အမ ကောင်းကင်ပြာက ဆားချက်တယ်။ သူဆားချက်တာကို သမီးပျိုက ငံပြာရည် ထပ်ကျိုမယ် ။ အမ ကောင်းကင်ပြာရဲ့ nobody က ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသီချင်းပေါ့ ။ လူတိုင်း ပါးစပ်ဖျားမှာ nobody ။ ဖိလစ်ပိုင် မ လေးတွေကလည်း နိုးဘာဒီ ။ အခု တင်ဆက်မယ့် နိုးဘာဒီ ကတော့ တမူထူးခြားတဲ့ နိုးဘာဒီ ပေါ့နော် ။

“ထောင်“ ဆိုတဲ့နေရာက ပြစ်မှုကျူးလွန်ထားသူတွေ ဒုစရိုက်မှုမျိုးစုံကြောင့် အကျဉ်းကျခံဖို့ စုဝေးရောက်ရှိနေတဲ့ နေရာ မဟုတ်လား ။ အဲဒီလို စရိုက်မျိုးစုံ အဆင့်အတန်းမျိုးစုံ ဗီဇမျိုးစုံ ရှိတဲ့ လူမျိုးစုံရောက်ရှိရာ “ထောင်“ ဆိုတဲ့အကျဉ်းစခန်းထဲက ထောင်သားတွေကို တစ်စုတစ်စည်း တည်းဖြစ်ဖို့ (သို့) ညီညွတ်ကျဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ဘူး လို့ တော့ ထင်မိတယ် ။ ဒုစရိုက်ကျူးလွန် ရဲတဲ့သူတွေဆိုတော့ မိုက်ကောင်းမိုက်မယ် ရိုင်းကောင်းရိုင်းမယ် ပေတေတေ ဂျစ်ကန်ကန် လည်း ရှိကောင်းရှိမယ် နော်။ အဲဒီလိုကြမ်းတမ်းလှတဲ့ ဘ၀ထဲက လူသားတွေက ဒီလိုမျိုးနုညံ့တဲ့အလုပ်မျိုးလုပ်နိုင်တာကိုတော့ တကယ်ချီးကျူးမိတယ် ။ စစ ချင်း ယုံကိုမယုံနိုင်အောင်ပဲ သဘောလည်းကျမိတယ်လေ ။

သူတို့အားလုံး ယောင်္ကျားတွေပါ ။ အားလုံးနော် ။ သူတို့အားလုံးကဖိလစ်ပိုင် ထောင်ကထောင်သားတွေပါ ။ တစ်အုပ်စုလုံး တညီ တညွတ်တည်းကဖို့ ဘယ်လောက်ကြာကြာ အက တိုက်ထားရမလဲတော့ မခန့်မှန်းတတ်ပါဘူး ။ ဒါပေမယ့် သူတို့တွေ ကိုရီးယား သီချင်းကိုတောင် အလွတ်ရနေကြပြီဆိုတော့ အချိန်အတော်ကြာလိမ့်မယ်တော့ ထင်မိတယ် ။

ကဲ.....ကဲ...ထောင်သားများရဲ့ နိုးဘာဒီ ကိုအားပေးရအောင်နော် ။ ဖိလစ်ပိုင်မလေး ပြောပြချက်အရတော့ သူတို့က အမြဲ နံပါတ် “တစ်“ တဲ့ ။



(နိုးဘာဒီနဲ့ ပြုံးပျော်နိုင်ကြပါစေနော် )

10 comments:

ကိုလူထွေး said...

ကြံကြံဖန်ဖန် တွေ့တတ်တယ်...

းဝ)

kaungkinpyar said...

nice nice သမီးပျို လေးရဲ့ nobody ကို ပို ကြိုက်တယ်ကွ၊ မိုက်တယ် ၊ တို့ သမီးပျိုက ဒါမျိုးလေးတွေ ရှာတာ သိပ်တော်တာ တို့သိပြီးသားး)

လင်းကြယ်ဖြူ said...

ကြည့်လို့တော့ကောင်းသားဟ..
Nobody to somebody ပေါ့နော..

ပျော်ပါစေ ဘော်ဒါရေ

မြစ်ကျိုးအင်း said...

ဒီသီချင်းကို ဒီနေ့ ၂ ခါရှိပြီ နားထောင်ပြီး မန့်ထားတာ
မိုက်တယ်နော် ကြည့်ရတာ
ဂျာနယ်တစောင်ထဲမှာ တခါဖတ်ဖူးတယ် ထောင်သား တွေကထားတဲ့အခွေက ယူကျုမှာ ကြည့်တဲ့သူ နံပါတ်၁ တဲ့...။ဒီတပုဒ်များလားမသိဘူး။
တခါမှ မကြည့်ဖူးဘူး ကျေးဇူးပဲ သာမီးပျိုရေ

သမီးပျို said...

ဟုတ်ပါ့ ကိုမြစ်ကျိုးရေ ။ ယူကျု့ရဲ့နာပါတ်တစ်ဟာ သူတို့လေ....ဖိလစ်ပိုင်မလေးကပြောတယ် သူတို့အရမ်းနာမည်ကြီးတယ်တဲ့ ။ ထောင်ထဲကတောင် ထွက်ချင်ပါ့မလား မသိဘူးနော်တဲ့ ။ ဟုတ်မယ်နော် ။ ကနေလိုက်ကြတာ ပျော့ပြောင်းနေတာပဲ ။

yehtutnaung said...

ယောက်ျားတွေ လုံးရာက ပြား၊ မိန်းမတွေ ပြားရာက လုံး အစုံစုံ ဖြစ်နေတဲ့ ခေတ်ကြီးမှာဆို.. သူကလဲ။ :P

မေလေး said...

မိုက်တယ်ဝေးး
သမီးပျို ငံပြာရည် ချက်တာ ကောင်း၏

အိုက်ခီလောက် said...

ကောင်းပါတယ် ထွေးငယ်ရေ
အလုပ်ကပင်ပန်းပြီးပြန်လာတာ
အမောတွေပျောက်သွားတယ်

Angel Shaper said...

အဟော....မီးပြို ငံပြာရည် ချက်တော်၏။
ကြိုက်သွားပြီ။ အဟုတ်။

နိုင်နိုင် said...

တခါမှတွေ့ဖူးဘူးရှာတတ်ဖွေတတ်လိုက်တာ
တော်တော်သဘောကြတယ်သူတို့လဲအဲဒီအချိန်
မှာစိတ်ဖိစီးမှုတွေလျှော့နေမှာပဲနော်

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။