Showing posts with label တယ်ခက်သကိုးးးးဒီခွေးနဲ့ကတော့. Show all posts
Showing posts with label တယ်ခက်သကိုးးးးဒီခွေးနဲ့ကတော့. Show all posts

သမီးပျိုကို မွေးခဲ့တာ မြို့မကျ တောမကျ ဒေသတစ်ခုမှာဆိုပါတော့ ။ အဲဘာဖြစ်လို့ မြို့မဟုတ်လဲဆိုတော့ မြို့မ ဟုတ်လို့ပေါ့နော် ။ ဒါဆို ဘာဖြစ်လို့ တောမဟုတ်ရပြန်တာလဲဆိုတော့...အင်းဂွတော့ကျပြီ ။ မြို့လို့ခေါ်ရအောင် လည်းမခမ်းနားသေးသလို တောလို့ပြောရအောင်လည်း တိုင်းဗဟိုလေ့ကျင့်ရေးတပ်တွေရှိတယ်။ ဈေးကလည်း နှစ် ဈေးရှိတယ်။ ရဲစခန်း စစ်တပ် ဆည်မြောင်း ဆန်စက် ဆီစက် သစ်စက် အမှုန့်ကြိတ်စက် ဖယောင်းစက် အဲဒါတွေ ရှိတယ် ။ ပြီးတော့ အထက်တန်းကျောင်းလဲရှိတယ်။ မူလတန်းကျောင်းတွေကတော့ ပေါမှပေါပေါ့ ။ မူကြိုကျောင်း တွေလဲရှိတယ် ။စတိုးဆိုင်တွေ စားသောက်ဆိုင်တွေ ဘိလိယက်ဆိုင်တွေကတော့ ဟိုမှဒီမှဆိုပါတော့။အဲ ဒီကြားထဲ လက်ဖက်ရည်ဆိုင်တွေက လည်းအပြိုင်ချဲကြသေးတယ် ။ ဈေးထိပ်ကဆိုင်တွေဆို ပိုဆိုးပေါ့ ဈေးထိပ်ကိုဖြတ်ချင်ရင် နားထဲဂွမ်းဆို့ထားပ။ဲ မဟုတ်လို့ကတော့ပင်းပြီသာမှတ်။ အဲလောက်တောင် ။အိမ်လေးတွေဆို တစ်ထပ်တိုက် နှစ်ထပ်တိုက် သွပ်မိုးပျဉ်ထောင်အိမ်လေးတွေနဲ့ပေါ့။ မပြေလည်တဲ့ သူတွေကလွဲလို့ ပြေလည်ကြပါတယ်။ဒေသက အချက် အချာ နေရာလဲဖြစ်တာကြောင့်ပါ။ ဘယ်မြို့ကိုသွားချင်လဲ သမီးပျိုတို့ဆီက ဖြတ်ပေတော့ပဲ။အဲဂလို ။ ကဲ..မြိုမဟုတ်ရခြင်းကြောင့် ရွာဆိုပါတော့ ။
သမီးပျိုတို့ဆီက စက်ဘီးကိုကလေးတွေနဲ့ လူကြီးပိုင်းတွေပဲ စီးကြတယ်ဆိုပါတော့ ။ လူငယ်ပိုင်းတွေကတော့ ဆိုင်ကယ်လေး တ၀ီဝီနဲ့ဗျို့ ။ ဆယ့်နှစ်နှစ်လောက်ဆို ဆိုင်ကယ်ပေါ် တက်ခွတော့တာပဲ ။ လမ်းသွားရင်မနဲ ရှောင်နေရတယ် ။မရှောင်တိုက်ပြီပဲ။ တစ်ချို့အိမ်တွေဆို သုံးလေးစီးတောင်ရှိကြတယ် ။သထိန်းတွေပေါ့ ။ ကားတော့ သိပ်မရှိကြပါဘူး ။ အဲ ခေတ်ရဲ့ ရေစီးကြောင်းလိုဖြစ်နေတယ်လေ ။ဆိုင်ကယ်လေး တ၀ီဝီနဲ့။ သမီးပျိုလဲ စီးချင်တာပေါ့နော့ ။ သူများတွေစီးနေကြတာကို။ အဲဒီလိုရေဆာနေတုန်း သမီးပျိုရဲ့ ချစ်ကိုကို က လည်း အားကျမခံ ဆိုင်ကယ်ဝယ်တယ် ဆိုပါတော့ ။သူအတွက်ပေါ့ ။ အဲ ၀ယ်တဲ့နေ့ပဲဆိုပါတော့ ။ ဆိုင်ကယ်အနီရောင်လေး အိမ်ရှေ့မှာတွေ့တယ် ။ ဆိုင်ကယ်ကို လှည့်ပတ်ကြည့်နေတုန်း မှာ နောက်ကအသံတစ်သံကြားလိုက်ရတယ် ။ဆိုင်ကယ်စီးတတ်လားတဲ့။ ဦးလေးကြီး ဆိုင်ကယ်လာပို့တာတဲ့ ဆိုင်ကနေ ငွေလဲလာယူရင်းပေါ့ ။ ဟင့်အင်း စီးတတ်ဘူး ဦးရဲ့လို့ဖြေတော့ သူက ဘာခက်တာ မှတ်လို့သမီးရယ် ဒါကို ဒီကိုလုပ် ဟိုဟာကို ဟိုလိုလုပ် ဟိုလိုမောင်းဆိုပြီး ပြောပြီးသူက အိမ်ထဲဝင်ပြီး ငွေသွားယူနေတုန်း ဘာခက်တာမှတ်လို့ ဆိုပြီး သူပြောတဲ့ အတိုင်း လုပ်တာ အားလုံးကွက်တိပဲ အဟိ။ မစီးတတ်သေးတော့ နှေးလိုက်မြန်လိုက် တော့ ရှိတာပေါ့လေ ။ နဲနဲလေး ကြာလာတော့ အိုကေနေပြီ ဆိုပါဆို့။ ဆိုင်ကယ်လေး စီးကောင်းနေတုန်းရှိသေးတယ် ။ ဟိုက်...သွားပြီ။ ဟိုးးးးးးး ရှေ့နားမှာ နွားအုပ်ကြီး တရွှေ့ရွှေ့နဲ့ သမီးပျို ဘက် ဦးတည်ပြီး လာနေပါပေါ့လား။ လမ်းကလည်း တစ်လမ်းထဲ ။ ခပ်ကျဉ်းကျဉ်းရယ် ဆိုတော့လေ ။ဘာဆက်လုပ်ရမလဲ တွေးနေတုန်း ထူးပါဘူးဟယ် ကွေ့တယ်ဟယ်ဆိုပြီး ဆွဲအကွေ့ ဂီယာက နံပါတ်တစ်က မပြောင်းသေးဘူး ။မပြောင်းဆို ပြောင်းရမှန်းမှ မသိတာ။ အဲ အရှိန်ကောင်းကောင်းနဲ့ ပတ်ကွေ့ပလိုက်တာ ။နွားရန်က လွတ်အပြီးသကာလ ။ ဒိုင်းကနဲပါပဲ ။ ကျောင်းခြံနဲ့ ၀င်ဆောင့်တာလေ။ အဟီးး။ ဆိုင်ကယ်ရောလူရော မြောင်းထဲမှာ အိပ်ရတာပေါ့နော်။ အဲ စမှောက်တော့ မေ့သွားတာ ဘာမှသိဘူးရယ် ။ အတော်ကြာတော့ ဆူဆူ ဆူဆူအသံကြားလို့ သတိရလာတော့ ဘေးမှာဆိုက်ကားဆရာတွေ နဲ့လူအုပ်ကြီးပေါ့။ နီးရာလူ တွေ ပြေးလာကြပုံပဲ။ အယ် သူတို့က ပြုစုကြတယ်ပေါ့လေ ။သမီးဘာမှ မကြောက်နဲ့ သမီး ဘာမှဖြစ်ဘူးပေါ့ ။သွေးတွေတော့ ထွက်တာပေါ့ ။ လူကဆိုင်ကယ် ဂိုက်ပေါ်မှာခွရက်သားကြီး မနဲ ထယူရတယ် ။ လူတွေဝိုင်းကြည့်နေကြတော့ သမီးပျိုက ရှက်တာပေါ့ ။ဒါနဲ့ ရှက်ရမ်းရမ်းပြီး ပေးပေး ရတယ်ဆိုပြီး ဆိုင်ကယ်ကို အသာယူပြီး ခပ်တည်တည်နဲ့ စက်နှိုးပြီးအိမ်မောင်းပြန်ခဲ့တာလေ ။ သမီးပျိုကောင်းမှုကြောင့် စ၀ယ်တဲ့နေ့မှာပဲ နောက်တစ်စီး နဲ့လဲလိုက်ရတယ်လေ ။ကောင်းကျိုးပေးတာ ဟဲဟဲ ။
အဲဂလို သမီးပျို ကောင်းမှုကြောင့် အနီရောင်ကနေ အပြာရောင်အဖြစ်သို့ နေ့ခြင်းညခြင်း ပြောင်းသွားတယ်ဆိုပါဆို့ ။ လအတော်လေး ကြာတော့ စီးတတ်နေပါပြီ ။ဘယ်ရမလဲ သေချာသင်ရတယ် ။နောက်တစ်ခါဆို သေပြီလေ။ ဟုတ်ဘူးလား ။ စီးတတ်လာတော့ ပဲက ခပ်များများပေါ့ ။ညနေပိုင်းဆို ရေမိုးချိုး ထမင်းစားသောက်ပြီးချိန်ဆို ကာလသား ကာလသမီးတွေက အပျော် ဆိုင်ကယ်ထွက်စီးလေ့ရှိကြတယ်။ သူ့ကိုယ်ရှိတ်...ကိုယ့်သူရှိတ်ပေါ့လေ။ ဇတ်လမ်းတွေက အဲဂလို စကြတာ။ တစ်နေ့ပေါ့ ထုံးစံအတိုင်း ဆိုင်ကယ်အစီးထွက်တယ် ။ ဟိုလမ်းဝင် ဒီလမ်းကထွက်နဲ့ ဟုတ်နေတာ တစ်ယောက်ထဲ ။ အဆင်ကိုချောလို့ တစ်လမ်းလုံး ဘာမှ မဖြစ်ဘူး ။အဲ တစ်နေရာ အရောက်မတော့ ခွေးတစ်ကောင်နဲ့တွေ့တယ်။ သူ့ဘာအရေးလဲ ကိုယ်က ဆိုင်ကယ်ပေါ်မှာ သူ့ဟာသူနေ ကိုယ့်ဟာကိုနေလေ ။ရှင်းနေတာကို သူကစဟောင်တယ် ။ တ၀ုတ်ဝုတ်နဲ့ သမီးပျို ကဘယ်ဟောင်မလဲ ။ခွေးမှမဟုတ်တာကို နော့ ။ သူကတော့ ဆက်လို့သာဟောင်နေတော့တာပဲ ။အယ် ဖြစ်သေးပါဘူး ဆိုပြီး ဒီခွေးနဲ့ လွတ်ပြီးရော ဆိုပြီး အရှိန်မြှင့်ရတော့ တာ ပေါ့လေ။ ဗျင်းကနဲ အရှိန်တင်လိုက်တာ လန့်သွားလားမသိဘူး ။ ထိုင်ပြီ်းဟောင်နေရာကနေ ဆိုင်ကယ်နောက်ကို လိုက်ပါလေရောဗျို့ ။လိုက်ရင်းဟောင်တယ်။ သူကလိုက်လေ သမီးပျိုက အရှိန်မြှင့်လေ... မြှင့်လေ လိုက်လေ ...လိုက်လေ မြှင့်လေနဲ့ တစ်လမ်းလုံး ဆူညံနေတော့တာပဲ။ ခွေးကလဲ အတော်လေးဇွဲ ကြီးတယ် ။သမီးပျိုကပြေးလေ သူကလိုက်လေပဲ။ ဒီခွေးအတော်လေး ခက်သကိုး ဆိုပြီး ခြေထောက်နဲ့ လှမ်းကန်လိုက်တယ် အပေါ်ကနေ။ ခြောက်ခါမ ပိုဆိုး။ သမီးပျိုက ခြေနဲ့ကန်တော့ သူက ကန်တဲ့ခြေကို လိုက်ဆွဲတယ်။ အင်...ဘာဆက်လုပ်ရပါ့မလဲ ။ တစ်ကိုယ်လုံးပူထူပြီး ချွေးကိုပြန်သွားတာပဲ ။ ကြံရာမရတဲ့ အဆုံး လီဗာကို အသားကုန်ဆွဲပြီး ပြေးရတော့တယ်ဗျို့ ။ ကိုရင်ညိမ်း ရဲ့ အဖိုးလေးခွေးမောင်းသလို ဟဲ့ဒေါ့ ဟဲ့ဒေါ့...လို့ မမောင်းလိုက်ရဘူး ။အတင်းမောင်းပြေးတော့မှ လွတ်တော့သဗျို့ ။ လမ်းမှာဦးလေးတစ်ယောက်နဲ့တွေ့တယ်။ဟဲ့ ကလေးဖြေးဖြေးမောင်းလေတဲ့ ။အော်ပြောလိုက် တယ် ဦးလေးမသိပါဘူးလို့ ။ခွေးလိုက်တယ်ပြောရဲဘူးရယ် ။ရှက်လို့။
ဆိုင်ကယ်စီးရင်းခွေးလိုက် ခံရတာ တစ်ခါမှ မကြားဖူးဘူး ။သမီးပျို တစ်ယောက်ထဲလား တော့မသိပါဘူး ။ ခုထိအိမ်က လူတွေတောင်မသိသေးဘူး ဒီရာဇ၀င်ကို။ ခုမှ လူစုံလို့ ပြောပြတာ။ ခုဆိုခွေးမြင်ရင် သိပ်ရယ်ချင်တာပဲ။ ဟီးးးးးး

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။