ဒီနေ့ အမေများနေ့အမေ.....

သမီးကို ကိုးလလွယ်ဆယ်လဖွားခဲ့တဲ့အမေ.....
ဆင်းရဲဒုက္ခတွေကြားက သမီးကိုပျိုးထောင်ခဲ့တဲ့အမေ.....
ပညာတတ်ဖြစ်ခွင့် မရခဲ့တဲ့အမေ.....
သမီးကို ဒီအခြေအနေထိရောက်အောင်
တွန်းပို့ပေးခဲ့တဲ့ ဥာဏ်ပညာတတ်အမေ.....
သမီးကို အမြဲစိတ်ပူနေတတ်ခဲ့တဲ့အမေ.....
သမီးကို အမြဲယုံကြည့်ခဲ့တဲ့အမေ.....
သမီးက မိသားစုနဲ့အမြဲဝေးနေလို့
သမီးအတွက် ရင်နဲ့မချိအောင်ခံစားခဲ့ရတယ်ဆိုတဲ့အမေ.....
ငါ့သမီးငါ့လိုမဖြစ်စေရဘူးလို့ ဆိုခဲ့တဲ့အမေ.....
လိမ်လိမ်မာမာနေနော် လို့အမြဲဆုံးမတတ်ခဲ့တဲ့အမေ.....
နိမ့်ကျမှုကြားမှာ အနှိမ်ခံခဲ့ရတိုင်းလည်း
လူ့အောက်ကျလို့မသေပါဘူး သမီးရယ်လို့
အမြဲနှစ်သိမ့်ပေးခဲ့တဲ့အမေ.....

သြော် အမေရယ်.....
အမေ့ရဲ့ ဂုဏ်ပုဒ်တွေကို
ပြောပြလို့မကုန်နိုင်အောင်ပါပဲ။

အမေ့ရဲ့ ချွေးစက်တွေကြားက အပြုံးတွေ.....
ဒုက္ခတွေကြားက အမေရဲ့ ဟန်ဆောင်ပျော်ရွှင်မှုတွေ.....
တရားနဲ့ဖြေနေလို့သာပေါ့ လို့ဆိုခဲ့တဲ့ အမေ့ရဲ့ သောကတွေ.....
အရွယ်နဲ့မမျှရုန်းကန်ခဲ့ရတဲ့ အမေ့ရဲ့ ဒုက္ခတွေ......

အမေရယ်....
ဒီလောက်အပူအပင်တွေကြားမှာတောင်
အမေ တစ်ခါမှအပြုံး မပျက်ခဲ့ဘူးနော်
စိတ်ချနေပါအမေ
သမီးဟာ အမေ့အတွက်ပါ
အမေ့အတွက် သမီးအသက်ရှင်နေမယ်
အမေ့ကျေးဇူးကိုကုန်အောင် မဆပ်နိုင်ခဲ့ရင်တောင်
အမေစိတ်ချမ်းသာစေရမယ်
ဒီတစ်ခါသမီးအလှည့်ပေါ့
သမီးကို မွေးခဲ့ရလို့ ရတာနာ မဖြစ်စေရဘူး
နော်အမေ

အမေ စိတ်ချမ်းသာပျော်ရွင်ပါစေ
သမီးတို့ အတူတူနေကြရတော့မှာပါအမေ
သမီးကြိုးစားနေပါတယ်
အဲဒီအချိန် မရောက်ခင်အထိ အမေဘာမှမဖြစ်ရဘူးနော်
ကျန်းမာရေးကို ဂရုစိုက်ပါအမေ
အမေ့ကို သမီးသိပ်ချစ်တာပဲ
ပေးဆပ်ခဲ့ရလွန်းတဲ့အမေ့ကို
ဒီကနေပဲ ကန်တော့လိုက် ပါရစေနော်
နောက်များမှ ဆုံကြတာပေါ့ အမေရယ်..........

8 comments:

ကိုလူထွေး said...

အမေ့ကို အရမ်းချစ်တဲ့သမီးမို့  အမေကလဲ ကျေနပ်နေမှာပါ...
သားအမိနှစ်ယောက် အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ကြပါစေဗျာ...

mysterysnow said...

အမေ့ကို ငါလဲလွမ်းတယ်ဟ
တူတူပဲ...
ငါက နင့်ထက်ပိုတယ် သိလားးး
အမေများနေ့မှာ သိတတ်လွန်းတဲ့ သမီးပျိုလေးကို
လေးစားပါတယ်....

ကောင်းကင်ပြာ said...

အမေကို ကျေးဇူးဆပ်ချင်တဲ့ သမီးပျိုလေး အစစ အဆင်ပြေမှာပါ ညီမလေးရေ

Anonymous said...

မိခင်တွက်ရေးထားတဲ့ ကဗျာ လေး ကောင်းတယ်၊ ဖြစ်ချင်တဲ့ ဆန္ဒတွေ ပြည့်ဝပါစေဗျာ..
အဆင်ပြေပျော်ရွှင်ပါစေဗျာ

ကြယ်ပြာ said...

သမီးပျိုရေ ...

ဒီကဗျာလေးကို အမေသာမြင်ရင် အ၇မ်းပျော်ရွှင်ကျေနပ်နေမှာလို့ တွေးကြည့်မိတယ် ... အမေကျေးဇူးသိတတ်တဲ့ သမီးပျိုလေး ဘ၀မှာ အခက်အခဲမှန်သမျှကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ...

အိုက်ခီလောက် said...

အဟီး အမေဆိုလို့  လာပြေးကြည့်တာ
အားရလိုက်တာ သူများတွေ တော့
အတူတူဆုံတာပေါ့
တစ်နေ့ ဆိုတဲ့ ရက်လေးကို စောင့်နေကြရအောင်လေ
မကြာတော့ပါဘူးလေ နော် သမီးပျို

Unknown said...

အမေ့ကျေးဇူးကိုသိတတ်တဲ့သမီးပျိုလေးအမေ့ကျေးဇူးကိုများများဆပ်နိုင်တဲ့သမီးကောင်းရတနာလေးဖြစ်ပါစေနော်။

Anonymous said...

မေ့သမီး ခုမှလွမ်းနေတယ်ပေါ့....

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။