ဒီနေ့ မေလ သုံးရက်နေ့...ငါ့မွေးနေ့ပါလား ။ ဘာလိုလိုနဲ့ လူ့လောကထဲကိုရောက်လာတာ နှစ်ဆယ့်ငါးနှစ် ရှိပါပေါ့လား...။ အစက နှစ်ဆယ့်လေးမှတ်တာ သေချာပြန်တွက်ကြည့်မှ တွမ်တီဖိုက်မှန်း သိတော့တယ် ။ မသိဆို တစ်ခါမှမွေးနေ့ကို မကျင်းပဖြစ်တာ ။ ငယ်ငယ်ကတည်းက ဆိုပါတော့ ။ဟတ်ပီဘတ်ဒေး သီချင်းဆို ကြားပဲကြားဖူးတာ တစ်ခါမှ မခံစားဖူးဘူး ။ သူများတွေမွေးနေ့တိုင်းကြားရတဲ့ သီချင်းကို သမီးပျိုတစ်ခါမှ ရောင်လို့တောင် ကြားဖူးပေါင် ။ဒီတစ်နေ့တော့ ထူးခြားစွာ ကြားခဲ့ရတယ် ။အကြောင်းကဖန်လာတာကိုးးး။ မွေးနေ့ကျမှ နယူးယောက်ကိုခရီးထောက်ရတယ်လေ ။ အပြန်လမ်းမတော့ ...လုပ်ဖော်ကိုင်ဖက်တွေပေါ့ ငတက်ပြားကျင့် ငတက်ပြားကြံ ကြံကြတယ်လေ ။ ဘယ်အချိန်ထဲကလဲ သိပါဘူး ။အလုပ်ပြီးလို့အိမ်အပြန်လမ်း မှာပေါ့ ဟတ်ပီးဘတ်ဒေးကို အယောက်သုံးဆယ်လောက် သံပြိုင်ဆိုပြီး လူကိုရင်တုန်အောင် လုပ်ကြတယ်လေ ။ လျှပ်တပြက် ရိုက်ချက်ပေါ့ ။ လက်ဆောင်တွေလည်းပေးသေးတယ် ဘာမှတ်လို့လဲ ။ ရေမွှေးကငါးပုလင်း ။ အကြီး ကြီးတွေတော့ ဟုတ်ဘူးနော် ။တေးတေးလေးတွေ ။အဟီးး ။ ဒါပေမယ့် လှမှလှပဲ ။ ပြီးတော့ ၀က်ဝံ ရုပ်လေးကတစ်ရုပ် ရတယ် ။ တစ်ခါမှမရဘူးတော့ ပျော်လိုက်တာ ပြောပါနဲ့တော့အေ ။ အိမ်ရောက်ပြီးလို့ ချစ် ချစ်နဲ့ သွားအတွေ့ သူက ရွှေလက်စွတ်တစ်ကွင်း ပေးသေးတယ် ။အဟိ သမီးပျိုတို့ တော့ ဟုတ်နေတာ ။ အဲ သို့ပေသော်ငြားလည်း ရင်ထဲမတော့ ဆို့တို့တို့ရယ် ။ ယုံလားတော့ မသိဘူး ။ သံပြိုင်လက်ခုပ်သံတွေ ကြား က ဟတ်ပီးဘတ်ဒေးသံက သမီးပျိုရင်ကို လာထုတယ်။ ဥကနဲတော့ မမြည်ပါဘူး ။ ဒါပေမယ့် နှစ်ဆယ့်ငါးနှစ် လောက် အသက်ရှင်လာပြီးကာမှ ပထမဆုံးရုတ်တရက် ကြားလိုက်မိတာမို့ ရင်ထဲမှာ ဟာတာတာနဲ့တကယ်ပါဝမ်းသာရမှာလားဝမ်းနည်းရမှာလားမဝေခွဲတတ်ပေ မဲ့ချုပ်ထိန်းလို့မရနိုင်တဲ့ရင်ထဲက စုတ် ချက်တွေပြင်း လွန်း လို့နှလုံးသားတွေ
တဆတ်ဆတ်တုန် အသွေးအသားတွေ ဗတန်းဗတန်းခုန်လို့...လူတွေကြားထဲ အော်ငိုလိုက်ရမှာလား...။
ဟိုးးး ရင်ခေါင်းထဲက ဆို့တက်လာတဲ့ဝမ်းနည်းမှုတွေက လည်ချောင်းထဲအရောက် ခမ်းခြောက်သွားတယ် ။ အသံတွေ တိတ်ဆိတ်ခဲ့ ရပြီ ။ မွေးနေ့...မွေးနေ့တဲ့လားးးး......။ ငါဘာလုပ်ရမှာလဲ ..။ ဘယ်မှာလဲ ငါ့ကိုမွေးခဲ့တဲ့ အမေ...။ ဘယ်မှာလဲ ငါ့ကို ကျွေးမွေးခဲ့တဲ့ အဖေ...။ ဘယ်မှာလဲ ငါနဲ့အတူ ကြီးပြင်း ခဲ့တဲ့ အကိုဆိုတာရော...။ သူတို့လဲ ငါနဲ့အတူ ရှိမနေကြပါလား...။ ဒီလိုမွေးနေ့မျိုးဖြတ်သန်းလာခဲ့တာ ကြာခဲ့ ပြီလေ ။ မထူးတော့ပါဘူးဆိုပေမယ့် မွေးနေ့လိုနေ့မျိုးမှာတော့ မိသားစုနဲ့ အတူရှိချင်မိတာ သမီးပျို မမှားပါဘူး နော် ။ အားငယ်တဲ့အချိန်တွေမှာ အားပေးကြမဲ့မိသားစုတွေ ၀မ်းနည်းချိန်တွေမှာ ခိုနားခွင့်ပေးကြမဲ့ အကြင်နာ အင်အားတစ်စုံ တွေဝေနေချိန်တွေမှာ လမ်းပြပေးကြမဲ့သူတွေ သမီးပျိုနဲ့ အတူရှိမနေတာ ကြိုးစားထိန်းချုပ်ထား လို့ရပေမယ့် အခုလိုနေ့မျိုးလေးမှာတော့ သမီးပျိုသူတို့တွေကို တောင်းတမိတယ် ။ ၀မ်းနည်းစွာ ဖြတ်သန်းခဲ့ ရတဲ့ နေ့ရက်တွေအတွက် ဒီတစ်နေ့လောက်လေး အတူရှိခွင့်ရရင် ရင်ဘတ်စည်တီးမြည်ဟီးသွားအောင် တအားထုလို့ အကျယ်ကြီးအော်ပစ်လိုက်မယ် အရမ်းပျော်တယ်လို့လေ..။ တကယ်ပါ တောင်းဆုတစ်ခု သာပြည့်မယ်ဆိုရင် ဆုတောင်းလိုက်ချင်ပါရဲ့ ။ မိသားစုနဲ့အတူပျော်ရွှင်ရပါလို၏ လို့......။ အခုတော့လည်းလေ...................

9 comments:

အိုက်ခီလောက် said...

စိတ်ပျက်အားငယ်မနေပါနဲ့  အားလုံးကပြီးပြည့်စုံတာမရှိပါဘူး
မွေးနေ့ မှာ အဆင်ပြေခဲ့တယ်ဟုတ်
ပျော်ပျော်ရွှင်ရွှင် လေး နဲ့ ဘဝ ကိုဖြတ်သန်းနိုင်ပါစေဗျာ

ဇော် said...

ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ မပျို။
မွေးနေ့မှ သည်နောင်နှစ်ပေါင်းများစွာထိတိုင်အောင်ပေါ့။
ချစ်ခင်လျှက်
ဇော်။

ကောင်းကင်ပြာ said...

တောင်းတဲ့ ဆုတွေ ပြည့်ပါစေ ညီမလေး၊ မွေးနေ့မှာ ပျော်ပါစေနော်

mysterysnow said...

ကံကကောင်းနေတယ်ဟွန်းးးး
ရေမွှေးလိုချင်ဘူးးးး
လက်စွပ်ပဲယူမယ် ပေးမလား မပေးဘူးလား...
ငါ့ကို မုန့်လိုက်ကျွေးနော် ဇော့်ကိုပါ ချိန်းလိုက်မယ်လေနော်...

ထင်လင်းအောင် said...

အဲ...၂၅ နှစ်ဆိုတော့ ကျနော့်ထက်တစ်နှစ်
လူ့လောကထဲစောရောက်တာပေါ့...
၂၅ နှစ်ပြည့်မှသည်...နောင်နှစ်ပေါင်း...........
အများကြီး ချစ်တဲ့ မိသားစုနဲ့ အတူပျော်ရွှင်နိုင်ပါစေ...
လို့ ဆန္ဒပြုလျက်....

Anonymous said...

မွေးနေ့ကိုနောက်ကျမှ ရောက်တယ်ဗျာ ဆောတီး... .. အသက်၂၅ဆိုတော့ အားပြိုဂျီး
ဖြစ်သွားပြီပေါ့... အဟစ်ဟစ်ဟစ်...
မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာ ဘ၀ကို
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

khin oo may said...

့happy birthday

မြစ်ကျိုးအင်း said...

မရနိင်တဲ့အရာတွေကို မျှော်ပြီး လက်ရှိရနေတဲ့ ပျော်ရွှင်မှု
ကို သတိမထားမိတာမျိုးမဖြစ်စေချင်ပါဘူး...
ပြီးပြည့်စုံတဲ့ ဘ၀ဆိုတာတော်တော်ရှားပါတယ်..။
အဆင်ပြေအောင်နေပါ ..ပျော်ရွှင်စွာ ဖြတ်သန်းပါ...
နောက်ကျပေမယ့်...happy birthday ပါ...
ကျွန်တော်က ၂၈ ဆိုတော့ ကျွန်တော့်ထက် သုံးနှစ်ငယ်ပေမယ့် သူငယ်ချင်းတွေလိုပဲ မှတ်ယူပါတယ်.
...ခင်မင်သောအားဖြင့်...

သားကြီး said...

happy birthdayသီချင်းဆိုတာ ကျနော့်အတွက်ရွယ်ပြီးရေးစပ်ခဲ့တာ မဟုတ်လောက်ဘူး
တခါမှလည်းမွေးနေ့ဆိုတာမရှိဖူးဘူး :(

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။