သမီးပျိုပျောက်သွားခြင်း အကြောင်းကား .......တောထွက်သွားခြင်းမဟုတ်ပါကြောင်းနှင့်အပြင်းထူနေခြင်း လည်းမဟုတ်ပါကြောင်းကြိုတင်အသိပေးအပ်ပါတယ် ။ဟဲဟဲ ။ အင်း... အကြောင်းအရင်းကိုပြောရရင်တော့ မြန်မာနိုင်ငံမှ ပြန်ရောက်ပြီးနောက်တစ်ရက် သမီးပျို နေထိုင်ရာဒူဘိုင်းမြို့မှ ရုတ်တရက်ပျောက်သွားခြင်းနဲ့ပတ် သက်လို့ ဒူဘိုင်းမြို့မှသူငယ်ချင်းတစ်ချို့က ရဲစခန်းတွင်လူပျောက်တိုင်ကြားရန်ပြင်ဆင်နေကြောင်းသိခဲ့ရပါ တယ်။ သမီးပျို၏မိုလ်ဘိုင်းဖုန်းအားခေါ်ကြားမရခြင်းနှင့်တကွ သတင်းတစ်စုံတစ်ရာမရရှိခြင်းတို့ကြောင့် သံသယ ဖြစ်နေကြကြောင်း သိခဲ့ရပါတယ်။

ဖြစ်စဉ်မှာ.....နံနက်စောစော ၆နာရီအချိန်ခန့်တွင်သမီးပျိုတစ်ယောက် ယူနီဖောင်းအပြည့်အစုံနှင့်အတူ အထုတ်အပိုးများဆွဲကိုင်လျှက် တက္ကစီ တစ်စီးအပြေးငှားကာ လေဆိပ်သို့စတန်းဘိုင်ဂျူတီထမ်းဆောင်ရန် သွားခဲ့ရပါကြောင်းနှင့် တစ်စုံတစ်ဦး၏ ဖျားနာမှုကြောင့်အစားထိုးဂျူတီထမ်းဆောင်ရန် လိုက်ပါသွားရခြင်းသာ ဖြစ်ပါကြောင်း ။ သမီးပျိုလိုက်ပါခဲ့ရသော ခရီးစဉ်မှာ ခရီးစဉ်တစ်ခုထဲမဟုတ်ပါပဲ မျောက်အုန်းသီးရသကဲ့သို့ အ ငြိမ်မနေရပါဘဲ ဟိုနိုင်ငံပြေးလိုက် ဒီနိုင်ငံမှာရပ်နားလိုက် နောက်တစ်ရက် ဟိုနိင်ငံကိုသွားလိုက် ညအိပ်လိုက် ဒီ နိုင်ငံကိုပြန်လာလိုက်နဲ့အလုပ်ကိုရှုပ်နေတော့တာပါပဲ။ သွားရတဲ့နိုင်ငံတွေကလည်းပြောချင်ပါဘူး အေးလိုက် တာလွန်ပါရော ။

သမီးပျို မြန်မာနိုင်ငံမှာတုန်းက မိုးတွေဆက်တိုက်ရွာလို့နေမကောင်းတကောင်းနဲ့ပြန်လာ လိုက်တာ ဒူဘိုင်းရောက်တော့ ဂျူတီကို တန်းဂိုးရတော့လည်း အေးလိုက်တာလွန်ပါရော။ နောက်ဆုံးဒူဘိုင်းကိုပြန်လာ မယ့်ဖလိုက်မှာ ပျော်ရွှင်စွာနဲ့ပြန်အလာ...အိုး...ဟိုး.....ပူလိုက်တာလွန်ပါရော ။ပူဆို ဒူဘိုင်းအပူနဲ့ ကင်း ကွာနေရတာ ကြာပြီကိုး....။ ဒါနဲ့ အိမ်တွင်းအောင်းပြီး စာရေးတော့မယ်လို့ကြံစဉ်ပြီး မကြာမှီအချိန်အတွင်းမှာ သမီးပျိုရဲ့ ပေါတောတော စာအချို့ကိုဖန်တီးပေးတဲ့ လက်ပ်တော့လေး ပျက်ဆီးခြင်းသို့ဆိုက်ရောက်သွားပါ တယ်။ သမီးပျိုကလုပ်ချင်တာကိုမလုပ်ရရင်စိတ်က အလိုလိုကလိကလိနဲ့နေတာပဲ။ ဒါနဲ့ ပျက်ရကောင်း လား
ဆိုပြီး သခွားသီးအခွံခွာတဲ့ဓါးနဲ့ လက်ပ်တော့ပ် နောက်ခြမ်းကိုဖွင့်တော့တာပဲ။ သိလို့တော့ဘယ်ဟုတ်မလဲ ။နဲနဲ ကလိကြည့်တာပါ ။ပွင့်သွားတော့လည်း စက်တွေပဲတွေ့တယ် ။ဘာမှလဲမတွေ့ဘူး ။ စဖွင့်ကတည်းက သိလို့ ဖွင့်တာမှမဟုတ်တာ ဟုတ်ဘူးလား ။ စက်တွေတွေ့တော့ ဘာမှမသိတဲ့အတူတူ ဟိုရိုက်ဒီရိုက်နဲ့ ရိုက်နှက်ပြီး ပြန်ပိတ်လိုက်တယ် ။ ကောင်းမလားဆိုပြီး ပါဝါပြန်ဖွင့်ကြည့်လိုက်သေးတယ် ။ ဘယ်ကောင်းလိမ့်မလဲနော် ပြင်မှ မပြင်ထားတာ ။ဒီလောက်တောင်ရှိတဲ့ လက်ပ်တော့ပ်ဆိုပြီင်္း ဘာလုပ်တယ်မှတ်လဲ ကိုင်ပေါက်လိုက်တာ မှတ်ကရော။ ဘာမှတော့ မဖြစ်ပါဘူး ။ဆိုဖာပေါ်ကို ပေါက်လိုက်တာဆိုတော့လေ။ ဟီးဟီး ။ စိတ်ညစ်လို့ငို လည်းငို ရိုက်လည်းရိုက်နဲ့ကြံရာ မရတဲ့အဆုံး ဆိုင်ကိုပဲဒုန်းဆိုင်းပြေးတာတန်းနေတာပဲ ။ သူတို့ကပြောတယ် ၁၅ ရက်ကြာမယ်တဲ့ ။ဘယ်လို လုပ်မလဲ ထားခဲ့ရတော့တာပေါ့ ။သမီးပျို လက်ထဲမှာရှိနေရင် ရိုက်တာနဲ့ တင် ကြေသွားနိုင်တယ် မဟုတ်လား။ ပြန်လာရာလမ်းမှာ လက်ဗလာနဲ့ပေါ့ ။ စာကလည်းရေးချင်သေးတယ် ။ ရေးလို့ကလည်းမရတော့ဘူး ဆိုတော့ ၀မ်နည်းပက်လက်နဲ့ အကြံထုတ်လိုက်တယ်။ ဘယ်ရမလဲ သူများဆီက ငှားမယ်ပေါ့ ဆိုပြီးငှားလိုက်တာ ကိုယ့်ဘလော့ကိုကိုယ်ဖွင့်မရလို့အွန်လိုင်းပေါ်ကဘလောက်ဂါ တွေအကူအညီ
နဲ့ဖွင့်ပြီးသကာလ မြန်မာဖောင့်ကလဲမရှိပြန်ဘူး ဆိုတော့ အစကနေပြန်လုပ်ရပြန်ရော ။ စာမရေးဖြစ်တော့ ဟို လူကအော် ဒီလူကဟောက်နဲ့ အွန်လိုင်းမှာလည်း ရန်တွေ့တဲ့သူတွေကလည်းအများသား ဆိုတော့ အမြန်လုံး နည်းနဲ့ ပန်းကန်လုံးစီးပြီး ရေးလိုက်ပြီနော် ။ အခုတော့အင်ထရိုပေါ့ နောက်မှပဲ ပေါတော့မယ် သပ်လား။

သမီးပျို မရှိတဲ့အချိန်မှာ သမီးပျိုရဲ့အိမ်လေးကို စောင့်ရှောက်ပေးကြတဲ့ ဘော်ဒါဘော်ကြွတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ် ။အရမ်းလည်း ပိုချစ်သွားတယ် ။ ပျော်လည်းပျော်တယ်။ သမီးပျိုကို ခင်ကြသားပဲဆိုပြီးတော့ ၀မ်းသာပီတိ ဂွမ်းဆီတီး ဟီးဟီး ။ နောက်နေ့မှပဲ ပေါတောတောတွေရေးတော့မယ်နော် ။ အိမ်တွေမလည်ဖြစ် တာလဲ ကြာပြီဆိုတော့ အားနာလိုက်တာ ။လာမည်ကြာမည်.....နော်။ စိတ်တော့မရှိကြေးနော် ဟုတ်ပြီလား။ အားလုံးကို ခင်တယ်။ အရှိန်လေး ယူပြီးလာပြီ နော်.......

“သမီးပျို ခရီးသွားနေသည်“ ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး။ လွင်မိုးကိုအားကျလို့ပါ။ သူကချင်းပြည်နယ် တစ်လျှောက် သွားတာမလား။ ပြီးတော့ ဘာကြောင့်ဒီရွာကို ဒီလိုခေါ်ခဲ့ကြတာလဲ ။ ရိုးရာဓလေ့တွေက ဘယ်လိုတွေ လဲ။ ဘာကြောင့်ဒီလိုတွေ လုပ်ခဲ့ကြတာလဲ စသဖြင့် ဘာညာဘာညာမှတ်တမ်းတင်မေးမြန်းခန်းတွေပေါ့လေ။ သမီး ပျို ကတော့သူ့လိုဘယ်လုပ်လိမ့်မလဲနော် တော်ကြာအတုခိုးတယ်ဖြစ်နေဦးမယ် ။ဟုတ်ဘူးလား ။သူနဲ့မတူ တမူထူး အောင်လုပ်မယ်လို့စိတ်ကူးတယ်။ သမီးပျိုလဲ မြန်မာပြည်ပဲခရီးသွားမယ်လို့စဉ်းစားထားတယ်ပေါ့။ခရီးစဉ်ဖြစ် မြောက်ရေးအတွက် ကူညီပံ့ပိုးသူတွေကတော့ သမီးပျိုနဲ့ကိုယ်ကိုတိုင်ပေါ့နော်။ ဟီး သွားမှာက တစ်ယောက်ထဲဆို တော့လေ။ လုပ်ရမယ့်အလုပ်တွေကများတော့ ခွင့်ရက်က ၄၀ လောက်ယူရတယ်ဗျို့။ ကုန်ကျစရိတ်ကလည်း မ သေးဘူးမလား။ အီဖေကိုတို့ဆီကို ဒါရိုက်သွားတဲ့လေယာဉ်ကအတော်ရှားကိုး။ ရှားဆိုရှိကို မရှိတာလေ။ ဒါကြောင့် နှစ်ဆင့် စီးရတယ်။ လက်မှတ်လေးစောင်ဝယ်ရတယ်ပေါ့။ အသွားအပြန်ဆိုတော့လေ။ ကိုယ့်ခရီးစဉ် အတွက်ဆိုတော့ ကုန်ပစေ ကုန်ကုန် ရတယ်။ ခုတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရလို့ မအားပါဘူး။ သွားမှာက မနက်ဖြန်ဆိုတော့ အ၀တ်အစားများထုတ်ပိုးခြင်းနဲ့ လက်ဆောင်ပစ္စည်းများဝယ်ယူခြင်း တွေလေ။ အဲ အထူးအစီအစဉ် တရပ်အနေနဲ့ကတော့ စာရင်းဇယားပြုစုခြင်းပေါ့ ။ပွင့်ပွင့်လင်းလင်းပြောရရင် အမည်နာ မ အတိအကျနဲ့တကွ နေရပ်လိပ်စာ ဖုန်းနံပါတ်တို့စုဆောင်းခြင်းတွေပါ။ တခြားလူတွေဘယ်ဟုတ်လိမ့်မလဲနော် ရန်ကုန်ဘလောက်ဂါတွေပဲ သီးသန့်။ တွေ့ရင်မုန့်ဝယ်ကြွေးခိုင်းမလို့လေ ။မကြံမပိုင်ဘူးလား ။ ကံဆိုးသူမောင်ရှင်တွေ ပြေးနိုင်ရင် တော့လွတ်မယ် မပြေးနိုင်ရင်တော့ ကြွေးပေတော့ပဲ။ ဟေးဟေး ။
ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ စိုးရိမ်ခြင်း၊ စိတ်ပူခြင်း နဲ့စပ်စုခြင်း ပါ။ ဒီလို “စ“သုံးလုံးဆာ ဗေးလေးရဲ့ အဓိက တားကက် ကရန်ကုန်ပေါ့ ။ အကြောင်းအရာတွေကတော့
၁။ ။ဘယ်နားကအသုတ်သည်ဘယ်နားရောက်လို့ဘယ်ပျောက်သွားပြီလဲ..........
၂။ ။ဘယာကြော်ရောင်းတဲ့ကလားလေး ဘယ်သူနဲ့ညားလို့ကလေးဘယ်နှစ်ယောက်ရနေပြီလဲ..........
၃။ ။ဟိုနားကမုန့်ဟင်းခါးသည်လေး မုန့်ဖတ်အကြံတွေနဲ့ရောရောင်းတုန်းပဲလား.........
၎။ ။ဒီနှစ်အပူဒဏ်ကြောင့် ယပ်တောင်သည်တွေ အလုပ်ဖြစ်နေကြပြီလား..........
၅။ ။အပေါ်ပူအောက်ပူနေဆူဆူမြေပူပူမှာအိုးတိုက်ဖွဲပြာရောင်းတဲ့ကလားမလေး ဖိနပ်မှပါရဲ့လား.........
၆။ ။ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ဗေထုတ်သည်တွေ အလုပ်မှဖြစ်ရဲ့လား...........
၇။ ။တက်ခ်စီ ခတွေဈေးတက်နေလို့ရန်ကုန်ပြည်သူပြည်သားတွေ ကုန်းကြောင်းတစ်လှည့်ခြေကျင်တစ်လှည့် နဲ့ခရီးဆက်နေရပြီလား............... စသဖြင့် လားပေါင်းများစွာကို အဖြေရှာထွက်မှာပါ ။စိတ်ဝင်စားရင် လိုက်ခဲ့ လို့ရတယ်နော် ။ဒီအစီအစဉ်ဖြစ်မြောက်ရေးအတွက် သမီးပျိုသိပ်ချစ်ရတဲ့ ဘလော့လေးကိုခွဲသွားရမှာမို့ တွေးမိတိုင်း ကြေကွဲလို့ သောကမျက်ရည်ဗူးသီးလုံးလောက် ကျရတာလဲအခါခါပါပဲ ။ စဉ်းစားမိတိုင်းခံစားရလွန်း လို့ ညညဆိုအိပ်လို့မပျော်တာ ခေါင်းချရင်တုံးကနဲပါပဲ ။မေ့ထားပါမယ် ဆိုတာကိုက ပိုပြီးသတိရစေတာမို့ အချိန်တိုင်းဖြေမဆည်နိုင်လို့ ထမင်းစားရင်တောင် စားလို့မ၀င်တာ ဆန္ဒန်ဆင်မင်းကိုခုတ်တဲ့ကြောင်စာ လောက်ပဲစားနိုင်ပါတော့တယ်ကွယ် ။ခံစားရပါလားနော် ။ရန်ကုန်ရောက်ခဲ့ရင်လည်းဖြစ်သလို ဒုတ်ထိုးလေးစား ပြီးကြေးအိုးလေးပဲသောက်နေပါတော့မယ်။ အဟတ်ဟတ် ။ ရှဲဒိုး စကားနဲ့ပြောရင်တော့ အလကားပြောတာပါ တကယ်ပြောတာပါပေါ့နော် ။ဘာဖြစ်လို့လဲဆိုတော့ ဘယ်သိမလဲပေါ့ ။
ဘလော့ဂါမောင်နှမတွေကို ချစ်လို့နောက်တာပါကွယ် ။စိတ်တော်မဆိုးလိုက်ကြပါနဲ့။အမှန်က မပြန် တာ၂နှစ်ရှိပြီဆိုတော့ မြန်မာပြည်ကို လွမ်းလို့ပြန်မှာပါ။ပြီးတော့ မုန့်စားပြန်မှာ။ အကြံကလဲကြီးပါ့နော် ။အင်း ခုတော့ သမီးပျို တကယ် အကြပ်ရိုက်နေပါတယ်။ လက်ဆော့ပြီး ၀ယ်ထားတဲ့ လက်တော့ပ် လေးတစ်လုံးကို အပြင်းပြေ ကလိဖို့သယ်သွားရကောင်းနိုး ထားခဲ့ရကောင်းနိုးနဲ့ဆုံးဖြစ်မရဖြစ်နေပါတယ် ။ခေါင်းပန်းလှန်ရင်းဆုံး ဖြတ်မယ်လို့ စိတ်ကူးမိပြန်တော့လည်း ဟိုမေသဉ္ဖာဦး ကားထဲကလို လှန်တော်မူလိုက်တာ ထောင်တော်မူနေလို့ ဆိုသလို ဖြစ်နေမှာ စိုးရတယ်မလား.....ဆိုတော့လေ လှန်တော်မမူရဲဘူး တော်ကြာ လှန်တော်မူလိုက်လို့ ထောင် တော်မူတာ မြင်နေရရင်ဆုံးဖြတ်မရဖြစ်မှာစိုးလို့ပါ။ အဟီး ။
သမီးပျိုလေ လမ်းခွဲစကားတွေမပြောချင်ပါဘူး။ ဘယ်ရည်းစားကိုမှလမ်းမခွဲတာသာကြည့်တော့။ အသဲကမခိုင်ယိုင်တိုင်တိုင်နဲ့မို့ ခရီးသွားရတာစိတ်တောင်မကောင်းပါဘူး တကယ်ပါ။ သမီးပျိုဆီကို အရင်ကလို ပဲလည်ပါ ပတ်ပါ နှုတ်ဆက်ကြပါနော် ။အားခဲ့ရင်ပေါ့ ။သမီးပျိုရဲ့ ကိုယ်ပွားလေးကို ထားခဲ့မယ်နော်။ ရက်၄၀လုံးရှိ နေမယ့် သမီးပျိုရဲ့ကိုယ်ပွားလေးကို မုန့်တွေမကြွေးရင်နေပါ ။ရေလေးတော့ လာလာတိုက်ပါနော်။ နေခဲ့တော့ သမီးပျိုလေးရေ မင်းအကို မောင်နှမတွေက မင်းကို စောင့်ရှောက်ကြလိမ့်မယ်ကွဲ့။တို့များကတော့ ဆာဗေးဆင်း လိုက်ဦးမယ်။ ရန်ကုန်က ကော်နက်ရှင်က မကောင်းတော့ ကပ်လို့မရတာနဲ့တင် မင်းနဲ့လဲတွေ့ရမယ် မထင်ပါ ဘူး။ ကွန်ပျူတာပိုင်းမှာ ဟက်ကာတွေထက်ဆရာကျတော့ ကျော်တာခွတာတွေလည်း မတတ်ဘူးကွဲ့။ သိတဲ့အ တိုင်းပဲ။ ဒီတော့ကာ ပျော့ပျော့ပြောင်းပြောင်း မုန့်စိမ်းပေါင်း စားပြီးနေခဲ့တော့နော်။
အားလုံးကို ချစ်တယ်။ အာဘွားကို များများလေးပေးလို့ရအောင် ....အက်ကိုး သံလေးလဲပါအောင် လှိုဏ် ခေါင်းထဲ ပြေးဝင်ပြီး အာဘွားခဲ့မယ်နော် ။အားဘွား...ဘွား...ဘွား.....)))))))))))))))))))))

သမီးပျိုကခရီးတွေကြီး သွားသွားနေရတယ် ဟပ်လား....။ ထုံးစံအတိုင်း ဒီတစ်ခါလဲ နယူးယောက် ကိုခရီးထောက်ရတယ်ဗျို့ ။ဟိုတယ်မှာ အင်တာနက်က ဖရီးဆိုတော့ လက်တော့ပ်လေး သယ်သွား ပြီး ဟိုအိမ် လည်ဒီအိမ်လည်ပေါ့ ။ ဒီတစ်ခါလည်း အိမ်လည်မယ်စိတ်ကူးတယ် ။ လက်တော့ပ်လေးကိုထုတ် ကိုယ့်ဘလော့လေး ကို အသာဖွင့်လိုက်တော့ ။ အလို...အညိုတစ်ယောက် တက်ခ်ထားပါရောလား ။အမယ် မသေချာမှာစိုးတော့ ဆီဘောက်မှာတောင် လာအော်သွားသေး “သမီးပျိုရေ တက်ခ်ထားတယ်နော်“ တဲ့လေ။ ရက်စက်ပါပေ့ အညိုရယ် ။ ခုမှခရီးက အရောက်ဟိုတယ်ကိုခြေချရုံပဲ ရှိပါသေးတယ် ဟယ် ။ တော်တော်အချစ်ပေါ့တာကိုး.........။ အင်း ကိုယ့်ကို ချစ်လို့ တက်ခ်တော့လည်း ရေးပေးရမှာပေါ့။ ဟုတ်ဘူးလား ။ ဘာတဲ့ သမီးပျို ဖြစ်ပုံလာပုံအကြောင်း ဟုတ်လား ။ အင်း ..ပြောမယ် ပြောမယ်။ သို့ပေမယ့် အထွေအထူးတော့ ရှိဘူးရယ် ။
ဖြစ်စဉ်ကဒီလိုဟေ့ ။သမီးပျိုက ခရီးတစ်ခေါက်ကပြန်လာရင် နားရက်က အနည်းဆုံးသုံးရက်ရ တယ် ။ အေးဆေးနားပေါ့ဟယ် ။ အဲလို ဆိုတော့ နားတာပေါ့ ဘယ်ရမလဲ ။စားလိုက် အိပ်လိုက် အင်တာနက်လေး ပေါ်တက်လိုက် မူဗွီလေးတွေ ကြည့်လိုက်နဲ့ အဆင်ကိုပြေလို့ ။ခုဝလာတာက သက်သေလေ ။ အဲဂလို နားတာ။ အဲလို ဆိုတော့ ဂျီတော့မှာ တော်ကီပွားလိုက် ယူကျူ့မှာ မြန်မာကားလေးတွေ ကြည့်လိုက် သီချင်းတွေ ဒေါင်း လိုက်နဲ့ကို တစ်ယောက်ထဲ မအားဘူးပေါ့ ။ ဟင်းတောင် ကောင်းကောင်းမချက်ဖြစ်ပါဘူး ဟယ်။ အွန်လိုင်းမှာ အလုပ်ရှုပ်ရတာနဲ့တင်အချိန်ကုန်တယ်။ ဖြစ်သလို စားပေါ့။ ဟဲဟဲ ။ အဲလိုနဲ့ ကြာတော့ ပျင်းလာတယ် ။မြန်မာစာ တွေ ဖတ်ချင်တာ ဘယ်ကဘယ်လို ဖတ်လို့ ဘယ်ကိုသွားပြီးဒေါင်းရမလဲ ဆိုတာလဲမသိတော့ ညစ်တာပေါ့။ ဒါနဲ့ တစ်နေ့တော့ သူငယ်ချင်းနဲ့စကားပြောဖြစ်တယ် ။သိကြတယ် ဟုတ် နှင်းနဲ့မာယာပေါ့ ။သူငယ်ချင်း အရင်း ခေါက်ခေါက် ခေါင်းပါခေါက်ချင်တယ် ။တကယ် ။ သူစာရေးနေတာ ပြောတာမှတ်လို့လား ။ဖွတ်ထားတယ် သိလား ။ ဟယ်ငါလဲ ရေးမှာပေါ့ ။ နင်က ငါ့ကိုဘာ့လို့မပြောတုန်းဘာညာနဲ့ ရစ်တာပေါ့။ လူက ရွနေတာကိုး...။
ရွပုံကိုပြောမယ် သပ်လား။ ဒီကို မလာခင် စပီကင် တက်ခဲ့တယ်လေ။ တစ်နှစ်ပေါ့ ဆရာကတော့ပွဲ လုပ်ခါနီး ဒီနှစ်က ၁၀ နှစ်ပြည့်ဆရာကန်တော့ပွဲ အမှတ်တရဖြစ်လို့ စာစောင်ထုတ်မယ်တဲ့။ အဲဒီတော့ စာရေးဆ ရာတွေကတော့ ကျောင်းသူကျောင်းသားတွေပဲပေါ့။ တစ်ယောက်မကျန် မရေးမနေရစနစ် ကျင့်သုံးတယ် ။ အဲဒီ ထဲကရွေးမယ်တဲ့ ။ ဆိုတော့ ရေးရတော့မယ် လေ။ စဉ်စားကြည့်တော့ စာကလဲ မရေးတတ်ဘူးမလား ။အဲဒီတော့ ကဗျာလေးစမ်းရေးကြည့်ရကောင်းမယ် ဆိုပြီး ကြိုးကြိုးစားစားနဲ့ရေးလိုက်တာ နောက်ဆုံး သမီးပျိုရေးတဲ့ ကဗျာလေး စာမျက်နှာပေါ်ရောက်သွားတယ် သိလား။ အမလေး သိတောင်မသိပါဘူး စာစောင်ထွက်မှ သူများတွေ တွေ့လို့ပြတော့မှ သိရတာ ပျော်လိုက်တဲ့ဖြစ်ခြင်း ပြောပြောချင်ပါဘူး ။ အဲဒီကတည်းက မြောက်နေ တာလေ။ မရေးတတ်ပဲ ရေးတာကို အရွေးခံရတယ်ဆိုတော့ မပျော်သင့်ပေဘူးလား။ အမှန်က ကဗျာက သိပ် ကောင်းလှတယ်လဲ ဟုတ်ပါဘူး ဟယ် ။ အနူတောထဲလူချောဖြစ်သွားတာ ဟဲဟဲ။ ဘာပဲဖြစ်ဖြစ် ၀န်ခံရရင် ပျော်တယ်။ အဲဒီကတည်းက စာရေးချင်စိတ်တွေ ဖြစ်လာတယ်ပေါ့ ။ ရေးတော့ ဘယ်ရေးတတ်ပါ့မလဲ ။ တတ် ရောင်ကားလေ ။ အဲဒီလိုနဲ့ ရေငတ်တုန်း ရေတွင်းထဲကျတယ် ပြောရမယ်။ သူငယ်ချင်းက ဘလော့ ရေးနေတာ သုံးလရှိပြီလေ။ အဲဒါမပြောဘူး လျှို့ဝှက်ချက် မေးတော့ ရှက်တယ်ဆိုလား ပြန်ဖြေတယ်။ မှတ်မိတော့ပါဘူးဟယ်။
နှင်းကပြောတယ် ။နင်ရေးချင်ရင် ငါအသစ်ဖွင့်ပေးမယ် ငါ့ဆီလာခဲ့တဲ့။ သွားတာပေါ့ ဘယ်ရ မလဲ။ အဲ....အဲဒီနေ့ကဘာမှလဲစားရတေးဘူး ။ဗိုက်ကတော့ဆာတယ် ။ စားတော့ပါဘူးလေ သူငယ်ချင်းနှင်းက သဘောကောင်းတာပဲ “နင်ချက်ထားလိုက်ငါလာခဲ့မယ် “လို့ဖုန်းဆက်တော့ “ငါတောင်ဂက်စ်မရှိလို့မချက်တာ ကြာပေါ့“ လို့ဆိုတော့ကာ အင်းထူးပါဘူး “ငါဝယ်ကြွေးမယ် ငါတို့အပြင်မှာစားကြတာပေါ့“ လို့ဖုန်းဆက်ပြော လိုက်တော့ အေးဆိုပြီး ဖုန်းချသွားတယ်။ ချိန်းထားတဲ့နေရာက “အယ်လ်ဂူရေး မောလ်“ ပါ။ သမီးပျိုက တက်ကြွ နေတော့ ချိန်းရာနေရာ အပြေးလေးသွားတာပေါ့။ မိုးကလဲ သည်းတယ် အဲဒီနေ့က။ မိုးသည်းတာ ဂရုမစိုက်အား ပါဘူး ။ဘလော့လေး လိုချင်တာကိုး......။ သမီးပျိုရောက်တော့ သူကရောက်သေးဘူးရယ်။ စောင့်ရတာပေါ့ ။ ဘယ်ပြောရဲပါ့မလဲ သူကလုပ်ပေးမယ့်သူကိုး ။ စောင့်နေတဲ့နေရာက ရုပ်ရှင် ပိုစတာတွေ ကြော်ငြာထားတဲ့ အ၀င် ပေါက်နားမှာပါ ။ဘေးမှာက ကော်ဖီဆိုင်တွေ စားသောက်ဆိုင်တွေ ရှိတယ်။ စောင့်တယ်......စောင့်တယ်။ မလာ ဘူးဟေ့ ဆရာသမားက ။ဖုန်းဆက်ခေါ်တော့ ငါလာနေပြီ...နောက်တစ်ခါခေါ်တော့လည်း ငါလာနေပြီ........ဆို တာကြီးပဲ။ ရက်စက်ပုံပြောပါတယ် ။ သူ့အိမ်နဲ့က သုံးလေးမိနစ်လောက် လမ်းလျှောက်ရင် ရောက်တာကို သူက ညာတာပေါ့။ ဘေးဆိုင်က ၀န်ထမ်းတွေက ကွက်ကြည့် ကွက်ကြည့်ပေါ့ ။ သူတို့ကထင်မှာပေါ့ ဒီကောင်မလေး ဘယ်ကောင်လေးကို စောင့်နေသလဲပေါ့ ။စိတ်ဝင်တစား ခဏခဏကြည့်ကြတယ် ။ရပ်နေတာ ကြာပြီကိုး....။ နောက်တစ်ခါခေါ်ပြီးတော့မှ ရောက်ချလာတယ် ထီးကလေးနဲ့ မိုးကရွာနေတယ်လေ။ ကျေးဇူးရှင်လာတော့ လာ လာဆိုပြီး စားစရာတွေရှိတဲ့ ဖုကော့ဒ် ကိုပြေးကြတာပေါ့။ တရုတ်ဆိုင်မှာ စားဖြစ်ကြတယ်။ စားလို့အပြီး စကား နဲနဲပြောပြီး သွားကြရအောင်ဟယ် ဆိုပြီး ပြန်ကြတယ် သူ့အိမ်ကိုပေါ့ ။အိမ်ပြန်တာ အကောင်းပြန်တာ မှတ်လို့လား ။ မိုးတွေ ဒီလောက်ရွာနေတာကို ရေခဲမုန့်စားချင်တယ် ပူဆာလို့ဝယ်ကြွေးခဲ့ရသေးတယ်။ ရစ်ပုံ ရစ်ပုံ ။ ပေါက်ပေါက်ရှာရှာ မိုးရွာထဲရေခဲမုန့် ပူဆာတာ။ အဲဒါနဲ့ ငြင်းရဲပါဘူး ၀ယ်ကြွေးရတာပေါ့ ။
အိမ်ရောက်တော့ ဘလော့တစ်ခု ဖွင့်ကြတယ်။ ပြောပြပါသေးတယ် ။ဘယ်လိုရေး ဘယ်လိုတင် ဘယ်လိုသုံးပေါ့လေ ။ အဲ..ဘလော့ နာမည်ပြောဆိုတော့ စဉ်းစားရတာပေါ့ ။ဟိုနာမည်လေး ဆိုလည်း မကောင်း ဘူး ဒီနာမည်လေးဆိုလည်း သူများတွေ ယူပြီးသားကြီး ဆိုတော့ ခေါင်းတောင်ခြောက်သွားတယ်။ ကဲလုပ်ပါဦးဆို ပြီး သူ့ကိုအကူအညီတောင်းရတယ်ပေါ့ ။သူလဲစဉ်းစား ကိုယ်လဲစဉ်းစားပေါ့ ။ ဘာမပြော ညာမပြောနဲ့ ကောက် ခါငင်ခါ အကောင့်တစ်ခုဖွင့်ပလိုက်တာက ကောင်းကင်ပေါ်မှာ ပဲ အလုပ်လုပ်နေရတဲ့ကောင်မလေးမို့ ကောင်း ကင်ရဲ့သမီးပျို ပါတဲ့။ နာမည်လေးကိုမြင်လိုက်ရတော့ ချစ်လိုက်ရတာ ခုထိပါပဲ ။ သူ့ကိုတော့ ဘယ်ပြောမလဲ တော်ကြာ မိုးရွာထဲ ရေခဲမုန့်စားချင်တယ်လုပ်မှာစိုးရတယ် ဟဲဟဲ။ ရစ်ခံထိမှာစိုးတာပါ။ နှင်းရဲ့ကောင်းမှုနဲ့ ဒီနာ မည်လေးရလာခဲ့တာပါ ။ တကယ်ကျေှးဇူးတင်တာပါ ။ နာမည်လေးကို ချစ်လွန်းလို့။
ကောင်းကင်ရဲ့သမီးပျို ဖြစ်ပေါ်လာပုံလေးးက သိပ်တော့ စိတ်ဝင်စားစရာ မကောင်းလှပါဘူး။ ဘလော့ဖွင့်ပြီးတော့လည်း မရေးးဖြစ်သေးပါဘူး ။ မြန်မာလို မရိုက်တတ်တာရယ် ဇော်ဂျီဖောင့်အင်စတောမလုပ် ရသေးတာရယ်နဲ့ မတ်ခ်ျ လကုန်ကဖွင့်ထားတဲ့အကောင့် အေပရယ်ရောက်မှစရေးဖြစ်ခဲ့တာပါ ။ ပထမဆုံး ပို့စ် တင်တုန်းကလဲ ကဗျာတိုတိုလေးကို တစ်နာရီနီးပါးကြာခဲ့ပါတယ် ။ တစ်လုံးချင်းကြည့်ပြီး ရေးရတာဆိုတော့ မျက်လုံးတွေလဲနာ ခေါင်းတွေလဲ ချာချာလည်နဲ့ အမှတ်တရတွေပေါ့ ။ ဒီလိုနဲ့သမီးပျိုလေးရှင်သန်လာတာ ခုဆိုနှစ်လပြည့်တော့မယ်သိလား ။ ဘလော့က ညီအကိုမောင်နှမတွေရဲ့ ခင်မင်မှုတွေ မန့်ခဲ့ကြတာတွေ ဆီပုံးမှာ လာအော် ခဲ့တာတွေကြောင့် ပျော်ရွှင်ရ ကြည့်နူးရ ရင်ခုန်ခဲ့ရတဲ့နေ့တွေကိုပိုင်ဆိုင်ခွင့်ရခဲ့လို့ နှင်းကိုကျေးဇူး အရမ်းတင်သလို ဘလော့ကာမောင်နှမတွေကိုလည်းကျေးဇူးအရမ်းတင်နေခဲ့တာပါ ။ဒီနေ့ မှပြောခွင့်ရခဲ့တယ် လာတက်ခ် ခဲ့တဲ့ အညို့ကိုလည်းကျေးဇူးအထူးတင်တယ်ဟယ် နော်။
မိုးရွာထဲမှာရေခဲမုန့်စားဖို့ ဘာကြောင့်ပူစာခဲ့တာလဲ သိချင်ရင်တော့ နှင်းနဲ့မာယာကိုပဲ ဒါရိုက် သွားမေးကြနော်။ သမီးပျိုတော့ တကယ်မသိဘူး။ မေးသမျှတွေ ဒိုင်ခံဖြေရှင်းလိုက်တော့နှင်းရေ ငါတော့ အချွန် နဲ့ မ လိုက်ပြီ ။ နောက်မရစ်နဲ့နော် ။ ဟီးဟီး ။အညိုရေ အကြွေးကြေပြီနော် ။ ဒီပို့စ်ကို အစအဆုံး နှစ်ခါပြန်ရေး ရတာ နင်အသိနော်။ ကျေနပ်တော့ ဟုတ်လား။

အင်း ခွက်တော့ခွက်နေပါပြီ ။မပြောပြန်ရင်လည်း အချင်းချင်းမလေးစားရာကျမယ။် အဲ...ပြောလိုက်ပြန်ရင်လည်း အားလုံးပေါ်ကုန်တော့မှာပဲ။ အတော်ရက်စက်တဲ့ခေါင်းစဉ် “ထားခဲ့ဖူးသော ရည်းစားများ“ တဲ့ အဟိ ။မေးသူရှိတော့ လည်း ဖြေရတော့မှာပေါ့လေ ။ ပြေးစရာမြေက မရှိပြီကိုး.......။ ကဲ...စပြီဟေ့ ။ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ပဲ ဆိုပါတော့ ။အကျိုးဆက်ကလား....စိတ်ကောက်ရင်ကောက်..မကောက်ရင်...ရန်ဖြစ်...နဖူးကွဲ..ဒူးပြဲ ဒီလောက်ပါပဲ။
ရည်းစားလား...မရှိပါဘူး ။လုံးဝဆိုမှ လုံးဝပဲ ။ငယ်ငယ်ကပြောတာပါ အဟီး။ မရှိဆို လစ်မှမလစ်ပဲကိုး။ ငယ်ငယ်တုန်းကပေါ့ ကျောင်းတက်တုန်းကလေ သူများတွေနဲ့မတူချက်ပေါ့။ ကျောင်းကအိမ်ရှေ့ တည့်တည့်မှာ အမလေး လှုပ်လို့တောင်မရပေါင် ။သူများတွေကမူလတန်းကို သူတို့ရွာတွေမှာ တက်ကြတယ်။ အလယ်တန်း အထက်တန်း ရောက်ကာမှ သမီးပျိုတို့ရှိတဲ့အရပ်က အထက်တန်းကျောင်းကို ပြောင်းတက်ကြရတယ် ပေါ့လေ။ သမီးပျိုတို့ကတော့ ဟုတ်ပေါင် ကျောင်းစတက်ပြီ ဆိုကတည်းက အိမ်ရှေ့ကကျောင်း ကိုးတန်းအထိပဲဆိုပါတော့ ။ ကျောင်းကအိမ်ရှေ့တည့်တည့်မှာဆိုတော့ ကျောင်းပြေးချင်ရင်တောင် ရှောင်နိုင်မှလွတ်တာ ။ စာသင်ခန်းထဲက လှမ်းကြည့်ရင် အိမ်ကလူတွေ ဘာလုပ်နေကြလဲ မြင်ရသလို အိမ်ကလှမ်းကြည့်ရင်လည်း ကျောင်းသာဘယ်နှစ်ယောက်ရှိလဲ ရေလို့ရတယ် ။ အဲလောက်နီးပါတယ် ။အလယ်မှာ လမ်းတစ်လမ်းပဲခြားတယ် ။အဲဒီတော့ကာ မခက်လား ။သူများတွေများ ကျောင်းဆင်းပြီဆိုတာနဲ့ စက်ဘီးလေးတွေကိုယ်စီ စီးလို့ရွာပြန်လမ်းတစ်လျှောက် အိမ်ပြန်ဖော်တွေနဲ့ စလိုက် နောက်လိုက် ပျော်ပါးလိုက်နဲ့ နောက်ဆုံးတော့ ခင်ဟယ် မင်ဟယ် အကြင်နာပိုတယ်ဖြစ်ကုန်ကြတယ်လေ ။ သမီးပျိုကလား ကျောင်းခြံဝန်းထဲကထွက် လမ်းမကူးပြီး အိမ်ခြံဝန်းထဲကိုဝင် ဆိုတော့မခက်ပေဘူးလား ။ ဈေးနဲကလဲ ခြေလှမ်း၁၀၀ လောက်လှမ်းရင်ရောက်နေတော့ကာ ဘယ်ကောင်လေးမှလိုက်လို့မရဘူးလေ ။ အိမ်မှာဆိုမိသားစုတွေနဲ့ အဲ ဈေးသွားလို့လိုက်မယ်မကြံနဲ့ ။ဈေးမှာ အမေရှိတယ် အန်တီတွေရှိတယ်မလွယ်လှဘူးလေ။ အဲနောက်တစ်ခုက လမ်းသွားရင်ဘယ်ဘက်မှ မကြည့်တတ်တဲ့အကျင့် ။ဘေးလဲမကြည့်ဘူး။ နောက်ပြန်လဲမကြည့်ဘူး ။ ဘေးကဖြတ်သွားလို့ ပြုံးပြမယ်မကြံနဲ့ မိတ်ဆွေ ။ မမြင်ဘူးသာမှတ် ။အဲရှေ့တည့် တည့်က လာရင်တော့မြင်တယ်။မကြည့်ဆို ရှက်တတ်တာက တစ်ကြောင်း လမ်းတစ်လျှောက် လက်ဖက်ရည် ဆိုင်တွေပေါလွန်းလို့ ပါ။ တော်ကြာ သူတို့လှည့်ကြည့်တယ်ထင်ရင် မခက်ပေဘူးလား။ ရန်ကုန်လိုဟုတ်ဘူးလေ နယ်က လက်ဖက်ရည်ဆိုင်ဆိုတာက ယောင်္ကင်္ျားလေးတွေပဲ အထိုင်များတာကလား။ အဲတစ်ချို့က ဘာပြောတုန်း ဆိုတော့ သမီးပျို ဈေးလာရင်“ ကြည့်ကြည့် စက်ရုပ် သံပါတ်ပေးလွှတ်လိုက်တာတဲ့ “ ။ခေါင်းကလည်း ရှေ့ဘက် လားရာကိုပဲဦးတည်သလို မျက်လုံးကလဲ ရှေ့တည့်တည့်ပဲ မရဘူး။ လမ်းပျောက်သွားတော့မယ့်အလား လမ်းကိုပဲ မလွတ်တမ်းကြည့်တာလေ။ အဲဂလို အဲဂလို မလစ်တာရယ် မစွံတာရယ်ပေါင်းပြီး ရားဇီးမရှိဘူးဆိုပါတော့ ။
ကိုးတန်းအောင်တော့ဆယ်တန်းပေါ့လေ ။အဲ ဆယ်တန်းရောက်တော့ ကျမှာစိုးတော့ ရန်ကုန်ပြောင်း တက်တယ်။ဆယ်တန်းဆိုတော့ သိတဲ့အတိုင်းပဲ စာနဲ့ပဲ နပန်းလုံးနေရတာ မဟုတ်လား ။တစ်ခါတစ်ခါ နေ့လယ် စာပါငတ်တယ် ကျောင်းကအဆင်း ၀ိုင်းကို တန်းဂိုးရတာကိုး ။လမ်းမှာပေါင်မုန့်လေးဝယ်စားပြီး အသက်ဆက် ရတာ။ ပင်ပန်းပါ့ ။ အဲဂလို အိမ်ရယ် ကျောင်းရယ် ၀ိုင်းရယ် သုံးပွင့်ဆိုင် ချာလပတ်ရမ်းအောင်ပြေးရင်း စာတွေပဲ ကျက်ခဲ့ရလို့ ၁၀ တန်းမှာလဲ ရားဇီးမရှိဘူး ။ ဟီးဟီး ။
အဲ ပြီးတော့ တက္ကသိုလ် တက်တယ် ။ ကြားကောင်းအောင်ပြောတာပါ ။အမှန်က အဝေးသင်တက်တာ။ အဝေးသင်ဆိုတော့ သိကြတဲ့အတိုင်းတစ်လပေါ့ ။ အဲဒီတစ်လလည်း နေပူလို့ ဓါတ်ပုံရိုက် ပြီးအိမ်ပြန်တဲ့ရက်ကများတယ် ။ကျော်ကြီးဆီတော့ ဂိုးတယ် ပုံမှန်။ နေတာက မြောက်ဥက္ကလာ ကျူရှင်ယူတာ နီးနီးယူတယ်မှတ်လို့လား ။အိမ်နဲ့ကျောင်းအမြဲနီးခဲ့တာ ဒီတစ်ခါတော့ လာထားဆိုပြီး ဗိုလ်အောင်ကျော်လမ်းက ကျော်ကြီးဆီမှာ သုံးနှစ်လုံးတက်တာပေါ့။ အဲ...အဲဒီမှာ စ တယ်ဗျို့ ။ကိုယ်တော်ချောတစ်ယောက်လေ ပထမနှစ် ထဲကစလိုက်တာ နောက်ဆုံးနှစ်ကို ရောက်ရောပဲ။ အတော်ဇွဲကောင်းတဲ့လူ ။ ဘယ်ဘ၀ကရေစက်လည်းမသိပါ ဘူး ။ကြည့်လို့ကိုမရတာ ။မုန်းတာမဟုတ်ဘူးနော် ကြည့်လို့မရတာ။ ဘာလို့လဲတော့ မမေးနဲ့ သူ့ဟာသူအော် တို ကြည့်မရတာ ။ချစ်ဖို့တော့ဝေး ။ ဘယ်လိုမှလဲပြောလို့ မရဘူး အဲ့ဒီတစ်ယောက်က ။ အိမ်ကထွက်တဲ့ အချိန်ကို စောင့်တယ် ။ အိမ်ကထွက်တာနဲ့ သူကနောက်ကလိုက်တာ ။ သူများစီးတဲ့ ဘတ်စ်ကိုမရ ရအောင်လိုက်စီးတယ် ။ပြီးတော့ဘေးနားက ပွားတာပေါ့ ။ တစ်နေ့မဟုတ် တစ်လမဟုတ် သုံးနှစ်လုံး ဆိုတော့ ညစ်တာပေါ့နော် ။ ကိုယ်ကကြိုက်တဲ့လူ ဆိုရင်တော့ရင်ခုန်စရာပေါ့ ။ခုတော့ မနက်မိုးလင်းတိုင်း စိတ်ရှုပ်ရတယ်။ ကားတစ်စီးထဲ အတူမပါလာလို့မပျော်လိုက်နဲ့ သူက ဆူးလေမှာကြိုစောင့်နေနှင့်ပြီ ။ ဟူး.....သေချင်တာပါပဲ။ တကယ်ပါ။ အမြဲကိုရှိနေတာ ။ကြာလာတော့ အမေ့ကိုပြောပြတယ် ။ အမလေး ကျားကြောက်လို့ ရှင်ကြီးကိုး ...ရှင်ကြီးကျားထက်ဆိုးတော့တယ်။ မေမေက ဘာပြောတုန်းဆိုတော့ နင့်ကိုသုံးနှစ်လုံး လိုက်တာဆိုတော့ တော် တော်ချစ်လို့နေမယ်တဲ့ ။ ကိုယ်ချစ်ကိုမရှာနဲ့ သူချစ်ကိုရှာဆိုတော့ ။ အင်း အမေ့စကားနားထောင်ကြည့်လိုက် ပါဦးမယ်လေ ဆိုပြီး ကျောင်ပြီးတော့ ကြိတ်မှိတ် လက်ခံလိုက်တယ်။ အဖြေပေးပုံ သိချင်လား ။အင်း ပြောရမှာပေါ့ လက်ဖက်ရည်ဆိုင်မှာ စကားတစ်လုံးမှ မပြောဘူး နှစ်နာရီလောက်ကိုကြာတယ်။ ပြောလို့ကိုမထွက်တာ ။ သူကပြောတယ် မပြောရဲရင် ခေါင်းလေးပဲငြိမ့်ပေးပါတဲ့ သူကျေနပ်ပါတယ်တဲ့လေ ။ အဲ ခေါင်းငြိမ့်ဖို့ကို နောက်နာ ရီဝက်လောက်ထပ်ကြာတယ် ။အဲဂလောက် ချစ်တာ ။ ကြိုးစားခဲ့ပါတယ် တကယ်ပါ သူ့ကိုချစ်ဖို့ကိုလေ။ သူက တော်တော်ချစ်တာဆိုတော့လည်း ။အင်းနောက်နှစ်နှစ်လောက်ကြာလာတာတောင် သူ့ကိုချစ်မလာခဲ့ဘူး ။အရင်ကတော့ ကြာလာရင် အနေနီးပြီးပြန်ရင်နိုင်ကောင်းရဲ့ ဆိုပြီး လက်ခံခဲ့တာပါ။ ချစ်လို့မရတဲ့အဆုံး ဗြောင်ပဲဖွင့်ပြောပြီး လမ်းခွဲခဲ့ရတယ် ။အမှန်အတိုင်းဝန်ခံရရင် စိတ်မကောင်းဖြစ်ရပါတယ်။ သမီးပျိုကို သူအခုထိ ချစ်နေတုန်းပါ ။ဟိုနေ့က ညီမ၀မ်းကွဲလေးနဲ့အင်တာနက်မှာတွေ့တော့ စကားပြောဖြစ်ကြတယ် ။ သူ့အကြောင်းကို ညီမကပြောတယ်။ “ မမကိုမေးနေတယ် ။ ပြီးတော့ ပြောသေးတယ် နင့်အမ ငါ့ကို ရက်စက်သွားတယ် “တဲ့ လေ။စိတ်မကောင်းရုံကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ပါဘူး ။ အဲလိုနဲ့သူနဲ့ပြတ်သွားတယ်ပေါ့။
နောက်ပိုင်း ဟိုသင်တန်းတက် ဒီသင်တန်းတက်နဲ့အချိန်တွေကုန်လာခဲ့တယ် ။ ကြာလာတော့ရန်ကုန်မှာ ပျင်းတာနဲ့ သင်္ကြန်ကိုအိမ်ပြန်သွားတာ။ အော် ဆယ်တန်းပြီးအတည်းက သမီးပျို ရန်ကုန်မှာနေဖြစ်သွားတာ ပြောဖို့မေ့သွားတယ်။ အဲ နယ်သင်္ကြန်ကတော့ ရန်ကုန်လို ကားနဲ့လည်လို့မရဘူး ဆိုင်ကယ်နဲ့ လည်ရတယ်။ ကိုယ်တော်ချောတွေ ရေကစားတဲ့ မဒီတွေကိုဆိုင်ကယ်ပေါ်က ပြုံးပြုံးကြီးလုပ်ပြီး ဖြတ်မမောင်းသွားနဲ့။ အတိုက်ခံရမှာတွေ နားမလည်ဘူး ။ ရေမွှေးနဲ့ ရှေ့တည့်တည့်ကနေ ဖျန်းပလိုက်တာအေး ရော ပါးစပ်ထဲတွေဝင် မျက်လုံးထဲတွေဝင်ပေါ့။ အဲဂလိုလဲ ညစ်ပတ်ပါတယ် ။ အဲဒီလိုတွေ ကဲတယ် ကတယ် ရွကြတယ်ပေါ့လေ ။အဲဒီ သင်္ကြန်မှာပဲ အရင်ကတည်းက ရိတိတိ တစ်ယောက်နဲ့ညိသွားတယ်ပေါ့ ။ အဲ မေ့လို့ နယ်မပြန်ခင်က အင်တာနက်ကချစ်သူနဲ့ စကားများလို့ ညစ်ညစ်နဲ့အိမ်ပြန်အလာမှာ ဆိုတော့ ရိတိတိက ညိတိတိဖြစ်သွားတာပေါ့ ။သူ့ကို ချစ်တာလည်းပါတယ် ရောသွားတာ။ဟီး ။ နောက်ရန်ကုန်ပြန်တယ် ဟိုချစ်သူနဲ့ ပြန်အဆင်ပြေသွားပြန်တယ်။ ခုတော့ သူက သူ့မယူရင်သတ်မယ်တဲ့ ။ယူတဲ့ အကောင်ကိုပါသတ်မယ် ဆိုပဲ။ တကယ်လားတော့ ပြောတတ်ပါဘူး။ ရည်းစားနှစ်ယောက်တော့ အဖတ်တင်သွားတယ်ပေါ့ ။
ဒူဘိုင်း ....ဒူဘိုင်း .....ဒူဘိုင်းကို လာရတော့မယ်။ သင်္ကြန်ကိုကိုက ဘာမှာလိုက်လဲဆိုတော့ ပြန်လာရင်သူ့ကိုလက်ထပ်ပါတဲ့။ အင်းပေါ့ ။ ဒူဘိုင်းရောက်လာတော့ ငိုချင်တာပါပဲ ။ကန္တာရထဲမှာ နေက ခြစ်ခြစ် တောက်ပူ ။သစ်ပင်လေးတွေက ဟိုတစ်ပင် ဒီတစ်ပင် ။ အလုပ်သစ်မှာ ပရက်ရှာတွေကများနဲ့ ညစ်တာပေါ့ ။ အဲဂလို ညစ်နေတုန်းမှာ အကြင်နာပိုတဲ့ ကိုကိုနဲ့တွေ့တယ် ။ သူကသိပ်ဂရုစိုက်တာကိုး အားလဲပေးတယ် ။ သူ့ကြောင့် ပူလောင်တဲ့ ဒေသကြီးမှာ နေတတ်လာခဲ့တယ် ။ သူ့ကိုလည်းချစ်တယ်။ သင်္ကြန်ကိုကို ကသတင်းပျောက်နေတာခုထိ ဆိုပါတော့ ။ ဖုန်းဆက်ရင်ဈေးကြီးတော့ မဆက်ဖြစ်ပါဘူး ။ သူ့ကိုလည်းရှာပါတယ် ။ မတွေ့ဘူး ။
အမှတ်မထင် သူနဲ့နာမည်ခပ်ဆင်ဆင် တစ်ယောက်ဂျီတော့မှာ အင်ဗိုက်လုပ်လို့ အက်ဒ် လိုက်တယ်။ သူများလားဆိုတဲ့ စိတ်နဲ့ မေးခွန်းတွေမေး စကားတွေပြောဖြစ်ခဲ့တယ် ။ တကယ်ချစ်ခဲ့တဲ့ ရည်စားဦး ဆိုတော့ လွမ်းတယ်လေ ။ နောက်ဆုံးတော့ မဟုတ်ပါဘူး ။ အဲဒီတစ်ယောက်ကလဲ အမှတ်မထင် ဓါတ်ပုံလေးကြည့်ပြီး ချစ်မိသွားလို့တဲ့။ အစပိုင်း တကယ်ကိုငြင်းခဲ့တာပါ ။ အင်တာနက်မှာတွေ့တဲ့ ချစ်သူဆိုပေမဲ့ တကယ်စွဲလမ်းခဲ့ရင် အပြစ်တစ်ခုလုပ်ရာကျတယ်လေ ။ သူတစ်ပါးကိုဒုက္ခမပေးချင်တာပါ ။ နောက်ပိုင်း သူ့အချစ်ကို အသိအမှတ်ပြုတာရယ် သနားတာရယ် အားနာတာရယ်ပေါင်းပြီး လက်ခံလိုက်တယ်။ သူ့ကိုခုထိမမြင်ဘူးသေးပါဘူး ။ ရန်ကုန်ုပြန်ရင်တော့ အဆင်ပြေရင်သွားတွေ့မှာပါ ။ စဉ်းစားနေတယ် ။ အပြင်မှာ တွေ့လိုက်လို့ ကိုယ့်ကို သူကပိုပြီးစွဲလမ်းသွားခဲ့ရင် သူ့စိတ်မှာ ပိုပြီး နာကျင်သွားမှာစိုးတယ် ။ အကောင်းတွေပဲ ဖြစ်လာပါစေလို့ ဆုတောင်းနေပါတယ် ။သူ့အတွက်ပေါ့ ။
ခုတစ်လော ဘယ်ချစ်သူတွေနဲ့မှ သိပ်စကားမပြောဖြစ်ဘူး ။ စိတ်တွေညစ်လာလို့ပါ ။ ဘယ်သူ့ကို ရွေးရမှန်းလည်း တကယ်မသိတာပါ ။ အွန်လိုင်းမှာတွေ့လည်း သိပ်စကားပြန်မပြောဘူး ။ထင်ချင်သလို ထင်ကြပါစေ ။ တစ်နေ့သူငယ်ချင်းကို တိုင်ပင်ကြည့်တော့ အဖြေမရတဲ့ အပြင် အချွန်နဲ့မ ကြတယ် ။ နင် ဘယ်နှစ်ယောက်ယူမှာလဲတဲ့ ။တစ်ယောက်တည်းယူမှာမို့တိုင်ပင်တာပေါ့ ။မဟုတ်လို့ကတော့ တိုင်ပင်လိမ့်မယ် အားကြီး ။ အင်းခု လောလောဆယ်တော့ လေးယောက်ပဲရှိတယ် ။
ခုနောက်ပိုင်းတော့ ဂျီတော့မှာဓါတ်ပုံမတင်ရဲတော့ပါဘူး ။ ချစ်တယ်လို့ပြောကြလို့ပါ ။ တကယ် ဟုတ်တာမဟုတ်တာ အပ ထား ဗျာမများချင်တော့တာပါ။ အသက်ကကြီးလာပြီလေ ။ အခုဆိုရင်ချစ်တယ်ပြောရင် ဗြောင်ငြင်းရမှာအားနာ တော့ ပေါက်ကရတွေပဲ လျှောက်လုပ်ခိုင်းပါတော့တယ် ။ တကယ်ချစ်ရင် ပြန်လာရင်သံပုရာသီး အလုံး၅၀ အခွံမခွာပဲ တထိုင်တည်း စားပြဆိုတာမျိုးတွေပါ ။ အင်း မောင်ငယ်ငယ်လေး တစ်ယောက်ကတော့ တကယ်ချစ်တယ် ထင်ပါ့ ။ ပြန်မလာခင် လေ့ကျင့်မယ်ဆိုပြီးစားတာ ဆေးခန်းရောက်သွားတယ် ဆိုပဲ။ ကြားရတော့လည်း တကယ်စိတ်မကောင်းဖြစ်ရပါတယ်။
သမီးပျိုက အားနည်းချက်တွေရှိတယ်လေ။ အားနာတတ်တာ သနားတတ်တာ စာနာတာတွေပေါ့ ။ မွေးရာပါ ဆိုတော့ ပြင်ရခက်တယ် ။ ကိုယ့်ကြောင့် သူတစ်ပါး ကို မနာကျင်စေချင်ပါဘူး ။ ဒါ စေတနာပါ ။ ဒါတွေက ရည်းစားများစေခဲ့တာလား တော့ မသိပါဘူး ။ အင်တာနက်က ချစ်သူတွေတော့ အပြင်မှာမတွေ့ဘူးပါ ဘူး ။ သူတို့နောက်ရည်းစားတွေ ရရင်ရ မရရင် ကိုယ့်ကို မေ့သွားရင် ကောင်းမှာပဲနော် ။ ကိုယ့်ကိုစွဲလမ်းနေမယ် ဆိုရင် အပြစ်မကင်းသလိုကြီးခံစားနေရတယ် ရှင် ။ အခုတော့ ဒီအကျင့်တွေကို ပြင်ပါတော့မယ် ။ အရင်လုပ်ခဲ့တာတွေကလဲ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာမဟုတ်ခဲ့ပါဘူး ။ အားနာခြင်းရဲ့ အကျိုးတွေပေါ့နော် ။ မကောင်းမှန်းသိပါပြီ ။ခွင့်လွှတ်ကြနော် ။
ကဲ.....ကဲ...“ထားခဲ့ဖူးသော ရည်းစားများ“ ရာဇ၀င်သိပြီနော် ။ ကျေနပ်ကြမယ် ထင်ပါတယ် ။ အိတ်သွန်ဖာမှောက် အကုန်ပြောလိုက်ပြီ။ သမီးပျိုကို လာ တက်ခ် တဲ့ ကိုဗညားရေ ကျေနပ်မယ် ထင်ပါတယ် ။ ဆက်ရန်ကိုတော့ ခေါင်းကြိမ်းတယ်။ ဂယ်ပဲ ။ သံခမောက်ဆောင်းပြီး စောင့်ကြည့်နေမှ တော်ကာကျမယ် ထင်တာပဲ ။ မျက်ခုံးလှုပ်တယ် ကွယ် ။


မှတ်ချက်။ ။ ရည်းစားစာပေးသူတိုင်းကိုပြန်မကြိုက်ပါ ။ ရည်းစားစာ အားလုံးတော့ အဒေါ်များအိမ်တွင် ထားပါသည်။ အဘယ့်ကြောင့် ဆိုသော် စိတ်မခိုင်သောကြောင့်ဖြစ်သည်။

သတိပေးတားမြစ်ချက်။ ။ ရည်းစားများသည်ဟု မပြောစေလိုပါ ။သနားတတ်ခြင်းသာဖြစ်သည်။



ပုံ/
ငါကွ

ကြိုးစားကြည့်ရအောင်... လှုပ်လေ အကျိုးရှိလေပဲနော် လှုပ်လိုက်တော့ လှုပ်လိုက်တော့ ဟေ့.............

သတင်းခေါင်းစဉ်...............သက္ကရာဇ် နှစ်ထောင့်ကိုးခု မေလဆယ်ရက်နေ့ ညကိုးနာရီအချိန်ခန့်တွင် ဒူဘိုင်းမြို့ ဒဲရာရပ်ကွက်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားရာ အခင်းဖြစ်ပွားရာ နေအိမ်မှာ သမီးပျိုစတည်းချရာ အိမ်ဂေဟာဖြစ်ပါကြောင်း အခင်းဖြစ်ပွားရာအချိန်သည် ညအချိန်ဖြစ်ပါသောကြောင့် ရုတ်တရက် သတိမထားမိခြင်း ရာဘာနံ့ထွက်နေပါ သော်လည်း နှာစီးနေပါသောကြောင့် ဘာနံ့မှမရခြင်း ဂျီတော့တွင် လေပစ်နေပါသောကြောင့် လည်းပတ်ဝန်းကျင်ကို မေ့လျှော့နေခြင်း ...
သတင်းအစုံအလင်မှာ ......အခင်းဖြစ်ပွားရာညအချိန်တွင် သမီးပျိုတစ်ယောက် ဂျီတော့တွင် ခလောက် ဆိုသူနှင့် လေတောက်နေခဲ့ရာ သော့မခတ်ထားသော တံခါးမကြီးမှ ရုတ်တရက်တလှုပ်လှုပ်ဖြစ်လာပါသောကြာင့် မသင်ကာသဖြင့် ဖွင့်ကြည့်ရာ အသင့်ရောက်နေသောမီးခိုးလုံးများ၏ ရိုက်ခတ်မှုကြောင့် သမီးပျို ပလန်လက်သွားကြောင်း အပေါင်းအပါများမှာလည်း အံ့အားသင့်သွားပါကြောင်း အရေးပေါ်ထွက်ပေါက်အနီးတွင် လောင်နေပါသော ကြောင့်အခန်းထဲတွင်သာ ပိတ်မိနေခဲ့ရာ အကြံကုန်ပါသဖြင့် ပြတင်းပေါက်မှ ခုန်ချလိုက်ရပါကြောင်း အပေါ်ဆုံး ထပ်ဖြစ်နေသောကြောင့်လည်း ဘရန်တာကိုသာသို့သာခုန်ချခဲ့ခြင်းဖြစ်ကြောင်း အပေါ်ဆုံးထပ်ဖြစ်ပါသော ကြောင့်လည်း ပြေးစရာမြေမရှိခဲ့ကြောင်း ထွက်စရာလည်း အပေါက်မရှိခဲ့ကြောင်း ပြောကြားလိုပါတယ် ။ အခင်းဖြစ်ပွားရာအချိန်တွင် ဘေးအခန်းမှသကောင့်သားနှစ်ယောက် ခုန်ချမည်တကဲကဲဖြစ်နေပါသောကြောင့် လည်း တားမြစ်ခဲ့ရသေးကြောင်း ကျန်ရှိနေသော သတ္တိခဲများမှာလည်း ငြိမ်းသတ်ရန်အမှန်တကယ်ကြိုးစားခဲ့ပါ ကြောင်း သို့ပါသော်လည်း ရေဖြင့်မသတ်ကြပဲ ဟိုပြေးဒီပြေးသာလုပ်နေကြကြောင်း မြင်တွေ့ခဲ့ရပါတယ်။ သမီးပျိုမှ ရေဖြင့်ငြိမ်းသတ်ရန် သတိပေးသဖြင့် အမိအရ အပြေးယူလာသည့်ရေမှာ ရေသန့်ဘူးသာဖြစ်နေခဲ့ ခြင်းတို့ကြောင့် ငိုအားထက်ရယ်အားသန်ခဲ့ရပါကြောင်း ။ သတိတရအပြေးအလွှား ဖွင့်ခဲ့ရသော နံရံပေါ်မှမီးသတ် ပိုက်မှာလည်း ရေမရှိပါကြောင်း နောက်မှသိရသည်မှာ ရေပိုက်ခလုတ်ဖွင့်ဖို့မေ့သွားခဲ့ကြောင်း ထိုသူမှဖွင့်ဟ ၀န်ခံခဲ့ပါ တယ် ။ စိုးရိမ်ပါသောကြောင့် အားကိုတကြီး ရဲစခန်းနှင့်မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာ ရဲသား များ ရောက်လာပါသော်ငြား မီးသတ်ကားရောက်မလာခဲ့ခြင်း တို့ဖြစ်ပွားခဲ့ပါတယ် ။ မဖြစ်သာသည့်အဆုံးမတော့ ရေချိုးခန်းမှ ရေခံ၍သာကိုယ်ထူကိုယ်ထ သတ်ခဲ့ရကြောင်း မီးငြိမ်းသတ်ပါမှ မီးသတ်ကားများအပြေးအလွှား ရောက်လာခဲ့ကြောင်း ရုပ်ရှင်ဆန်ဆန်ဖြစ်ပွားခဲ့ပါတယ်။
ယခုအချိန်တွင်မတော့ စိတ်အေးချမ်းသာစွာနေနေပါကြောင်း စုံစမ်းသိရှိမှုအရ ဆေးလိပ်တို ပစ်ခဲ့ မှုမှစတင်ခြင်းဖြစ်ကြောင်း စတင်လောင်ကျွမ်းရာနေရာမှာ အိမ်ကြားပိုက်လိုင်းမှဖြစ်ခြင်းကြောင့် မည်သူ့ကိုမှတရားစွဲမရဖြစ်နေကြောင်း ကိုရဲသားတို့စိတ်ညစ်နေနိုင်ကြောင်း မီးခိုး၏တန်ခိုးကြောင့် အိမ်တစ်ခြမ်း ကာလာပြောင်းသွားကြောင်း မီးသတ်အပြီးရေချိုးကိုယ်လက်သန့်စင်ခဲ့ရာ နှခေါင်းအတွင်းမှ ရာဘာမီးခိုးကြောင့် ကပ်နေသော မဲခိုးများကို အတော်ကြာသန့်စင်ခဲ့ရပါကြောင်း အိမ်တွင်းသတင်း တစ်ရပ်ကို တင်ပြလိုက်ရပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။ သတင်းအစီအစဉ် ဤတွင်ပြီးဆုံးပါပြီ ။

မှတ်ချက်။ ။ ဤဖြစ်စဉ်အားလုံး အမှန်အကန်ဖြစ်ပွားခဲ့ပါကြောင်း အပိုအလိုတစ်လုံး တစ်ပါဒမျှ မပါရှိပါကြောင်းနှင့် အားလုံးမှာကိုယ့်တွေ့များဖြစ်ကြောင်း ၀န်ခံအပ်ပါတယ် ။

ဒီနေ့ အမေများနေ့အမေ.....

သမီးကို ကိုးလလွယ်ဆယ်လဖွားခဲ့တဲ့အမေ.....
ဆင်းရဲဒုက္ခတွေကြားက သမီးကိုပျိုးထောင်ခဲ့တဲ့အမေ.....
ပညာတတ်ဖြစ်ခွင့် မရခဲ့တဲ့အမေ.....
သမီးကို ဒီအခြေအနေထိရောက်အောင်
တွန်းပို့ပေးခဲ့တဲ့ ဥာဏ်ပညာတတ်အမေ.....
သမီးကို အမြဲစိတ်ပူနေတတ်ခဲ့တဲ့အမေ.....
သမီးကို အမြဲယုံကြည့်ခဲ့တဲ့အမေ.....
သမီးက မိသားစုနဲ့အမြဲဝေးနေလို့
သမီးအတွက် ရင်နဲ့မချိအောင်ခံစားခဲ့ရတယ်ဆိုတဲ့အမေ.....
ငါ့သမီးငါ့လိုမဖြစ်စေရဘူးလို့ ဆိုခဲ့တဲ့အမေ.....
လိမ်လိမ်မာမာနေနော် လို့အမြဲဆုံးမတတ်ခဲ့တဲ့အမေ.....
နိမ့်ကျမှုကြားမှာ အနှိမ်ခံခဲ့ရတိုင်းလည်း
လူ့အောက်ကျလို့မသေပါဘူး သမီးရယ်လို့
အမြဲနှစ်သိမ့်ပေးခဲ့တဲ့အမေ.....

သြော် အမေရယ်.....
အမေ့ရဲ့ ဂုဏ်ပုဒ်တွေကို
ပြောပြလို့မကုန်နိုင်အောင်ပါပဲ။

အမေ့ရဲ့ ချွေးစက်တွေကြားက အပြုံးတွေ.....
ဒုက္ခတွေကြားက အမေရဲ့ ဟန်ဆောင်ပျော်ရွှင်မှုတွေ.....
တရားနဲ့ဖြေနေလို့သာပေါ့ လို့ဆိုခဲ့တဲ့ အမေ့ရဲ့ သောကတွေ.....
အရွယ်နဲ့မမျှရုန်းကန်ခဲ့ရတဲ့ အမေ့ရဲ့ ဒုက္ခတွေ......

အမေရယ်....
ဒီလောက်အပူအပင်တွေကြားမှာတောင်
အမေ တစ်ခါမှအပြုံး မပျက်ခဲ့ဘူးနော်
စိတ်ချနေပါအမေ
သမီးဟာ အမေ့အတွက်ပါ
အမေ့အတွက် သမီးအသက်ရှင်နေမယ်
အမေ့ကျေးဇူးကိုကုန်အောင် မဆပ်နိုင်ခဲ့ရင်တောင်
အမေစိတ်ချမ်းသာစေရမယ်
ဒီတစ်ခါသမီးအလှည့်ပေါ့
သမီးကို မွေးခဲ့ရလို့ ရတာနာ မဖြစ်စေရဘူး
နော်အမေ

အမေ စိတ်ချမ်းသာပျော်ရွင်ပါစေ
သမီးတို့ အတူတူနေကြရတော့မှာပါအမေ
သမီးကြိုးစားနေပါတယ်
အဲဒီအချိန် မရောက်ခင်အထိ အမေဘာမှမဖြစ်ရဘူးနော်
ကျန်းမာရေးကို ဂရုစိုက်ပါအမေ
အမေ့ကို သမီးသိပ်ချစ်တာပဲ
ပေးဆပ်ခဲ့ရလွန်းတဲ့အမေ့ကို
ဒီကနေပဲ ကန်တော့လိုက် ပါရစေနော်
နောက်များမှ ဆုံကြတာပေါ့ အမေရယ်..........
မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။