၁၉၉၂ခုနှစ်မှာ မာလီဆိုတဲ့သူ့မ ကိုမွေးဖွားခဲ့ပါတယ် ။ သူဟာ Haiti သူ ချစ်စရာ ကောင်မလေးတစ်ယောက်ပါ ။ မာလီတို့ မိသားစုက ဆင်းရဲပါတယ် ။ ဒါပေမယ့် မာလီတို့မိသားစုလေးက စည်းစည်းရုံးရုံးနဲ့ ချစ်စရာ ဘ၀လေးတော့ပိုင်ဆိုင်ထားတယ်ပေါ့ ။ သူမမှာ အမတစ်ယောက်နဲ့ ညီမ တစ်ယောက်လည်း ရှိသေးတယ် ။ မာလီ ရဲ့နာမည်ကို အဓိပ္ပာယ်ဖွင့်ကြည့်မယ် ဆိုရင် “စိမ်းလန်းစိုစွတ်နေတဲ့ မြက်ခင်းပြင်လေး “လို့ မည်တွင်ပါတယ်တဲ့ ။ အေးချမ်းမယ့် မာလီလေးပေါ့နော်...။ သူမ ရဲ့ဘ၀လေး အေးချမ်းဖို့အတွက် ရည်ရွယ်တယ် လို့ထင်မိပါတယ် ။

မာလီလေးဟာ တခြားကလေးတွေလို ပုံမှန်အနေအထားအတိုင်းပဲ ကြီးပြင်းခဲ့ပါတယ် ။ သူ့ရဲ့ ကိုယ်အလေးချိန် အရပ်အမောင်း ကစလို့ အားလုံး ပုံမှန်ဆိုပါတော့ ။ ထူးခြားတာက မာလီလေးရဲ့ ၅နှစ် နဲ့ ၈နှစ်ကြား ကာလတွေ ပါပဲ ။ သူ့မရဲ့ မျက်နှာမှာ တစ်ခုခုကို ခံစားမိပါတယ်တဲ့ ။ အထူးသဖြင့် နှာခေါင်းရိုး တလျှောက်ပါတဲ့ ။ မာလီလေးဟာ သူမရဲ့နေ့စဉ်ဖြတ်သန်းရတဲ့နေ့ရက်တွေကို ပုံမှန်အတိုင်း ဆက်လက် လျှောက်လှမ်းခဲ့ပါတယ် ။ မာလီလေး ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့ မျက်နှာပေါ်မှာ ယောင်သလိုလို ဖြစ်လာခဲ့ပါတယ် ။ အဲဒီ အသားစိုင်လိုလိုလေးဟာ တစ်နေ့တခြား ကြီးထွားလာခဲ့တယ် ဆိုပါတော့ ။
ပုံမှာ မြင်တွေ့တဲ့အတိုင်းပါပဲ ။ သူမရဲ့ ညာဘက် ပါးပြင်တစ်ခြမ်းမှာ အသားစိုင်လိုလို ယောင်ယမ်းနေပါတယ် ။ ဒီအဖုလေးဟာ တဖြည်းဖြည်းနဲ့ ဆ ထပ်တိုးလို့ ကြီးထွားလာခဲ့ပြန်ပါတယ် ။ မာလီရဲ့ အခုလို အခြေအနေဟာ သူမကို အရှက်ရစေခဲ့တာအသေအချာ ပေါ့ ။ သူမရဲ့ ဒီလိုအခြေအနေတွေက သူမကို လူတွေနဲ့ဝေးရာကို တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ ။ ဆယ်ကျော်သက် မာလီလေးဟာ လူ တွေကို ရှောင်တတ်လာတယ် ။ သူကလေးရှက်တတ်နေပြီလေ ။ ဒီလိုနဲ့ မာလီ ဟာ အိမ်မှာပဲ အနေများခဲ့ပါတယ် ။ ဆင်းရဲ့လှတဲ့ မာလီတို့မိသားစုလေးက မာလီကို ဘာလုပ်ပေးရမှန်း မသိအောင် ဖြစ်ခဲ့ပါတယ် တဲ့..။

မာလီ ၁၄ နှစ် ပြည့်ပြီးတဲ့ အချိန်မှာ ကြီးမားလှတဲ့ အသားပိုတွေဟာ မာလီရဲ့ မျက်နှာပြင် တစ်ခုလုံး ဖုံးအုပ်လု နီးပါး ဖြစ်လာပါတယ် ။ ဆိုးရွားလှတဲ့ အသားပို ရောဂါကို မာလီလေး ခံစားနေရပါပြီ ။ ၁၆ ပေါင်ရှိတဲ့ အသားပို တွေဟာ မျက်နှာတစ်ခုလုံး ဖုံးအုပ်တော့မှာပါ ။ ဒီအသားပိုတွေကြောင့် နှာခေါင်းလမ်းကြောင်းတလျှောက်နဲ့ ပါးစပ် တ၀ိုက်ကို အဓိက ထိခိုက်စေပါတယ် ။ တဖြည်းဖြည်းကြီးမာလာတဲ့ ဆဲလ် တွေကြောင့် နှာခေါင်း လမ်းကြောင်း ဟာ ကျဉ်းမြောင်းလာပါတယ် ။ အသက်ရှုဖို့ သိပ်ခက်ခဲနေတဲ့ မာလီလေးဟာ တစ်ခုခုစားဖို့ကို လည်း မနည်း ကြိုးစားခဲ့ရပါတယ် ။ လမ်းကြောင်းတွေဟာ သိပ်ကိုကျဉ်းမြောင်း နေပြီလေ ။


ကြောက်စရာကောင်းလှတဲ့ ဒီအသားပိုရောဂါဟာ အသားတွေပိုထွက်ကြီးမားလာခြင်း တစ်ခုတည်း မဟုတ်ပါဘူး တဲ့ ။ ခန္ဒာကိုယ်မှာ ရှိတဲ့ အရိုးတွေကို ထိခိုက်စေမယ့်အပြင် ခွဲစိတ်မှု မခံယူဘူးဆိုရင် ....မျက်စိနှစ်ကွင်း အလင်း မရတော့ ဖို့တောင် သေချာနေပါပြီတဲ့ ။ အခု ဆိုရင် မာလီလေးရဲ့ နှာခေါင်းရိုးကြီးထွားမှုဟာ ၁၆ ပေါင် ရှိတဲ့ အစိုင်အခဲ တစ်ခုအဖြစ် တည်ရှိနေပါပြီ ။
၁၄ နှစ်သမီး မာလီ ရဲ့ အခြေအနေပါ ။ မထင်မှတ်တဲ့ သတင်းတစ်ခုဟာ မာလီကိုကံကောင်းစေခဲ့ပါတယ် ။ Jackson Memorial Foundation ရဲ့ အထိမ်းအမှတ်ပွဲ တစ်ခုမှာ ကလေးမလေးတစ်ယောက်ရဲ့ မျက်နှာအသား ပိုတစ်ခုကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း ကြားသိပြီးတဲ့နောက် မှာတော့ မာလီဟာ အပြည်ပြည်ဆိုင်ရာကလေး များရန်ပုံငွေ အဖွဲ့ရဲ့ လူနာတစ်ယောက် အဖြစ် ကုသမှုခံယူခွင့်ရခဲ့ပါတယ် ။

မာလီရဲ့ ရောဂါက polyostotic fibrous dysplasia ပါတဲ့ ။ တိကျစွာ ဘာသာမပြန်နိုင်ပေမယ့် အမျှင်တွေပါဝင် တဲ့ အသားစိုင်တွေပုံမှန်မဟုတ်ပဲ ကြီးထွားလာမှု ရောဂါ တစ်မျိုးပါ ။ အဲဒီရောဂါဟာ ခန္ဒာကိုယ်က အရိုးတွေနဲ့ တစ်ရှူးတွေ ဆဲလ်တွေကို ထိခိုက်စေတဲ့ ရောဂါမျိုးပါ ။ အရိုးတွေနဲ့တစ်ရျူးတွေရဲ့ ကြီးထွားဖွဲ့ဖြိုးလာမှုကြောင့် ရုပ်ပျက်ခြင်း အဖြစ်သို့ရောက်ရှိသွားတာပါ ။

မာလီ ရဲ့အခြေအနေဟာ ခွဲစိတ်မှု အမြန်ဆုံးခံယူသင့်နေပြီ ဖြစ်တဲ့အတွက် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ လယ်ပိုင်းမှာ ပထမဆုံးခွဲစိတ်မှုကို စတင်ခဲ့တယ်လို့သိရပါတယ် ။ ၁၇ နာရီကြာ ခွဲစိတ်မှုဟာ ဒေါ်လာ $၄၀၀,၀၀၀ ကုန်ကျခဲ့ပါ တယ် ။ International Kids Foundation( I.K.F ) လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ရဲ့ အကျိုးကျေးဇူးကြောင့်ဆိုရင် မမှားပါဘူး ။ ဒီအဖွဲ့အစည်းဟာ Florida နိုင်ငံရဲ့ Miami Jackson Memorial Medical Center ဖြစ်တဲ့ မီယာမီ တက္ကသိုလ် က Holtz လို့ခေါ်တဲ့ ကလေးဆေးရုံမှာ ခွဲစိတ်ခဲ့တာပါ ။

မာလီရဲ့၁၇ နာရီကြာ ခွဲစိတ်မှုက ကြောက်ခမန်းလိလိ ခွဲစိတ်မှု တစ်ရပ်ပါ ။ တော်ရုံဆရာဝန်တွေ မလုပ်နိုင်တဲ့ သိပ်ကိုကြာမြင့် ပြီး စွန့်စားထက်မြက်တဲ့ဆရာဝန်မျိုးမှ အောင်မြင်နိုင်မယ်လို့မြင်မိပါတယ် ။ မာလီရဲ့ ခွဲစိတ်မှုတလျှောက် မှာဆရာဝန် အတော်များများရှိနေကြပါတယ် ။ မာလီရဲ့ မိဘတွေနဲ့အတူ အဒေါ်ဖြစ်သူ ၂ ယောက်က မနားတမ်း ဆုတောင်းပေးနေကြပါတယ် ။ ဒါ့အပြင် Haiti နိုင်ငံက Haitian တွေ အားလုံးမာလီ့ အတွက် ဆုတောင်းပေးနေ ကြပါတယ် ။

မာလီရဲ့ခွဲစိတ်မှုအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ် ။ မြောက်များလှတဲ့ အသားပိုတွေနဲ့အတူ မာလီစွန့်လွှတ်လိုက်ရ တာက မေးရိုးနဲ့အတူ အားလုံးသော သွားတွေပါ ။ နှာခေါင်းရိုးလည်း ပါဝင်ခဲ့ပါသေးတယ်တဲ့ ။ တိုက်တယ်နီယမ် တွေနဲ့ မာလီရဲ့မေးရိုးကို အစားထိုးကုသ ခဲ့တာပါ ။ စိတ်မကောင်းစရာတစ်ခုက မာလီဟာ ပါးစပ်ပိတ်လို့မရပါ ဘူး ။ ဖြတ်တောက်ခဲ့ရတာတွေ များလွန်းလို့ မာလီရဲ့ မျက်လုံးတွေ နှုတ်ခမ်းတွေကို ပြန်လည်တည့်မတ်ဖို့ မနဲ ကြိုးစားဆွဲယူခဲ့ရပါတယ်တဲ့ ။ နှာရိုးမရှိတော့တဲ့ နှာခေါင်းကိုလည်း ပြန်လည် တည်ဆောက်ခဲ့ကြရပါတယ် ။ အခုလက်ရှိအခြေအနေမှာ မာလီဟာ အသားပိုတွေ မရှိတော့ပေမယ့် အကျဉ်းတန်လွန်းပြီး ရှည်လျှားလှတဲ့ ချုပ် ရိုးရှည်နဲ့အတူ ပိတ်လို့မရတဲ့ ပါးစပ်တစ်ခုကို ပိုင်ဆိုင်နေတဲ့ မာလီ အဖြစ်ရောက်ရှိသွားပါပြီ ။

အဓိကခွဲစိတ်မှု အောင်မြင်ပြီးတဲ့နောက်မှာတော့ မာလီ့ရဲ့ အသားပိုတွေဟာ ထပ်ပြီးကြီးထွားလာစရာ အကြောင်း မရှိတော့ပါဘူးလို့ ဆိုခဲ့ပါတယ် ။ ထို့အတူပဲ ဆရာဝန်များရဲ့ အကြံပြုချက်အရ မာလီ့ရဲ့ မျက်နှာအနေအထား ကစလို့ ပုံမှန်နေသားတကျနီးပါးပြန်ဖြစ်ဖို့ အခြား ခွဲစိတ်မှု ၅ ခု ထပ်မံ ပြုလုပ်ခဲ့ကြပါတယ် ။ ၂၀၀၆ ခုနှစ် ဒီဇင် ဘာမှာတော့ မာလီဟာ ဆရာဝန်များရဲ့ ခွင့်ပြုချက်အရ Haiti မြို့ကသူမရဲ့နေရပ်ဖြစ်တဲ့ Port-au-Prince ကို ပြန်ခွင့်ရခဲ့ပါတယ် ။

ဒီနှစ် ၂၀၀၉ ခုနှစ် ဂျွန်လမှာတော့ I.K.F အဖွဲ့က သတ္တမမြောက် ခွဲစိတ်မှုအဖြစ် မာလီဟာ အမေရိကန်ကို ထပ်မံ ရောက်ရှိခဲ့ပါတယ် ။ ဒီတစ်ခါခွဲစိတ်မှုမှာတော့ သူမရဲ့မျက်နှာပြင်ပေါ်က မလိုလားအပ်တဲ့ အမာရွတ်တွေနဲ့အတူ မျက်နှာပြင်အတွက် လိုအပ်တဲ့ ခွဲစိတ်မှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ် ။ I.K.F အဖွဲ့ကလည်း မာလီ ရဲ့ခွဲစိတ်မှုအတွက် ရန်ပုံငွေအင်အားကိုထပ်မံ ဖြည့်ဆည်းပေးသွားမယ်လို့လည်း သိရပါတယ် ။ Haitian တွေရဲ့ non-profit အဖွဲ့တစ်ခုဖြစ်တဲ့ Good Samaritan ကလည်း မာလီအတွက် သွားလာရေး စရိတ်တွေ လှူဒါန်းခဲ့ကြ် သလို ဆရာဝန်တွေနဲ့ ပါရဂူတွေက သူတို့ရဲ့ပညာနဲ့အချိန်ယူလှူဒါန်းပေးခဲ့ကြပါတယ် ။

ဒါကတော့နောက်ဆုံးကြားခဲ့ရတဲ့ မာလီရဲ့ ခံစားမှု တစ်ချို့တ၀က်ပါ.....................................

ကျွှန်မရဲ့ ဒီရောဂါအခြေအနေကြောင့် ကျွှန်မ အဖေ မျက်ရည်ကျတာ တွေ့ရတော့ ကျွှန်မကို တော်တော်နာကျင် စေခဲ့ပါတယ် ။ ကျွှန်မမိသားစု ကလည်း ၀မ်းနည်းရသလို ကျွှန်မကိုယ်တိုင်လည်း သိပ်ကို နာကျင်ခံစားခဲ့ရပါ တယ် ။ ကျွန်မ နာကျင်ပေမယ့် ခွဲစိတ်မှုတွေကို မကြောက်ပါဘူး ။ အခုကျွန်မသွားရမယ့် ခရီးဟာ မဆုံးသေးပါဘူး ကျွန်မ ဒီလိုဘ၀မျိုးနဲ့ မနေချင်ပါဘူး ။ ကျွန်မအိမ်ထောင်ပြုချင်တယ် ကလေး နှစ်ယောက်ရဲ့မိခင်အဖြစ် ဆက် လက်ရှင်သန်သွားချင်တယ် ။ တစ်ယောက်က မိန်းကလေး တစ်ယောက်က ယောင်္ကျားလေးပေါ့ အခုတော့ ကျွန်မကို ကြိုက်မယ့်သူတစ်ယောက်မှမရှိသေးပါဘူးတဲ့ ။

မာလီရဲ့ ဖွင့်ဟ၀န်ခံချက်လေးပါ ။ သူမဟာ ခံစားနေရတဲ့ ဝေဒနာ ကြောင့် အားငယ်နေပါတယ် ။ ပုံမှန်အတိုင်း ပြန်မဖြစ်သေးတဲ့ သူ့မျက်နှာအခြေအနေကြောင့် အပြင်ကို သိပ်ထွက်ခဲပါတယ် ။ တစ်ခါတလေတော့ မာလီဟာ မှန်ရှေ့မှာ အလှပြင်နေတတ်ပါတယ် ။

မာလီက ပြောပါတယ် ။ လူတွေက ကျွန်မကိုမြင်ရင် ကြောက်ကြပါတယ် ။ တစ်ခါက ကျွန်မကိုမြင်ပြီး ကြောက်လို့ ထွက်ပြေးသွားတဲ့ လူတစ်ယောက် ကိုမှတ်မိနေပါ တယ် ။ ဒါပေမယ့် ကျွန်မ ဒေါက်တာကို ယုံပါတယ်တဲ့ ။

အခုလတ်တလော အခြေအနေကတော့ မာလီဟာ သူ့အကြောင်းတွေကို ပြောပြတိုင်း ငိုပါတယ် ။ မာလီရဲ့ ဆရာဝန်ဟာ မာလီနဲ့အတူ ပန်းခြံတွေကို တစ်ခါတလေ သွားတတ်ပါတယ် ။ မာလီဟာ စကားတော့ မပြောနိုင် သေးပါဘူး ။ သွားတွေ မရှိသေးတာကြောင့်ထင်ပါတယ် ။ စကားပြောရင် တရှဲရှဲနဲ့ မပီသပါဘူး ။ မနဲနားထောင် ရင်တော့ ၀ိုးတ၀ါးလောက်တော့ ကြားရပါတယ် ။ လတ်တလော မာလီရဲ့ အခြေအနေပါ ။

အခုဆိုရင် မာလီဟာ သိပ်ကို ရင်ခုန်နေပါတယ် ။ သူမရဲ့ ခွဲစိတ်မှုက အောက်တိုဘာဆို စပါပြီ ။ အဲဒီခွဲစိတ်မှု ပြီးသွားရင်တော့ မာလီဟာ အစားအစာတွေကို ကောင်းကောင်းမျိုချ နိုင်မှာဖြစ်ပြီး စကားလည်း ပြန်ပြောနိုင် တော့ မှာပါတဲ့ ။ မာလီဟာ သူမရဲ့ မျက်နှာအသစ်ကို မြင်ချင်နေပါပြီတဲ့ လေ ။ုံ


မာလီရဲ့နောက်ဆုံးခွဲစိတ်မှု အောင်မြင်ပါစေလို့ ဆုတောင်းပေးနေပါတယ် ။ အောင်မြင်စွာ ပြီးဆုံးသွားပြီဆိုရင် တော့ သူမ မျှော်လင့်ထားတဲ့ အနာဂတ်အိပ်မက်လေးကို အကောင်အထည်ဖော်နိုင်တော့မှာ ဖြစ်တဲ့အတွက် ကျွန်မလည်း မာလီနဲ့ ထပ်တူထပ်မျှ ခံစားရင်ခုန်ရင်း နောက်ဆုံးရလဒ်ကို စောင့်မျှော်နေပါ့မယ် ။ မာလီရဲ့ နာမည်လေးလို စိမ်းလန်းစိုစွတ်နေတဲ့ မာလီလေး ဖြစ်ပါစေ ညီမရေ.............

..............................................................................
ကနဒါမှာ ကြည့်ခဲ့ရတဲ့ မာလီရဲ့ ဘ၀ အခြေအနေ နဲ့ သူမရဲ့ ရောဂါအကြောင်းပါ ။ တစ်စုံတရာ မှားယွင်းမှု ရှိခဲ့ရင် သမီးပျိုရဲ့ ချွတ်ယွင်းချက်ကြောင့်သာဖြစ်ပါကြောင်း..........................
............................................................................

11 comments:

Angel Shaper said...

အင်းးးးးးးးးး
မာလီလေးရဲ့ နောက်ဆုံးခွဲစိတ်မှုလေး အောင်မြင်လို့ သူမမျှော်လင့်ထားတဲ့ အနာဂတ်အိပ်မက်လေး ပြီးပြည့်စုံနိုင်ပါစေလို့  သမီးပျိုနဲ့ ထပ်တူ ပထမဆုံး ဆုတောင်းပေးလိုက်ပါတယ်နော်။

Beauty Studio USA Branded Store said...

မာလီလေးရဲ့ဝဠ်ကျွေးတွေ ဒီဘဝဒီမျှနဲ့သာ ကုန်ဆုံးလွန်မြောက်ပါစေလို့ ညီမကောင်းကင်၊ ညီမ အိန်ကြယ်တို့နှင့် ထပ်တူ ဆုတောင်းပေးပါတယ်ဗျာ။

မိုးခါး said...

မာလီလေး ခွဲစိတ်မှု အောင်မြင်ပါစေ
ဆန္ဒတွေလည်း ပြည့်ဝပါစေ
ထပ်တူဆုတောင်းပေးပါတယ်
ဘ၀ဆက်တိုင်းလဲ ခုလို အဖြစ်ဆိုးမျိုးနဲ့ ကင်းဝေးပါစေ

စိတ်မကောင်းဘူး သမီးပျိုရေ
ကိုယ်တွေနိုင်ငံမှာသာ မာလီလေး လူလာဖြစ်ရင် .. ????
မြန်မာနိုင်ငံသား တယောက်ယောက်များ ဒီလိုဝေဒမျိုး ခံစားခဲ့ရရင် ?????????

ကမ္ဘာအနှံက ကလေးငယ်တွေ ဆင်းရဲ ဒုက္ခတွေက ကင်းဝေးပါစေ .. လူတန်းစေ့ နေနိုင်ပါစေ ...

မေလေး said...

မာလီလေး ခွဲစိတ်မှုအောင်မြင်ပြီး သူမလိုချင်တဲ့ဘဝလေး အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းနေမယ်နော်။

မိုးခါးပြောသလိုပါဘဲ မြန်မာနိုင်ငံမှာ လူဖြစ်ခဲ့ရင်တော့ .......
ဟူးးးး
မစဉ်းစားတာကောင်းပါတယ်လေ။

ကိုလူထွေး said...

ဖတ်ရတာ သည်းထိတ်ရင်ဖိုရှိလိုက်တာ သမီးပြိုရယ်...

ဒါပေမယ့် စိတ်ထားကောင်းတဲ့ မိဘတွေ စိတ်ဆင်းရဲတာကို မကြည့်ရက် မမြင်ရက်တဲ့ မာလီတယောက် ဘဝမှာ သူ့ကို ချစ်ခင် အနွံတာခံမယ့် လူတယောက် ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ပါတယ်...

မျှဝေပေးတာကျေးဇူး...

းဝ)

ကျောပိုးအိတ် said...

ရောဂါတွေကလဲ ထူးဆန်းလိုက်တာနော်။ ဘာဘဲပြောပြော ကံကောင်းပါစေလို့ သူ့ မိသားစုနဲ့ ထပ်တူ ဆုတောင်းပေးပါတယ်။

Unknown said...

မာလီလေးရဲ့ ခွဲစိတ်မှု အောင်မြင်ပြီး
သူ လိုချင်တဲ့ဘဝလေး အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ သမီးပျိုနဲ့ ထပ်တူ ဆုတောင်းနေမယ်နော်။

လင်းကြယ်ဖြူ said...

အားလုံးအဆင်ပြေပါစေလို့ ..မာလီ..ရေ..

ဇော် said...

ဟူးးး
ဘယ်ဘ၀ ဘယ်ဝဋ်ကြွေး .. ငါပေးဆပ်စရာရှိလို့လဲ .. ဆိုတဲ့ ရတနာနဲ့ နောက်ကောင်မလေး ဘယ်သူပါလိမ့် .. ဆိုထားတဲ့သီချင်းထဲက Rap စာသားလေး သွားသတိရလိုက်တယ်။ =)

emayarKhin said...

မာလီဆုတောင်းတွေ
အမြန်ဆုံးပြည့်ပါစေလို့...
ကြေကွဲစွာနဲ့ဆုတောင်းပေး
နေရမှာပဲ...သနားစရာနော်....
ရှာရှာဖွေဖွေတင်ပေးထားတဲ့
သမီးပျိုကိုကျေးဇူးပါ....

မြစ်ကျိုးအင်း said...

သနားပါတယ်ဗျာ ခွဲစိတ်မှုအောင် မြင် ဖို့ဝိုင်း ဆုတောင်း ပေးကြတာပေါ့....။

လူသားတွေရဲ့ အခွင့်အရေးအတိုင်း နေထိုင်နိင်ပါစေ

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။