ဝါသနာကို အဖြေရှာတော့ ရင်ထဲကထွက်ပေါ်လာတယ် ...........“ခံစားမှုအနုပညာ“တဲ့။ ဟိုးငယ်ငယ်ကလေးဘ၀ကတည်းက ဇာတ်ခုံပေါ်မှာ ကွေးနေအောင် ကခဲ့ဘူးတယ်။ ပွဲတော်တွေတိုင်းနွှဲခဲ့ဘူးသလို ဖျော်ဖြေရေးတွေမှာ လည်းပါဝင်ခဲ့ဖူးတာဟာ ၀ါသနာရဲ့တိုက်တွန်းမှုကြောင့်ပါ။ အနုပညာနဲ့ပတ်သက်ရင်ဝါသနာပါတယ်ပေါ့လေ။ ဒါပေမဲ့ ဒီအနုပညာဝါသနာကိုရင်ထဲမှာပဲ မွေးမြူထားရင်း ငြိမ့်ငြိမ့်လေးပဲခံစားမိတယ် ။ မြန်မာမှုအနုပညာတွေကို ၀ါသနာပါသလို ကိုယ်ကိုယ်တိုင်လည်း ဖန်တီးချင်ခဲ့မိဖူးတယ် ။ သို့ပေမဲ့...တကယ်ဖြစ်လာဖို့က အခြေအနေလို တယ် ပံ့ပိုးမှုတွေလိုတယ်လေ ။ ဒါတွေဟာစိတ်ကူးယဉ်မှုတစ်ခုဖြစ်လိမ့်မယ် လို့လည်းတွေးမိခဲ့ဖူးတာပဲ ။ ဒါပေမဲ့ ၀ါသနာကတော့ ၀ါသနာပဲမဟုတ်လား ။

ငယ်ငယ်တုန်းက ကွေးနေအောင်ကခဲ့ဖူးပေမဲ့ အသက်ကြီးလာတော့ က .ချင်စိတ်တွေ မရှိတော့ပါဘူး။ သီချင်းအေးအေးလေးတွေခံစားရင်း ကျေနပ်တတ်လာတယ် ။ အဆွေးတေး လေးတွေ ညည်းရင်း လွမ်းတတ်လာ တယ်။ အရွယ်ရောက်လာတော့ ရင်ခုန်မိတာက “ဖက်ရှင်“ ။ မောဒယ်လ်တွေကို သဘောကျလာတယ် အားကျ မိလာတယ် ။ သူတို့လို ဖြစ်ချင်မိတယ် ။ ဖက်ရှင်ဆန်ဆန် ၀တ်စားဆင်ယင်မှုတွေ နဲ့စတိုင်လ် ကျလှတဲ့ လမ်း လျှောက်ဟန်တွေဟာ သမီးပျိုရဲ့စိတ်ကို လန်းဆန်းစေတယ် မြူးကြွစေတယ်။ သူတို့လို သွက်လက်မြူးကြွတဲ့ ဟန်ပန်တွေကိုရင်ခုန်မိတယ်။ ဒါတွေက ၀ါသနာတစ်ခုထဲကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှုသက်သက်ပါ။

ဒါတွေရဲ့ နောက်ဆက်တွဲ ၀ါသနာတစ်ခုက လူတစ်ယောက် စတိုင်လ်ကျလှပစေဖို့ အဓိကသော့ချက်ဖြစ်တဲ့ ဒီ ဇိုင်းပါ ။ လူတစ်ယောက်ရဲ့ပင်ကိုအလှကို တောက်ကြွားသွားအောင် အဓိက ပံ့ပိုးပေးတာက ၀တ်စား ဆင်ယင်မှု အနုပ ညာ ပါ။ ကိုယ့်ပင်ကိုယ် အရည်အချင်းကို ပြသခွင့်ရတဲ့ ဒီဇိုင်နာ တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်။ မေမေ့ရဲ့ အကူအညီကြောင့် အ၀တ်အစားဖန်တီးတဲ့ ပညာတစ်ရပ်ကို တတ်မြောက်သင်ယူနိုင်ခဲ့ပါတယ် ။ အသက်၁၆ နှစ် ကစလို့ ကိုယ့်ဒီဇိုင်းကိုယ် ဖန်တီးနိုင်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် ဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ခဲ့ ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက်ဖြစ်ခဲ့ပါဘူး ။ ဖြစ်သင့်တာတွေနဲ့ ဖြစ်ချင်တာတွေ ရဲ့ကြား ထဲမှာ လွန့်လူးရင်း တကယ့်ဘ၀လက်တွေ့ကျတော့ ဖြစ်သင့်တာကိုပဲ လုပ်ခဲ့ရတယ်လေ ။

ရှေ့ပိုင်းကဖော်ပြခဲ့တာတွေကတော့ စိတ်ပိုင်းဆိုင်ရာခံစားမှုနဲ့ဆိုင်တဲ့ ၀ါသနာတွေပါ။ ၀ါသနာကိုအရင်းခံပြီး ရှေ့ဘ၀ခရီးကို ဆက်လျှောက်ရမယ်ဆိုရင်တော့ ၀ါသနာနဲ့ထပ်တူ ဘ၀ရဲ့ရည်မှန်းချက်တွေပါ ရောယှက်လာ တယ် ။ ဖစ်စစ်ကယ်ပိုင်း ဆိုင်ရာ ၀ါသနာ သို့မဟုတ် စိတ်ဓါတ် ကိုပြောရရင်တော့ ဟိုးငယ်ငယ်ကလေးဘ၀ ကပြန်စရဦးမယ် ထင်တယ် ။ ဗွီဒီယို ဇတ်လမ်းတွေ ကြည့်တိုင်း ကြိုက်တတ်တာက လူရွှင်တော်တွေရဲ့ ဟာသ တွေနဲ့အတူ သူရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဇတ်ကြမ်း ။ဇတ်ကြမ်းဆိုတဲ့နေရာမှာ လူမိုက်တွေ ထိုးကြိတ်သတ်ဖြတ် တာမျိုးမဟုတ်ပါဘူး။ ထက်ထက်မြက်မြက်ရှိလှတဲ့ မိန်းမတစ်ယောက်ရဲ့ ကာရိုက်တာမျိုး ၊ ပြီးတော့သတ္တိရှိရှိနဲ့ ရင်ဆိုင်ကျော်လွှား အောင်မြင်သွားတဲ့ မိန်းမတစ်ယောက်လို ကာရိုက်တာမျိုး ၊ ယောင်္ကျားတစ်ယောက်နဲ့အပြိုင် စီးပွားရေးဘက်မှာရင်ဘောင်တန်းနိုင်အောင် အရည်အချင်းရှိတဲ့ ခပ်ထက်ထက် မိန်းမလို စရိုက်မျိုး...အဲဒီလို ကား တွေဆို သိပ်ကြိုက်ခဲ့တာ ။

အရမ်းနုရွနေရင်မကြိုက်ပါဘူး ။ ခုချိန်ထိ ၀တ္ထုတွေ ငှားရင်ဇတ်သိမ်းမှာ ...“သိပ်ချစ်တာပဲ မောင်ရယ်“ တို့ “ချစ်လွန်းလို့ မခွဲနိုင်တော့ဘူးကွာ“ တို့လိုမျိုး ချွဲချွဲနွဲ့နွဲ့တွေနဲ့ဇတ်သိမ်းထားရင်လုံးဝ မငှားပါဘူး ။ အချစ်အ ကြောင်းတွေပဲသက်သက်ရေးထားမှာစိုးလို့ပါ ။ လွန်းထားထား ၀တ္ထုတွေကို အရမ်းကြိုက်ခဲ့တာ ။ ခပ်ထက်ထက် မိန်းမတစ်ယောက် အကြောင်းတို့ မာနကိုအထိမခံနိုင်တဲ့ စရိုက်နဲ့ အောင်မြင်တဲ့မိန်းမ တစ်ယောက် အ ကြောင်းတို့ဖတ်ရလို့ပါ။ ကိုယ့်အကြိုက်နဲ့တူတာကိုး..။ အဲဒီဇတ်ကောင်တွေ အတိုင်းလည်း ဖြစ်နိုင်ဖို့ ကြိုးစား မှာပါ ။ အီစီကလီအချစ်အကြောင်းတွေရေးထားတာတွေကို ဖတ်ရတာထက် အတုယူနိုင်မယ့် စိတ်ဓါတ်မျိုး နည်း လမ်းကောင်းတွေပေးတဲ့ အချစ်မျိုး အောင်မြင်အောင်ဘယ်လိုကြိုးစားပြသွားတာ ...ဆိုတဲ့ဝတ္ထုမျိုးတွေကို ကြိုက် တာပါ ။

အမှန်အတိုင်း ၀န်ခံရရင် အောင်မြင်ချင်တယ် ။ ထက်မြက်ချင်တယ် ။ တိုးတက်ကြီးပွားချင်တယ် ။ ထက်မြက်တဲ့ မိန်းမတစ်ယောက် အဖြစ်နဲ့ အောင်မြင်မှုရအောင်ကြိုးစားချင်တာပါ ။ ဒါကတော့ ဘ၀အတွက်ရည်းမှန်းချက်ပါ ။ ဒီလိုဘ၀မျိုးပိုင်ဆိုင်ဖို့ ကိုယ်လျှောက်ရမယ့် လမ်းကြောင်းကိုရွေးချယ်ဖို့ ဆိုတာ အခွင့်အရေးလိုတယ် ကံလို တယ် ပြီးတော့ကြိုးစားမှု ဒါတွေပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် ဘ၀ကိုဖန်တီးဖို့ပါ ။ ယနေ့ ဒီနေ့ ဒီအ ချိန်အခါအထိတော့ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံးကြိုးစားနေပါတယ် ။ ဘယ်လိုဘ၀မျိုးနဲ့ ခရီး ဆက်မလဲဆိုတာကတော့ ကိုယ်ကိုယ်တိုင်လဲမသိသေးပါဘူး ။ ဘာဖြစ်ချင်လဲလို့မေးတိုင်းဖြေလေ့ရှိတဲ့ အဖြေ တစ်ခုရှိပါတယ် ။ အဲဒါကတော့ “အောင်မြင်ပြီး ထက်မြက်တဲ့ စီးပွားရေးသမားကောင်း တစ်ယောက်ဖြစ်ချင်ပါ တယ်“ လို့ဖြေလေ့ရှိခဲ့ပါတယ် ။

စီးပွားရေးနဲ့ကျောင်းပြီးထားလို့ စီးပွားရေးလိုင်းမှာပဲအောင်မြင်နေမလား ....ဒါမှမဟုတ် ၀ါသနာကို အရင်းခံ ရင်း ဖက်ရှင်ဒီဇိုင်းနာ အဖြစ်နဲ့ မောဒယ်လ်လောကမှာပဲ ကျင်လည်နေမလား ဆိုတာကတော့ ကြိုးစားရင်း စောင့်ကြည့်မှာပါ။ ပေးလာတဲ့အခွင့်အရေးပေါ်မူတည်လို့ ဘ၀ရဲ့ရေစီးကြောင်းထဲမှာ ပဲ့ကိုင်ရင်းအကောင်းဆုံး ဖြစ်အောင်ကြိုးစားသွားမှာကတော့ သေချာနေပါတယ် ဆိုတာပါပဲ။ အောင်မြင်မှုကတော့ရကိုရမယ် သူ့ဆီကို အခုမရောက်သေးတာပဲရှိမယ် ။ဒါကတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် သို့မဟုတ် ရည်မှန်းချက်ပေါ့လေ ။ ဖြစ် အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်လေးပဲ ရင်ထဲမှာ စွဲထားတယ် ပြီးတော့ ကြိုးစားမယ် ။ဒါပါဘဲ ဘာလိုသေးလဲ ။ တစ်နေ့ရမှာလေ။ ရောက်အောင်သွားရုံပဲ ရှိတယ်။ အဲဒီနေ့ ရောက်လာမှာပဲ ။ပြီးပြီပေါ့ ။

ဒီပို့စ်လေးကတော့ သူငယ်ချင်း ထင်လင်းအောင် တက်ခ်ထားတဲ့ “၀ါသနာကိုအရင်းခံ၍“ ဆိုတဲ့ပို့စ်လေးပါ ။ အညို တက်ခ်ထားတဲ့ ”နောင်အနှစ်၂၀ ကြာသော်“ ဆိုတဲ့ ပို့စ်ကတော့ ဒီအထဲမှာပဲ အကျုံးဝင်သွားတာနဲ့ တစ်ခါ တည်း ပေါင်းရေးလိုက်ပါတယ် ။ နောင်အနှစ်၂၀ ကြာရင် သမီးပျို က ၄၆ နှစ်ပါ ။အဲဒီအချိန်လောက်ဆို သေချာ ပေါက် အောင်မြင်နေမှာပါ ။ ပေကြိုးတွေ ကတ်ကြေးတွေ ဒီဇိုင်းတွေနဲ့ပဲအလုပ်များနေမလား...စာရင်းဇယား တွေကြားထဲမှာ ပြိုင်ဆိုင်မှုတွေနဲ့ပဲ အလုပ်မအားဖြစ်နေမလား ဆိုတာကတော့ စောင့်ကြည့်ရုံမှတပါး အခြားမရှိ ပေါ့နော်......။

12 comments:

ကိုလူထွေး said...

သမီးပျိုက SCORPIO ဗြိစ္ဆာရာသီ ဖွားနဲ့တူတယ်...

အောင်မြင်ပါစေ..

းဝ)

ကောင်းကင်ပြာ said...

ဝါသနာတွေ စောင့်ကြည်ချင်ပါတယ် ကောင်းကင်ကြီးရဲ့ သမီးပျိုရေ၊ ဆန္ဒနဲ့ ဘ၀ ထပ်တူ ကျပါစေလို့

မငုံ said...

အဟမ်းအဟမ်း..သိသွားပြီ။ ၂၄ ရက်နေ့ကျရင် ဇာတ်မင်းသမီး ထွက်ပါဗျို့ပဲနော်။

သမီးပျို ဖြစ်ချင်တဲ့ ဆန္ဒလေး ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်။

Sein Lyan Tun said...

ပျိုပျိုရေ...

ပျို့ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းကျပါစေလို့ အထောင်ဆုတောင်းပေးပါတယ်

ချစ်ခင်စွာဖြင့်

ဖိုးစိန်

မေလေး said...

တမီးပျို
ဝါသနာတွေ လာဖတ်တွားတယ်ဝေးးး
မေလေးတို့ နှစ်ယောက် ပူးပေါင်းရအောင် နောင်အနှစ် နှစ်ဆယ် ကြာရင်ပေါ့။ ကောင်းဖူးလားနော်။
အမြဲတမ်းခင်နေမဲ့
မေလေး

မိုးခါး said...

သမီးပျို စိတ်ကူးလေးတွေ ၀ါသနာတွေ လက်တွေ့အမြန်ဆုံး အကောင်အထည်ပေါ်ပါစေနော် ..း)

စိတ်စမ်းရေ said...

တချိန်မှာထူးချွန်ထက်မြက်သော စီပွားရေး
သမားတယောက်(သို့) တီထွင်ဖန်တီးနိုင်စွမ်းရှိသော ဒီဇိုင်းနာကောင်း
တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်.....။

လင်းကြယ်ဖြူ said...

ကောင်းသောလိုရာတ္ဂေ ပြည့်နိုင်ပါစေ...ပြည့်မှာပါ...

ထင်လင်းအောင် said...

ဝါသနာတွေလာဖတ်သွားပါတယ်....
ဘ၀ရည်မှန်းချက်တွေအောင်မြင်ပါစေဗျာ....

မေဇင် said...

သမီးပျို...ရဲ့ ရည်မှန်းချက်တွေ ကကောင်းလိုက်တာ.. အားလုံး အောင်မြင်ပါစေနော်...။

ခင်တဲ့
မေဇင်

ဇော် said...

ဘာပဲပြောပြော ခုတော့ ၀ါသနာပါတာက တမီးဗျိုပဲ ဖြစ်နေတယ်မို့လား တမီးဗျိုရ။ =)

တမီးဗျိုသာ ဒီဇိုင်နာဆိုရင် အလကား အထည်အပ်မယ်။ စီးပွားရေးသမားဆိုရင် ပိုက်ဆံချေးမယ်။ မပိုင်လားနော်။ အဟိ။ =)

စာရေးကောင်းပါ၏ တမီးဗျို..။ ဒါပေမယ့် ဆားနည်းနည်းထည့်ဗျာ။ အငန်လေး နဲနဲ လိုနေတယ် စာရေးတဲ့နေရာမှာလေ။ အဟဲ။ =)

သီဟသစ် said...

ပျိုပျိုရေ

အောင်မြင်ထက်မြက်တဲ့စီးပွားရေးသမားကောင်း ဖြစ်ပါစေကွယ်

ကြိုးစားရင်ဖြစ်ရမှာပေါ့

ခင်မင်စွာဖြင့်
သီဟသစ်

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။