အင်း ခွက်တော့ခွက်နေပါပြီ ။မပြောပြန်ရင်လည်း အချင်းချင်းမလေးစားရာကျမယ။် အဲ...ပြောလိုက်ပြန်ရင်လည်း အားလုံးပေါ်ကုန်တော့မှာပဲ။ အတော်ရက်စက်တဲ့ခေါင်းစဉ် “ထားခဲ့ဖူးသော ရည်းစားများ“ တဲ့ အဟိ ။မေးသူရှိတော့ လည်း ဖြေရတော့မှာပေါ့လေ ။ ပြေးစရာမြေက မရှိပြီကိုး.......။ ကဲ...စပြီဟေ့ ။ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ပဲ ဆိုပါတော့ ။အကျိုးဆက်ကလား....စိတ်ကောက်ရင်ကောက်..မကောက်ရင်...ရန်ဖြစ်...နဖူးကွဲ..ဒူးပြဲ ဒီလောက်ပါပဲ။
ရည်းစားလား...မရှိပါဘူး ။လုံးဝဆိုမှ လုံးဝပဲ ။ငယ်ငယ်ကပြောတာပါ အဟီး။ မရှိဆို လစ်မှမလစ်ပဲကိုး။ ငယ်ငယ်တုန်းကပေါ့ ကျောင်းတက်တုန်းကလေ သူများတွေနဲ့မတူချက်ပေါ့။ ကျောင်းကအိမ်ရှေ့ တည့်တည့်မှာ အမလေး လှုပ်လို့တောင်မရပေါင် ။သူများတွေကမူလတန်းကို သူတို့ရွာတွေမှာ တက်ကြတယ်။ အလယ်တန်း အထက်တန်း ရောက်ကာမှ သမီးပျိုတို့ရှိတဲ့အရပ်က အထက်တန်းကျောင်းကို ပြောင်းတက်ကြရတယ် ပေါ့လေ။ သမီးပျိုတို့ကတော့ ဟုတ်ပေါင် ကျောင်းစတက်ပြီ ဆိုကတည်းက အိမ်ရှေ့ကကျောင်း ကိုးတန်းအထိပဲဆိုပါတော့ ။ ကျောင်းကအိမ်ရှေ့တည့်တည့်မှာဆိုတော့ ကျောင်းပြေးချင်ရင်တောင် ရှောင်နိုင်မှလွတ်တာ ။ စာသင်ခန်းထဲက လှမ်းကြည့်ရင် အိမ်ကလူတွေ ဘာလုပ်နေကြလဲ မြင်ရသလို အိမ်ကလှမ်းကြည့်ရင်လည်း ကျောင်းသာဘယ်နှစ်ယောက်ရှိလဲ ရေလို့ရတယ် ။ အဲလောက်နီးပါတယ် ။အလယ်မှာ လမ်းတစ်လမ်းပဲခြားတယ် ။အဲဒီတော့ကာ မခက်လား ။သူများတွေများ ကျောင်းဆင်းပြီဆိုတာနဲ့ စက်ဘီးလေးတွေကိုယ်စီ စီးလို့ရွာပြန်လမ်းတစ်လျှောက် အိမ်ပြန်ဖော်တွေနဲ့ စလိုက် နောက်လိုက် ပျော်ပါးလိုက်နဲ့ နောက်ဆုံးတော့ ခင်ဟယ် မင်ဟယ် အကြင်နာပိုတယ်ဖြစ်ကုန်ကြတယ်လေ ။ သမီးပျိုကလား ကျောင်းခြံဝန်းထဲကထွက် လမ်းမကူးပြီး အိမ်ခြံဝန်းထဲကိုဝင် ဆိုတော့မခက်ပေဘူးလား ။ ဈေးနဲကလဲ ခြေလှမ်း၁၀၀ လောက်လှမ်းရင်ရောက်နေတော့ကာ ဘယ်ကောင်လေးမှလိုက်လို့မရဘူးလေ ။ အိမ်မှာဆိုမိသားစုတွေနဲ့ အဲ ဈေးသွားလို့လိုက်မယ်မကြံနဲ့ ။ဈေးမှာ အမေရှိတယ် အန်တီတွေရှိတယ်မလွယ်လှဘူးလေ။ အဲနောက်တစ်ခုက လမ်းသွားရင်ဘယ်ဘက်မှ မကြည့်တတ်တဲ့အကျင့် ။ဘေးလဲမကြည့်ဘူး။ နောက်ပြန်လဲမကြည့်ဘူး ။ ဘေးကဖြတ်သွားလို့ ပြုံးပြမယ်မကြံနဲ့ မိတ်ဆွေ ။ မမြင်ဘူးသာမှတ် ။အဲရှေ့တည့် တည့်က လာရင်တော့မြင်တယ်။မကြည့်ဆို ရှက်တတ်တာက တစ်ကြောင်း လမ်းတစ်လျှောက် လက်ဖက်ရည် ဆိုင်တွေပေါလွန်းလို့ ပါ။ တော်ကြာ သူတို့လှည့်ကြည့်တယ်ထင်ရင် မခက်ပေဘူးလား။ ရန်ကုန်လိုဟုတ်ဘူးလေ နယ်က လက်ဖက်ရည်ဆိုင်ဆိုတာက ယောင်္ကင်္ျားလေးတွေပဲ အထိုင်များတာကလား။ အဲတစ်ချို့က ဘာပြောတုန်း ဆိုတော့ သမီးပျို ဈေးလာရင်“ ကြည့်ကြည့် စက်ရုပ် သံပါတ်ပေးလွှတ်လိုက်တာတဲ့ “ ။ခေါင်းကလည်း ရှေ့ဘက် လားရာကိုပဲဦးတည်သလို မျက်လုံးကလဲ ရှေ့တည့်တည့်ပဲ မရဘူး။ လမ်းပျောက်သွားတော့မယ့်အလား လမ်းကိုပဲ မလွတ်တမ်းကြည့်တာလေ။ အဲဂလို အဲဂလို မလစ်တာရယ် မစွံတာရယ်ပေါင်းပြီး ရားဇီးမရှိဘူးဆိုပါတော့ ။
ကိုးတန်းအောင်တော့ဆယ်တန်းပေါ့လေ ။အဲ ဆယ်တန်းရောက်တော့ ကျမှာစိုးတော့ ရန်ကုန်ပြောင်း တက်တယ်။ဆယ်တန်းဆိုတော့ သိတဲ့အတိုင်းပဲ စာနဲ့ပဲ နပန်းလုံးနေရတာ မဟုတ်လား ။တစ်ခါတစ်ခါ နေ့လယ် စာပါငတ်တယ် ကျောင်းကအဆင်း ၀ိုင်းကို တန်းဂိုးရတာကိုး ။လမ်းမှာပေါင်မုန့်လေးဝယ်စားပြီး အသက်ဆက် ရတာ။ ပင်ပန်းပါ့ ။ အဲဂလို အိမ်ရယ် ကျောင်းရယ် ၀ိုင်းရယ် သုံးပွင့်ဆိုင် ချာလပတ်ရမ်းအောင်ပြေးရင်း စာတွေပဲ ကျက်ခဲ့ရလို့ ၁၀ တန်းမှာလဲ ရားဇီးမရှိဘူး ။ ဟီးဟီး ။
အဲ ပြီးတော့ တက္ကသိုလ် တက်တယ် ။ ကြားကောင်းအောင်ပြောတာပါ ။အမှန်က အဝေးသင်တက်တာ။ အဝေးသင်ဆိုတော့ သိကြတဲ့အတိုင်းတစ်လပေါ့ ။ အဲဒီတစ်လလည်း နေပူလို့ ဓါတ်ပုံရိုက် ပြီးအိမ်ပြန်တဲ့ရက်ကများတယ် ။ကျော်ကြီးဆီတော့ ဂိုးတယ် ပုံမှန်။ နေတာက မြောက်ဥက္ကလာ ကျူရှင်ယူတာ နီးနီးယူတယ်မှတ်လို့လား ။အိမ်နဲ့ကျောင်းအမြဲနီးခဲ့တာ ဒီတစ်ခါတော့ လာထားဆိုပြီး ဗိုလ်အောင်ကျော်လမ်းက ကျော်ကြီးဆီမှာ သုံးနှစ်လုံးတက်တာပေါ့။ အဲ...အဲဒီမှာ စ တယ်ဗျို့ ။ကိုယ်တော်ချောတစ်ယောက်လေ ပထမနှစ် ထဲကစလိုက်တာ နောက်ဆုံးနှစ်ကို ရောက်ရောပဲ။ အတော်ဇွဲကောင်းတဲ့လူ ။ ဘယ်ဘ၀ကရေစက်လည်းမသိပါ ဘူး ။ကြည့်လို့ကိုမရတာ ။မုန်းတာမဟုတ်ဘူးနော် ကြည့်လို့မရတာ။ ဘာလို့လဲတော့ မမေးနဲ့ သူ့ဟာသူအော် တို ကြည့်မရတာ ။ချစ်ဖို့တော့ဝေး ။ ဘယ်လိုမှလဲပြောလို့ မရဘူး အဲ့ဒီတစ်ယောက်က ။ အိမ်ကထွက်တဲ့ အချိန်ကို စောင့်တယ် ။ အိမ်ကထွက်တာနဲ့ သူကနောက်ကလိုက်တာ ။ သူများစီးတဲ့ ဘတ်စ်ကိုမရ ရအောင်လိုက်စီးတယ် ။ပြီးတော့ဘေးနားက ပွားတာပေါ့ ။ တစ်နေ့မဟုတ် တစ်လမဟုတ် သုံးနှစ်လုံး ဆိုတော့ ညစ်တာပေါ့နော် ။ ကိုယ်ကကြိုက်တဲ့လူ ဆိုရင်တော့ရင်ခုန်စရာပေါ့ ။ခုတော့ မနက်မိုးလင်းတိုင်း စိတ်ရှုပ်ရတယ်။ ကားတစ်စီးထဲ အတူမပါလာလို့မပျော်လိုက်နဲ့ သူက ဆူးလေမှာကြိုစောင့်နေနှင့်ပြီ ။ ဟူး.....သေချင်တာပါပဲ။ တကယ်ပါ။ အမြဲကိုရှိနေတာ ။ကြာလာတော့ အမေ့ကိုပြောပြတယ် ။ အမလေး ကျားကြောက်လို့ ရှင်ကြီးကိုး ...ရှင်ကြီးကျားထက်ဆိုးတော့တယ်။ မေမေက ဘာပြောတုန်းဆိုတော့ နင့်ကိုသုံးနှစ်လုံး လိုက်တာဆိုတော့ တော် တော်ချစ်လို့နေမယ်တဲ့ ။ ကိုယ်ချစ်ကိုမရှာနဲ့ သူချစ်ကိုရှာဆိုတော့ ။ အင်း အမေ့စကားနားထောင်ကြည့်လိုက် ပါဦးမယ်လေ ဆိုပြီး ကျောင်ပြီးတော့ ကြိတ်မှိတ် လက်ခံလိုက်တယ်။ အဖြေပေးပုံ သိချင်လား ။အင်း ပြောရမှာပေါ့ လက်ဖက်ရည်ဆိုင်မှာ စကားတစ်လုံးမှ မပြောဘူး နှစ်နာရီလောက်ကိုကြာတယ်။ ပြောလို့ကိုမထွက်တာ ။ သူကပြောတယ် မပြောရဲရင် ခေါင်းလေးပဲငြိမ့်ပေးပါတဲ့ သူကျေနပ်ပါတယ်တဲ့လေ ။ အဲ ခေါင်းငြိမ့်ဖို့ကို နောက်နာ ရီဝက်လောက်ထပ်ကြာတယ် ။အဲဂလောက် ချစ်တာ ။ ကြိုးစားခဲ့ပါတယ် တကယ်ပါ သူ့ကိုချစ်ဖို့ကိုလေ။ သူက တော်တော်ချစ်တာဆိုတော့လည်း ။အင်းနောက်နှစ်နှစ်လောက်ကြာလာတာတောင် သူ့ကိုချစ်မလာခဲ့ဘူး ။အရင်ကတော့ ကြာလာရင် အနေနီးပြီးပြန်ရင်နိုင်ကောင်းရဲ့ ဆိုပြီး လက်ခံခဲ့တာပါ။ ချစ်လို့မရတဲ့အဆုံး ဗြောင်ပဲဖွင့်ပြောပြီး လမ်းခွဲခဲ့ရတယ် ။အမှန်အတိုင်းဝန်ခံရရင် စိတ်မကောင်းဖြစ်ရပါတယ်။ သမီးပျိုကို သူအခုထိ ချစ်နေတုန်းပါ ။ဟိုနေ့က ညီမ၀မ်းကွဲလေးနဲ့အင်တာနက်မှာတွေ့တော့ စကားပြောဖြစ်ကြတယ် ။ သူ့အကြောင်းကို ညီမကပြောတယ်။ “ မမကိုမေးနေတယ် ။ ပြီးတော့ ပြောသေးတယ် နင့်အမ ငါ့ကို ရက်စက်သွားတယ် “တဲ့ လေ။စိတ်မကောင်းရုံကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ပါဘူး ။ အဲလိုနဲ့သူနဲ့ပြတ်သွားတယ်ပေါ့။
နောက်ပိုင်း ဟိုသင်တန်းတက် ဒီသင်တန်းတက်နဲ့အချိန်တွေကုန်လာခဲ့တယ် ။ ကြာလာတော့ရန်ကုန်မှာ ပျင်းတာနဲ့ သင်္ကြန်ကိုအိမ်ပြန်သွားတာ။ အော် ဆယ်တန်းပြီးအတည်းက သမီးပျို ရန်ကုန်မှာနေဖြစ်သွားတာ ပြောဖို့မေ့သွားတယ်။ အဲ နယ်သင်္ကြန်ကတော့ ရန်ကုန်လို ကားနဲ့လည်လို့မရဘူး ဆိုင်ကယ်နဲ့ လည်ရတယ်။ ကိုယ်တော်ချောတွေ ရေကစားတဲ့ မဒီတွေကိုဆိုင်ကယ်ပေါ်က ပြုံးပြုံးကြီးလုပ်ပြီး ဖြတ်မမောင်းသွားနဲ့။ အတိုက်ခံရမှာတွေ နားမလည်ဘူး ။ ရေမွှေးနဲ့ ရှေ့တည့်တည့်ကနေ ဖျန်းပလိုက်တာအေး ရော ပါးစပ်ထဲတွေဝင် မျက်လုံးထဲတွေဝင်ပေါ့။ အဲဂလိုလဲ ညစ်ပတ်ပါတယ် ။ အဲဒီလိုတွေ ကဲတယ် ကတယ် ရွကြတယ်ပေါ့လေ ။အဲဒီ သင်္ကြန်မှာပဲ အရင်ကတည်းက ရိတိတိ တစ်ယောက်နဲ့ညိသွားတယ်ပေါ့ ။ အဲ မေ့လို့ နယ်မပြန်ခင်က အင်တာနက်ကချစ်သူနဲ့ စကားများလို့ ညစ်ညစ်နဲ့အိမ်ပြန်အလာမှာ ဆိုတော့ ရိတိတိက ညိတိတိဖြစ်သွားတာပေါ့ ။သူ့ကို ချစ်တာလည်းပါတယ် ရောသွားတာ။ဟီး ။ နောက်ရန်ကုန်ပြန်တယ် ဟိုချစ်သူနဲ့ ပြန်အဆင်ပြေသွားပြန်တယ်။ ခုတော့ သူက သူ့မယူရင်သတ်မယ်တဲ့ ။ယူတဲ့ အကောင်ကိုပါသတ်မယ် ဆိုပဲ။ တကယ်လားတော့ ပြောတတ်ပါဘူး။ ရည်းစားနှစ်ယောက်တော့ အဖတ်တင်သွားတယ်ပေါ့ ။
ဒူဘိုင်း ....ဒူဘိုင်း .....ဒူဘိုင်းကို လာရတော့မယ်။ သင်္ကြန်ကိုကိုက ဘာမှာလိုက်လဲဆိုတော့ ပြန်လာရင်သူ့ကိုလက်ထပ်ပါတဲ့။ အင်းပေါ့ ။ ဒူဘိုင်းရောက်လာတော့ ငိုချင်တာပါပဲ ။ကန္တာရထဲမှာ နေက ခြစ်ခြစ် တောက်ပူ ။သစ်ပင်လေးတွေက ဟိုတစ်ပင် ဒီတစ်ပင် ။ အလုပ်သစ်မှာ ပရက်ရှာတွေကများနဲ့ ညစ်တာပေါ့ ။ အဲဂလို ညစ်နေတုန်းမှာ အကြင်နာပိုတဲ့ ကိုကိုနဲ့တွေ့တယ် ။ သူကသိပ်ဂရုစိုက်တာကိုး အားလဲပေးတယ် ။ သူ့ကြောင့် ပူလောင်တဲ့ ဒေသကြီးမှာ နေတတ်လာခဲ့တယ် ။ သူ့ကိုလည်းချစ်တယ်။ သင်္ကြန်ကိုကို ကသတင်းပျောက်နေတာခုထိ ဆိုပါတော့ ။ ဖုန်းဆက်ရင်ဈေးကြီးတော့ မဆက်ဖြစ်ပါဘူး ။ သူ့ကိုလည်းရှာပါတယ် ။ မတွေ့ဘူး ။
အမှတ်မထင် သူနဲ့နာမည်ခပ်ဆင်ဆင် တစ်ယောက်ဂျီတော့မှာ အင်ဗိုက်လုပ်လို့ အက်ဒ် လိုက်တယ်။ သူများလားဆိုတဲ့ စိတ်နဲ့ မေးခွန်းတွေမေး စကားတွေပြောဖြစ်ခဲ့တယ် ။ တကယ်ချစ်ခဲ့တဲ့ ရည်စားဦး ဆိုတော့ လွမ်းတယ်လေ ။ နောက်ဆုံးတော့ မဟုတ်ပါဘူး ။ အဲဒီတစ်ယောက်ကလဲ အမှတ်မထင် ဓါတ်ပုံလေးကြည့်ပြီး ချစ်မိသွားလို့တဲ့။ အစပိုင်း တကယ်ကိုငြင်းခဲ့တာပါ ။ အင်တာနက်မှာတွေ့တဲ့ ချစ်သူဆိုပေမဲ့ တကယ်စွဲလမ်းခဲ့ရင် အပြစ်တစ်ခုလုပ်ရာကျတယ်လေ ။ သူတစ်ပါးကိုဒုက္ခမပေးချင်တာပါ ။ နောက်ပိုင်း သူ့အချစ်ကို အသိအမှတ်ပြုတာရယ် သနားတာရယ် အားနာတာရယ်ပေါင်းပြီး လက်ခံလိုက်တယ်။ သူ့ကိုခုထိမမြင်ဘူးသေးပါဘူး ။ ရန်ကုန်ုပြန်ရင်တော့ အဆင်ပြေရင်သွားတွေ့မှာပါ ။ စဉ်းစားနေတယ် ။ အပြင်မှာ တွေ့လိုက်လို့ ကိုယ့်ကို သူကပိုပြီးစွဲလမ်းသွားခဲ့ရင် သူ့စိတ်မှာ ပိုပြီး နာကျင်သွားမှာစိုးတယ် ။ အကောင်းတွေပဲ ဖြစ်လာပါစေလို့ ဆုတောင်းနေပါတယ် ။သူ့အတွက်ပေါ့ ။
ခုတစ်လော ဘယ်ချစ်သူတွေနဲ့မှ သိပ်စကားမပြောဖြစ်ဘူး ။ စိတ်တွေညစ်လာလို့ပါ ။ ဘယ်သူ့ကို ရွေးရမှန်းလည်း တကယ်မသိတာပါ ။ အွန်လိုင်းမှာတွေ့လည်း သိပ်စကားပြန်မပြောဘူး ။ထင်ချင်သလို ထင်ကြပါစေ ။ တစ်နေ့သူငယ်ချင်းကို တိုင်ပင်ကြည့်တော့ အဖြေမရတဲ့ အပြင် အချွန်နဲ့မ ကြတယ် ။ နင် ဘယ်နှစ်ယောက်ယူမှာလဲတဲ့ ။တစ်ယောက်တည်းယူမှာမို့တိုင်ပင်တာပေါ့ ။မဟုတ်လို့ကတော့ တိုင်ပင်လိမ့်မယ် အားကြီး ။ အင်းခု လောလောဆယ်တော့ လေးယောက်ပဲရှိတယ် ။
ခုနောက်ပိုင်းတော့ ဂျီတော့မှာဓါတ်ပုံမတင်ရဲတော့ပါဘူး ။ ချစ်တယ်လို့ပြောကြလို့ပါ ။ တကယ် ဟုတ်တာမဟုတ်တာ အပ ထား ဗျာမများချင်တော့တာပါ။ အသက်ကကြီးလာပြီလေ ။ အခုဆိုရင်ချစ်တယ်ပြောရင် ဗြောင်ငြင်းရမှာအားနာ တော့ ပေါက်ကရတွေပဲ လျှောက်လုပ်ခိုင်းပါတော့တယ် ။ တကယ်ချစ်ရင် ပြန်လာရင်သံပုရာသီး အလုံး၅၀ အခွံမခွာပဲ တထိုင်တည်း စားပြဆိုတာမျိုးတွေပါ ။ အင်း မောင်ငယ်ငယ်လေး တစ်ယောက်ကတော့ တကယ်ချစ်တယ် ထင်ပါ့ ။ ပြန်မလာခင် လေ့ကျင့်မယ်ဆိုပြီးစားတာ ဆေးခန်းရောက်သွားတယ် ဆိုပဲ။ ကြားရတော့လည်း တကယ်စိတ်မကောင်းဖြစ်ရပါတယ်။
သမီးပျိုက အားနည်းချက်တွေရှိတယ်လေ။ အားနာတတ်တာ သနားတတ်တာ စာနာတာတွေပေါ့ ။ မွေးရာပါ ဆိုတော့ ပြင်ရခက်တယ် ။ ကိုယ့်ကြောင့် သူတစ်ပါး ကို မနာကျင်စေချင်ပါဘူး ။ ဒါ စေတနာပါ ။ ဒါတွေက ရည်းစားများစေခဲ့တာလား တော့ မသိပါဘူး ။ အင်တာနက်က ချစ်သူတွေတော့ အပြင်မှာမတွေ့ဘူးပါ ဘူး ။ သူတို့နောက်ရည်းစားတွေ ရရင်ရ မရရင် ကိုယ့်ကို မေ့သွားရင် ကောင်းမှာပဲနော် ။ ကိုယ့်ကိုစွဲလမ်းနေမယ် ဆိုရင် အပြစ်မကင်းသလိုကြီးခံစားနေရတယ် ရှင် ။ အခုတော့ ဒီအကျင့်တွေကို ပြင်ပါတော့မယ် ။ အရင်လုပ်ခဲ့တာတွေကလဲ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာမဟုတ်ခဲ့ပါဘူး ။ အားနာခြင်းရဲ့ အကျိုးတွေပေါ့နော် ။ မကောင်းမှန်းသိပါပြီ ။ခွင့်လွှတ်ကြနော် ။
ကဲ.....ကဲ...“ထားခဲ့ဖူးသော ရည်းစားများ“ ရာဇ၀င်သိပြီနော် ။ ကျေနပ်ကြမယ် ထင်ပါတယ် ။ အိတ်သွန်ဖာမှောက် အကုန်ပြောလိုက်ပြီ။ သမီးပျိုကို လာ တက်ခ် တဲ့ ကိုဗညားရေ ကျေနပ်မယ် ထင်ပါတယ် ။ ဆက်ရန်ကိုတော့ ခေါင်းကြိမ်းတယ်။ ဂယ်ပဲ ။ သံခမောက်ဆောင်းပြီး စောင့်ကြည့်နေမှ တော်ကာကျမယ် ထင်တာပဲ ။ မျက်ခုံးလှုပ်တယ် ကွယ် ။


မှတ်ချက်။ ။ ရည်းစားစာပေးသူတိုင်းကိုပြန်မကြိုက်ပါ ။ ရည်းစားစာ အားလုံးတော့ အဒေါ်များအိမ်တွင် ထားပါသည်။ အဘယ့်ကြောင့် ဆိုသော် စိတ်မခိုင်သောကြောင့်ဖြစ်သည်။

သတိပေးတားမြစ်ချက်။ ။ ရည်းစားများသည်ဟု မပြောစေလိုပါ ။သနားတတ်ခြင်းသာဖြစ်သည်။



ပုံ/
ငါကွ

15 comments:

ကိုလူထွေး said...

ရည်စားများသည်ဟု မပြောလိုပါ
သနားတတ်ခြင်းသာဖြစ်ပါသည်.. တဲ့
အာ...ဟ

ကောင်းတယ်.. စာရေးပုံ ပြောပါတယ်...

ဒါနဲ့ စကားမစပ် ဒူဘိုင်းမှာ နှင်းကျလားဟင်
(ကိုလူထွေးကို လူတွေက ငတုံးလို့  ပြောကြလွန်းလို့ ပြင်ပဗဟုသုတရှိကြောင်း ပြချင်လို့ )

kaungkinpyar said...

မတတ်နိုင်ပါဘူး ချစ်တာအပြစ်လား.....(သီချင်းလာဆိုတာပါ မလှုပ်တတ်လို့)

နွယ်ရိုး said...

အချစ်တွေက များလို့များလို့ မင်းတစ်ယောက်တည်း မနိုင်မှာစိုးလို့... ခွဲပေးလိုက်တာပါ စိတ်မရှိနဲ့ကွာ.. အဟက် ဟက်။

နေညိုရင့် said...

ရည်းစားများများ..ထားတဲ့သူကို.. ဒဿဘီလူးနဲ့ တူသလို..
မျက်နှာ...များကြတာကို..ဆို....သတဲ့
စဉ်းစဉ်း...စားစား...တွေးကြည့်ပါကွယ်..
ဒဿမင်းနဲ့ တူမယ့်...မျက်နှာ...များနဲ့ ... နော်ကွယ်...။

အိုက်ခီလောက် said...

ရည်းစားလေးထားရတာလည်း ဇီးပြားလေးစားရသလိုပဲ
ဘာမှန်းကိုမသိဘူး နော်
ထားခဲ့ဖူးတဲ့ရည်းစားတွေ ကလည်း များပါဘူး
လေးယောက် ဆိုတော့ ဒါကတရားဝင်လေ
တရားမဝင် တာကရော ရှိသေးတယ်ဟုတ်
ဒါဆို တရားမဝင်သောချစ်သူဆိုပြီး တ့ပ်စ့်လိုက်မယ်

နေမင်းသံစဉ် said...

ဟားဟား "ရည်စားများသည်ဟုတ်မပြောလိုပါ သနားတက်ခြင်းသာဖြစ်တယ်" တယ်ဆိုတဲ့ စာပါ့လား..
အဆင်ပြေပါစေဗျာ

Banyarshein said...

ဟားဟား ရေးကုန်ကြပြီး သမီးရေ .......ဘာဖြစ်လဲ အေးဆေးပါနော်

သီဟသစ် said...

ဟာဟ ပိုင်ပါ့
ပျိုပျိုရေ.

သနားတတ်ပုံများနော်..

ကြယ်သောကြာ said...

ဟင်
သမီးပျို
လာခဲ့ နင်တော့ အိမ်ပြန်လာမှ ကြိမ်ကြီးကြီးနဲ့ ဆော်မယ်
အစ်ကို့ကို မမှီလို့
ဟားဟား
တနား အဲ ဆက်သနား..ရသေးတယ်

မြစ်ကျိုးအင်း said...

ကောင်းလိုက်တဲ့သနားပုံလေး....
သာမီးပျိုလေးရေ...များများတော့မသနားနဲ့ပေါ့
တချို့က မင်းကြောင့် တုတ်တွေ ဓါးတွေ ဆွဲလိုဆွဲ
ပြဲလိုပြဲ....ဆိုတဲ့သီချင်းလေးကြားဘူးမှာပါနော်...
နောက်တာပါကွာ...
သာမီးပျိုလည်း ဒီတောင်ကို ကျော်သွားနိင်ပြန်ပြီ....။
ငါ့အလှည့်ကို ဘယ်လို ကျော်ရပါ့မလဲ....။

မငုံ said...

အဟမ်း..အဟမ်း.. စက်ရုပ်မလေး..နောက်ရည်စားမထားနဲ့ ချစ်သူပဲထားတော့နော်။

Ƹ̵̡Ӝ̵̨̄Ʒ .-eMiLy-. Ƹ̵̡Ӝ̵̨̄Ʒ said...

မမ ရဲ့ အဲခု Blog က စိတ်ဝင်ဇားဘို့ကောင်းတယ်။
Blog အတိုင်းစဉ်းစားရမယ်ဆိရင်၊ မမက တော်တော် ချောမဲ့ပုံ့ဘဲနော်
ရည်စားဘယ်နယ်ယျောက်ဘဲဖြစ်ဖြစ်ပေါ့ နော်၊
နောက်ဇုံးယူဒဲ့ယျောက်က မမကို အကြင်နာစုံးဖြစ်ပါစေလို့
ဆုတောင်းပေး လိုက် ပါတယ်

အော်၊ မမ စာအရေးသားလေး တွေကဖတ်လို့ကောင်းတယ်
နောက်များ လည်း များများ ရေးပါအုံးနော်

မြန်မာလို သိပ်မရေးတက်တဲ့ သူမို့ မှားပေါင်းဒါရှီရင် ခွင့်လွပ်ပါနော်

ဆန်းဦးဇော် said...

အားပါး တမီးဗျိုဗျာ စွံချက်...။ ဆေးနည်းလေးရှိရင် မျှပါလားနော်။ တူတိစေနဲ့အေ့။ တိရား။ အဟိ။
စာအရေးအသားလေး တကယ်ကောင်းတယ်အေရယ်။ အားကျလိုက်တာ။ ဟင့်...။

ဖိုးဂျယ် said...

ဒါဆို အမက တော်တော် ချောပုံရမယ်
အပြင်ထွက်ရင် မျက်နှာတခုခု ကာပြီး နော် အမး)
ဒူဘိုင်းက နှင်းတွေ အ၇မ်းကျနေတယ်ဆိုပဲ
ကိုလူထွေးမေးသွားတာ ဟုတ်လား :)

ခင်တဲ့ ငပေါဂေဟာက ဖိုးဂျယ်

မလိခ said...

ရေးပုံလေးက ချစ်ဖို့ကောင်းတယ်...in hand က လေးယောက်ဆိုတော့လဲ.... အင်းဘာကျောရမှန်း အတိတော့ဝူး

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။