ဒီနေ့ တိမ်တွေညို့မှိုင်းနေတယ်
မိုးရွာတော့မယ် ထင်တယ်
ကောင်းကင်ကို မော့ကြည့် မိတော့
ငှက်ကလေးတွေ...
အိမ်ပြန်ကုန်ကြတာလား
ပြေးလွှားနေကြတာလားကွယ်

လေပြင်းကျရင် သစ်ပင်တွေယိမ်းနွဲ့တတ်ကြတယ်
သစ်ပင်နတ္ထိ လှိုင်းအအိမှာတော့
လေပြင်းကျလို့ သင်္ဘောလေး ယိမ်းနွဲ့နေမလား
မိုးသက်လေပြင်းကြား သူလေးများ အလုပ်လုပ်နေရမလား

စိုးရိမ်မှု သောကတွေနဲ့ ငေးမောနေဆဲ
ဟော...မိုးစက်လေးတွေ တဖွဲဖွဲ
လေပြင်းကြောင့်
သဲဖုန်တွေတောင် ထနေလေရဲ့

ကုန်းနဲ့ဝေးတဲ့ ရေပြင်ကြား
လှိုင်းများထနေမလား

အညိုးတကြီတော့ မရွာသွန်းလိုက်ပါနဲ့ မိုးမင်းရယ်
ကျွန်မရဲ့ ချစ်သူလေး
မိုးရေထဲမှာ အေးနေမှာ စိုးလို့ပါ။

1 comments:

မောင်ခင်လေး said...

စိုးတယ် စိုးတယ် စိုမှာစိုးလို့ မိုးမိတယ်(မင်းခိုက်စိုးစံ)
သတိရမိတယ် ခေါင်းစဉ်လေးတခု ချစ်မိသူတိုင်းမှာတော့ကိုယ်စီ စိုးစိတ် စိုးထိတ်မှု့လေးတွေနဲ့
ကောင်းသောနေ့ပါ သမီးပျို :)

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။