Showing posts with label ဖြစ်တတ်တဲ့ သဘောလေးပါ ချစ်သူတိုင်း ပျော်ရွှင်နိုင်ကြပါစေ. Show all posts
Showing posts with label ဖြစ်တတ်တဲ့ သဘောလေးပါ ချစ်သူတိုင်း ပျော်ရွှင်နိုင်ကြပါစေ. Show all posts

အနာဂတ်အတွက်.....
ဘ၀အတွက်.....
မိဘအတွက်.....
ညီအကို မောင်နှမတွေအတွက်.....
မိသားစုအတွက်.....
ကိုယ့်အတွက်.....
'' အတွက် '' ပေါင်းများစွာကြောင့်
ရေမြေရပ်ခြား တိုင်းတပါးမှာ
စီးပွားရှာနေ ကြရတယ်နော်...။

အလုပ်သစ်မှာ အားငယ်နေချိန်.....
အမိမြေကို လွမ်းနေချိန်.....
မိသားစုကို တမ်းတနေချိန်.....
စိတ်ဖိစီးမှုတွေနဲ့ မွန်းကြပ်နေချိန်.....
တစ်ယောက်ထဲ စိတ်အားငယ်နေချိန်....
အဲဒီ အချိန်တွေ တိုင်းမှာ
ကူညီစောင့်ရှောက် အကြင်နာတွေ တောက်ခဲ့တဲ့
မင်းလေးရဲ့ အမူအရာ စေတနာတွေကြောင့်
ရင်ဘတ်ချင်းနီး အချစ်လှေ စီးခဲ့ကြတယ်ပေါ့ ။

ကောင်လေးရေ...
အချစ်ကို နှလုံးသားနဲ့သာ ခံစားပြီး
တွေးစရာတွေ ဘေးသွား
စိတ်ရွှင်ရာကိုသာ အရေးထားလို့
တို့များပျော်ခဲ့ ကြတယ်နော် ။

အချိန်ရထား ရွှေ့လျှားမှုအောက်
နှစ် နှစ်မြောက်လာတော့...
အပျော်အပါး ဘေးမှာထားလို့
အနာဂတ်အရေး တွေးကြရသေးတယ်ပေါ့ ။

ချစ်ပင်ချစ်ငြား မစွန့်ခွာချင်အားသော်လည်း
ရေခြားမြေခြား လူမျိုးခြားမို့
ဖြစ်ချင်တာကို အသာထား
ဖြစ်သင့်တာကို အလေးထားလို့
ခက်ဆွေးဆွေးလေး ဝေးကြစို့နော် ။

အချစ်တွေ ဘ၀တွေ အသာမေ့လို့
ရင်ခုန်ချိုချို အဖိုတွေ့တိုင်း
သိပ်လွမ်းနေမယ်
ပါးချိုင့်လေးနဲ့ ကောင်လေးရယ်.....
မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။