

သင်္ဘောသားလေးနဲ့ လေယာဉ်မယ်လေးဇာတ်လမ်းလား??? :P
မြေကြီးပေါ်မှာ ဆုံကြပေါ့.. :)(နောက်တာနော်... စိတ်ဆိုးနဲ့ :D)

emayarKhin said...

ကဗျာလှလှလေးကိုခံစားသွားပါတယ်......

mysterysnow said...

သယ်ရင်းရေ
သိနေသလိုပဲဟဟ...
မဖွပါဘူး စိတ်ချ...

eMi said...

love the poems ;) post more please :)

ကောင်းကင်ပြာ said...

ကောင်းကင်က မဝေးဘူး ညီမလေး၊ ခုဘဲ ကဗျာလာဖတ်နေပီ။

Anonymous said...

ဟုတ်ပါ့ သေင်္ဘာသားနဲ့ လေယာဉ်မယ် ဇာတ်လား မသိဘူး။ ဒါနဲ့ အကြံပေးသွားတယ် သိလား။ လေထဲက လူကလေထီးနဲ့ ရေထဲခုန်ချလိုက်ပေါ့။ ရေထဲကလူကလဲ လိုက်ဖ်
ဘုတ်နဲ့ အသင့်စောင့်နေပေါ့။ ခုန်မချရဲရင်တော့
အဆိပ်သောက်သေလိုက် နှစ်ယောက်လုံး။
အဲဒါဆို နားအေးသွားရော။ နောင်ဘ၀ဆုံဆည်း
ဖို့ဆိုတာတော့ မသိဘူး။
အဟစ်ဟစ်ဟစ်... နောက်သွားတာောန် စိတ်ဆိုးနဲ့

Anonymous said...

အိမ်တယောက် မဟုတ်တမ်းတွေပြော သွားတယ်။ ကလေးကို စိတ်ညစ်အောင်
သမီးပျိုရေ ကဗျာလေးရဲ့ အောက်ဆုံးလေးက အရမ်းတိုက်ဆိုင်တယ်
ကဗျာလေး လှတယ်။

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။