ကြမ္မာမုန်တိုင်း အုံ့ဆိုင်းမှုကြောင့်
နုံချာစုတ်ပြဲ အိမ်အရွဲနှင့်
ဝမ်းစာမဖူ သူတို့အူမှာ
ဆင်းရဲကြပ်တည်း ရတက်မီး... ။

စည်းစိမ်ခံစား သူဋ္ဌေးများကား
ကြီးမားဝင့်ထယ် တိုက်များလယ်တွင်
ကြံစည်ခဏ တတိုင်းရ၏
ဆင်းရဲနတ္ထိ မြူမရှိ ။

အမောင်လူသား သူဆင်းရဲကား
တောင်းစားသော်ငြား စိတ်မပါးပဲ
သူ၏မယား သမီးသားအား
ဝမ်းစာပြည့်ငြား သူကြိုးစား....။

ဗိုက်ဖောင်းကိုယ်ထွား သူဋ္ဌေးများကား
ညွှန်ရာရေဖြစ် စည်းစိမ်သစ်နှင့်
တောင်းတကင်းစွာ ရွှင်ကြပါသည်
အပြုံးမျက်နှာ အမြဲသာ ။

ကိစ္ဓများမြောင် ဤလူ့ဘောင်ဝယ်
သူဟာလူသား သူတောင်းစားနှင့်
စည်းစိမ်ခံစား ရတက်များအား
နှိုင်းယှဉ်ဖို့ကား ရတက်ပွား...။

လူဖြစ်ခဲ့ရာ ဤလူ့ရွာဝယ်
လူဟာလူချင်း အချင်းချင်းမို့
လူခြင်းစာနာ လူ့ကမ္ဘာဝယ်
လူကိုလူခြင်း လူစိတ်ရင်းနှင့်
လူသားဆန်ကြ လူ့ဘ၀မှာ
လူခြင်းကူညီ အချိုးညီစို့ ။

2 comments:

အိမ် said...

ဒီကဗျာလေးတော့ကြိုက်သဗျာ..။ ခံစားသွားပါ
တယ်။

လင်းကြယ်ဖြူ said...

တော်တော်လေးကောင်းတဲ့ ကဗျာလေးတ္ဂေပါပဲ။
်အားပေးသ္ဂားပါတယ်ခင်ဗျာ။
ဆက်လက်အောင်မြင်ပါစေခင်ဗျာ။
ပျော်ပါစေ

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။