အနာဂတ်အတွက်.....
ဘ၀အတွက်.....
မိဘအတွက်.....
ညီအကို မောင်နှမတွေအတွက်.....
မိသားစုအတွက်.....
ကိုယ့်အတွက်.....
'' အတွက် '' ပေါင်းများစွာကြောင့်
ရေမြေရပ်ခြား တိုင်းတပါးမှာ
စီးပွားရှာနေ ကြရတယ်နော်...။
အလုပ်သစ်မှာ အားငယ်နေချိန်.....
အမိမြေကို လွမ်းနေချိန်.....
မိသားစုကို တမ်းတနေချိန်.....
စိတ်ဖိစီးမှုတွေနဲ့ မွန်းကြပ်နေချိန်.....
တစ်ယောက်ထဲ စိတ်အားငယ်နေချိန်....
အဲဒီ အချိန်တွေ တိုင်းမှာ
ကူညီစောင့်ရှောက် အကြင်နာတွေ တောက်ခဲ့တဲ့
မင်းလေးရဲ့ အမူအရာ စေတနာတွေကြောင့်
ရင်ဘတ်ချင်းနီး အချစ်လှေ စီးခဲ့ကြတယ်ပေါ့ ။
ကောင်လေးရေ...
အချစ်ကို နှလုံးသားနဲ့သာ ခံစားပြီး
တွေးစရာတွေ ဘေးသွား
စိတ်ရွှင်ရာကိုသာ အရေးထားလို့
တို့များပျော်ခဲ့ ကြတယ်နော် ။
အချိန်ရထား ရွှေ့လျှားမှုအောက်
နှစ် နှစ်မြောက်လာတော့...
အပျော်အပါး ဘေးမှာထားလို့
အနာဂတ်အရေး တွေးကြရသေးတယ်ပေါ့ ။
ချစ်ပင်ချစ်ငြား မစွန့်ခွာချင်အားသော်လည်း
ရေခြားမြေခြား လူမျိုးခြားမို့
ဖြစ်ချင်တာကို အသာထား
ဖြစ်သင့်တာကို အလေးထားလို့
ခက်ဆွေးဆွေးလေး ဝေးကြစို့နော် ။
အချစ်တွေ ဘ၀တွေ အသာမေ့လို့
ရင်ခုန်ချိုချို အဖိုတွေ့တိုင်း
သိပ်လွမ်းနေမယ်
ပါးချိုင့်လေးနဲ့ ကောင်လေးရယ်.....
Hacking Cite For Roblox
3 years ago
5 comments:
နှစ်ချို့ အချစ်တွေ ချိုမြိန်ပါစေ။
သေချာပြီလား ကလေးမရဲ့...
ကောင်လေးက သနားပါတယ်...
wahh.. so sad ;T.. i thought it has happy ending ;T
အဲဒါပေါ့ဗျာ တရွာသားကိုချစ်တော့ လွမ်းရတတ်သတဲ့။ ရွာနားမြက် ရွာနားမစားချင်တော့လဲ ခံစားရတာ မထူးဆန်းဘူးဗျ... ဒီတော့ ရွာနားကမြက်မရင့်တရင့်လေး ဒီမှာ လာကွန့်
နေတယ်ဗျို့.. ဟစ်ဟစ်ဟစ်
နွဲ့ လှချည်လားဗျာ..
Post a Comment