သမီးပျိုပျောက်သွားခြင်း အကြောင်းကား .......တောထွက်သွားခြင်းမဟုတ်ပါကြောင်းနှင့်အပြင်းထူနေခြင်း လည်းမဟုတ်ပါကြောင်းကြိုတင်အသိပေးအပ်ပါတယ် ။ဟဲဟဲ ။ အင်း... အကြောင်းအရင်းကိုပြောရရင်တော့ မြန်မာနိုင်ငံမှ ပြန်ရောက်ပြီးနောက်တစ်ရက် သမီးပျို နေထိုင်ရာဒူဘိုင်းမြို့မှ ရုတ်တရက်ပျောက်သွားခြင်းနဲ့ပတ် သက်လို့ ဒူဘိုင်းမြို့မှသူငယ်ချင်းတစ်ချို့က ရဲစခန်းတွင်လူပျောက်တိုင်ကြားရန်ပြင်ဆင်နေကြောင်းသိခဲ့ရပါ တယ်။ သမီးပျို၏မိုလ်ဘိုင်းဖုန်းအားခေါ်ကြားမရခြင်းနှင့်တကွ သတင်းတစ်စုံတစ်ရာမရရှိခြင်းတို့ကြောင့် သံသယ ဖြစ်နေကြကြောင်း သိခဲ့ရပါတယ်။

ဖြစ်စဉ်မှာ.....နံနက်စောစော ၆နာရီအချိန်ခန့်တွင်သမီးပျိုတစ်ယောက် ယူနီဖောင်းအပြည့်အစုံနှင့်အတူ အထုတ်အပိုးများဆွဲကိုင်လျှက် တက္ကစီ တစ်စီးအပြေးငှားကာ လေဆိပ်သို့စတန်းဘိုင်ဂျူတီထမ်းဆောင်ရန် သွားခဲ့ရပါကြောင်းနှင့် တစ်စုံတစ်ဦး၏ ဖျားနာမှုကြောင့်အစားထိုးဂျူတီထမ်းဆောင်ရန် လိုက်ပါသွားရခြင်းသာ ဖြစ်ပါကြောင်း ။ သမီးပျိုလိုက်ပါခဲ့ရသော ခရီးစဉ်မှာ ခရီးစဉ်တစ်ခုထဲမဟုတ်ပါပဲ မျောက်အုန်းသီးရသကဲ့သို့ အ ငြိမ်မနေရပါဘဲ ဟိုနိုင်ငံပြေးလိုက် ဒီနိုင်ငံမှာရပ်နားလိုက် နောက်တစ်ရက် ဟိုနိင်ငံကိုသွားလိုက် ညအိပ်လိုက် ဒီ နိုင်ငံကိုပြန်လာလိုက်နဲ့အလုပ်ကိုရှုပ်နေတော့တာပါပဲ။ သွားရတဲ့နိုင်ငံတွေကလည်းပြောချင်ပါဘူး အေးလိုက် တာလွန်ပါရော ။

သမီးပျို မြန်မာနိုင်ငံမှာတုန်းက မိုးတွေဆက်တိုက်ရွာလို့နေမကောင်းတကောင်းနဲ့ပြန်လာ လိုက်တာ ဒူဘိုင်းရောက်တော့ ဂျူတီကို တန်းဂိုးရတော့လည်း အေးလိုက်တာလွန်ပါရော။ နောက်ဆုံးဒူဘိုင်းကိုပြန်လာ မယ့်ဖလိုက်မှာ ပျော်ရွှင်စွာနဲ့ပြန်အလာ...အိုး...ဟိုး.....ပူလိုက်တာလွန်ပါရော ။ပူဆို ဒူဘိုင်းအပူနဲ့ ကင်း ကွာနေရတာ ကြာပြီကိုး....။ ဒါနဲ့ အိမ်တွင်းအောင်းပြီး စာရေးတော့မယ်လို့ကြံစဉ်ပြီး မကြာမှီအချိန်အတွင်းမှာ သမီးပျိုရဲ့ ပေါတောတော စာအချို့ကိုဖန်တီးပေးတဲ့ လက်ပ်တော့လေး ပျက်ဆီးခြင်းသို့ဆိုက်ရောက်သွားပါ တယ်။ သမီးပျိုကလုပ်ချင်တာကိုမလုပ်ရရင်စိတ်က အလိုလိုကလိကလိနဲ့နေတာပဲ။ ဒါနဲ့ ပျက်ရကောင်း လား
ဆိုပြီး သခွားသီးအခွံခွာတဲ့ဓါးနဲ့ လက်ပ်တော့ပ် နောက်ခြမ်းကိုဖွင့်တော့တာပဲ။ သိလို့တော့ဘယ်ဟုတ်မလဲ ။နဲနဲ ကလိကြည့်တာပါ ။ပွင့်သွားတော့လည်း စက်တွေပဲတွေ့တယ် ။ဘာမှလဲမတွေ့ဘူး ။ စဖွင့်ကတည်းက သိလို့ ဖွင့်တာမှမဟုတ်တာ ဟုတ်ဘူးလား ။ စက်တွေတွေ့တော့ ဘာမှမသိတဲ့အတူတူ ဟိုရိုက်ဒီရိုက်နဲ့ ရိုက်နှက်ပြီး ပြန်ပိတ်လိုက်တယ် ။ ကောင်းမလားဆိုပြီး ပါဝါပြန်ဖွင့်ကြည့်လိုက်သေးတယ် ။ ဘယ်ကောင်းလိမ့်မလဲနော် ပြင်မှ မပြင်ထားတာ ။ဒီလောက်တောင်ရှိတဲ့ လက်ပ်တော့ပ်ဆိုပြီင်္း ဘာလုပ်တယ်မှတ်လဲ ကိုင်ပေါက်လိုက်တာ မှတ်ကရော။ ဘာမှတော့ မဖြစ်ပါဘူး ။ဆိုဖာပေါ်ကို ပေါက်လိုက်တာဆိုတော့လေ။ ဟီးဟီး ။ စိတ်ညစ်လို့ငို လည်းငို ရိုက်လည်းရိုက်နဲ့ကြံရာ မရတဲ့အဆုံး ဆိုင်ကိုပဲဒုန်းဆိုင်းပြေးတာတန်းနေတာပဲ ။ သူတို့ကပြောတယ် ၁၅ ရက်ကြာမယ်တဲ့ ။ဘယ်လို လုပ်မလဲ ထားခဲ့ရတော့တာပေါ့ ။သမီးပျို လက်ထဲမှာရှိနေရင် ရိုက်တာနဲ့ တင် ကြေသွားနိုင်တယ် မဟုတ်လား။ ပြန်လာရာလမ်းမှာ လက်ဗလာနဲ့ပေါ့ ။ စာကလည်းရေးချင်သေးတယ် ။ ရေးလို့ကလည်းမရတော့ဘူး ဆိုတော့ ၀မ်နည်းပက်လက်နဲ့ အကြံထုတ်လိုက်တယ်။ ဘယ်ရမလဲ သူများဆီက ငှားမယ်ပေါ့ ဆိုပြီးငှားလိုက်တာ ကိုယ့်ဘလော့ကိုကိုယ်ဖွင့်မရလို့အွန်လိုင်းပေါ်ကဘလောက်ဂါ တွေအကူအညီ
နဲ့ဖွင့်ပြီးသကာလ မြန်မာဖောင့်ကလဲမရှိပြန်ဘူး ဆိုတော့ အစကနေပြန်လုပ်ရပြန်ရော ။ စာမရေးဖြစ်တော့ ဟို လူကအော် ဒီလူကဟောက်နဲ့ အွန်လိုင်းမှာလည်း ရန်တွေ့တဲ့သူတွေကလည်းအများသား ဆိုတော့ အမြန်လုံး နည်းနဲ့ ပန်းကန်လုံးစီးပြီး ရေးလိုက်ပြီနော် ။ အခုတော့အင်ထရိုပေါ့ နောက်မှပဲ ပေါတော့မယ် သပ်လား။

သမီးပျို မရှိတဲ့အချိန်မှာ သမီးပျိုရဲ့အိမ်လေးကို စောင့်ရှောက်ပေးကြတဲ့ ဘော်ဒါဘော်ကြွတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ် ။အရမ်းလည်း ပိုချစ်သွားတယ် ။ ပျော်လည်းပျော်တယ်။ သမီးပျိုကို ခင်ကြသားပဲဆိုပြီးတော့ ၀မ်းသာပီတိ ဂွမ်းဆီတီး ဟီးဟီး ။ နောက်နေ့မှပဲ ပေါတောတောတွေရေးတော့မယ်နော် ။ အိမ်တွေမလည်ဖြစ် တာလဲ ကြာပြီဆိုတော့ အားနာလိုက်တာ ။လာမည်ကြာမည်.....နော်။ စိတ်တော့မရှိကြေးနော် ဟုတ်ပြီလား။ အားလုံးကို ခင်တယ်။ အရှိန်လေး ယူပြီးလာပြီ နော်.......

12 comments:

ကိုလူထွေး said...

ဒေါ်လေးသက်ရီခင်ဗျား...းP

ိုကိုလူထွေး အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ပါဘူး...

ကြိုဆိုပါတယ်...

ဒါပဲ

းဝ)

Beauty Studio USA Branded Store said...

စိတ်မညစ်နေပါနဲ့ဂျာ။ဒေါ်သက်ရီ တော့ပ်လေးမြန်မြန်ကောင်းပါစေ။:-)

သီဟသစ် said...

ဝဲလကမ်းဘက်ပါအေ
လက်တော့လေးမြန်မြန်ကောင်း
စာအသစ်လေးတွေမြန်မြန်ရေးနိုင်ပါစေ

သမီးပျို said...

ဓီပတွက်မပူကြနဲ့ဗျို့ လက်ပ်တော့ငှားပြီးသား

kaungkinpyar said...

welcome back ကောင်းကင်ရဲ့ သမီးပျိုလေးရေ၊ ဆင်ခြေတွေကတော့ အပြည့်ပဲ ဟွန်း

မီးမီးချစ် said...

လက်တော့ပ်ကို နောက်တခါလောက် ကိုင်ပေါက်ရင် ရပါပြီ်
သမီးပျို နား ဆို မလာရဲတော့ဘူး..
ဖမ်းချုပ် ကိုင်ပေါက်နေမှ ဒုက္ခး))

လင်းကြယ်ဖြူ said...

Welcome Back ပါ ခင်ဗျာ
ကြိုဆိုပါတယ် ..
အဲ..အပြင်မှာ နဲံနဲတော့ ပူနေတယ်
ဒါပေမယ့်စိတ်တော့မပူပါနဲ့ Laptop လေးပြန်ကောင်းသ္ဂားမှာပါ..

khin oo may said...

သတိထားပါ ပျိုရယ်။

Anonymous said...

နောက်ခါ လက်တော.ပျက်ရင်
ကိုင်လည်းပေါက်နဲ..
ဖွင်.လည်းကြည်.နဲ.
ရေခဲသေတ္တာ freezer ထဲ
၃ ညလောက်ထည်.ထားလိုက်
နောက်ပြီး
ဒူးဗိုင်းနေမှာ ၃ ရက်ထပ်ထားလိုက်
မကောင်းရင် ပြောချင်တိုင်းပြော
နောက်ထပ် ဘယ်တော.မှ ထပ်မပြင်စေရဘူး
တစ်ခါတည်းအပြီးအငြိမ်း..
မမ

မိုးခါး said...

;)
နောက်စာတွေကို စောင့်နေပါတယ်
လက်တော့ မြန်မြန်ပြန်ကောင်းပါစေ
:D

မေလေး said...

သယ်ရင်းရေ
ဒူဒူဘဲ။ တမီးပျိုကိုပိုခင်သွားပီ။ နာ့လဲ လက်တော့ကို ဟိုနေ့က ကိုင်ပေါက်ပီးပီ အိပ်ရာပေါ်ကို
ပြန်ဖွင့်လို့တော့ ရသွားပီ။ but ဂဂျီ ဂဂျောင်လုပ်ချင်တုန်းး။ဟွန်းးး
အမြဲတမ်းခင်နေမဲ့
မေလေး

Anonymous said...

ကြိုဆိုပါတယ်ဗျား...

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။