သတင်းခေါင်းစဉ်...............သက္ကရာဇ် နှစ်ထောင့်ကိုးခု မေလဆယ်ရက်နေ့ ညကိုးနာရီအချိန်ခန့်တွင် ဒူဘိုင်းမြို့ ဒဲရာရပ်ကွက်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားရာ အခင်းဖြစ်ပွားရာ နေအိမ်မှာ သမီးပျိုစတည်းချရာ အိမ်ဂေဟာဖြစ်ပါကြောင်း အခင်းဖြစ်ပွားရာအချိန်သည် ညအချိန်ဖြစ်ပါသောကြောင့် ရုတ်တရက် သတိမထားမိခြင်း ရာဘာနံ့ထွက်နေပါ သော်လည်း နှာစီးနေပါသောကြောင့် ဘာနံ့မှမရခြင်း ဂျီတော့တွင် လေပစ်နေပါသောကြောင့် လည်းပတ်ဝန်းကျင်ကို မေ့လျှော့နေခြင်း ...
သတင်းအစုံအလင်မှာ ......အခင်းဖြစ်ပွားရာညအချိန်တွင် သမီးပျိုတစ်ယောက် ဂျီတော့တွင် ခလောက် ဆိုသူနှင့် လေတောက်နေခဲ့ရာ သော့မခတ်ထားသော တံခါးမကြီးမှ ရုတ်တရက်တလှုပ်လှုပ်ဖြစ်လာပါသောကြာင့် မသင်ကာသဖြင့် ဖွင့်ကြည့်ရာ အသင့်ရောက်နေသောမီးခိုးလုံးများ၏ ရိုက်ခတ်မှုကြောင့် သမီးပျို ပလန်လက်သွားကြောင်း အပေါင်းအပါများမှာလည်း အံ့အားသင့်သွားပါကြောင်း အရေးပေါ်ထွက်ပေါက်အနီးတွင် လောင်နေပါသော ကြောင့်အခန်းထဲတွင်သာ ပိတ်မိနေခဲ့ရာ အကြံကုန်ပါသဖြင့် ပြတင်းပေါက်မှ ခုန်ချလိုက်ရပါကြောင်း အပေါ်ဆုံး ထပ်ဖြစ်နေသောကြောင့်လည်း ဘရန်တာကိုသာသို့သာခုန်ချခဲ့ခြင်းဖြစ်ကြောင်း အပေါ်ဆုံးထပ်ဖြစ်ပါသော ကြောင့်လည်း ပြေးစရာမြေမရှိခဲ့ကြောင်း ထွက်စရာလည်း အပေါက်မရှိခဲ့ကြောင်း ပြောကြားလိုပါတယ် ။ အခင်းဖြစ်ပွားရာအချိန်တွင် ဘေးအခန်းမှသကောင့်သားနှစ်ယောက် ခုန်ချမည်တကဲကဲဖြစ်နေပါသောကြောင့် လည်း တားမြစ်ခဲ့ရသေးကြောင်း ကျန်ရှိနေသော သတ္တိခဲများမှာလည်း ငြိမ်းသတ်ရန်အမှန်တကယ်ကြိုးစားခဲ့ပါ ကြောင်း သို့ပါသော်လည်း ရေဖြင့်မသတ်ကြပဲ ဟိုပြေးဒီပြေးသာလုပ်နေကြကြောင်း မြင်တွေ့ခဲ့ရပါတယ်။ သမီးပျိုမှ ရေဖြင့်ငြိမ်းသတ်ရန် သတိပေးသဖြင့် အမိအရ အပြေးယူလာသည့်ရေမှာ ရေသန့်ဘူးသာဖြစ်နေခဲ့ ခြင်းတို့ကြောင့် ငိုအားထက်ရယ်အားသန်ခဲ့ရပါကြောင်း ။ သတိတရအပြေးအလွှား ဖွင့်ခဲ့ရသော နံရံပေါ်မှမီးသတ် ပိုက်မှာလည်း ရေမရှိပါကြောင်း နောက်မှသိရသည်မှာ ရေပိုက်ခလုတ်ဖွင့်ဖို့မေ့သွားခဲ့ကြောင်း ထိုသူမှဖွင့်ဟ ၀န်ခံခဲ့ပါ တယ် ။ စိုးရိမ်ပါသောကြောင့် အားကိုတကြီး ရဲစခန်းနှင့်မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာ ရဲသား များ ရောက်လာပါသော်ငြား မီးသတ်ကားရောက်မလာခဲ့ခြင်း တို့ဖြစ်ပွားခဲ့ပါတယ် ။ မဖြစ်သာသည့်အဆုံးမတော့ ရေချိုးခန်းမှ ရေခံ၍သာကိုယ်ထူကိုယ်ထ သတ်ခဲ့ရကြောင်း မီးငြိမ်းသတ်ပါမှ မီးသတ်ကားများအပြေးအလွှား ရောက်လာခဲ့ကြောင်း ရုပ်ရှင်ဆန်ဆန်ဖြစ်ပွားခဲ့ပါတယ်။
ယခုအချိန်တွင်မတော့ စိတ်အေးချမ်းသာစွာနေနေပါကြောင်း စုံစမ်းသိရှိမှုအရ ဆေးလိပ်တို ပစ်ခဲ့ မှုမှစတင်ခြင်းဖြစ်ကြောင်း စတင်လောင်ကျွမ်းရာနေရာမှာ အိမ်ကြားပိုက်လိုင်းမှဖြစ်ခြင်းကြောင့် မည်သူ့ကိုမှတရားစွဲမရဖြစ်နေကြောင်း ကိုရဲသားတို့စိတ်ညစ်နေနိုင်ကြောင်း မီးခိုး၏တန်ခိုးကြောင့် အိမ်တစ်ခြမ်း ကာလာပြောင်းသွားကြောင်း မီးသတ်အပြီးရေချိုးကိုယ်လက်သန့်စင်ခဲ့ရာ နှခေါင်းအတွင်းမှ ရာဘာမီးခိုးကြောင့် ကပ်နေသော မဲခိုးများကို အတော်ကြာသန့်စင်ခဲ့ရပါကြောင်း အိမ်တွင်းသတင်း တစ်ရပ်ကို တင်ပြလိုက်ရပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။ သတင်းအစီအစဉ် ဤတွင်ပြီးဆုံးပါပြီ ။

မှတ်ချက်။ ။ ဤဖြစ်စဉ်အားလုံး အမှန်အကန်ဖြစ်ပွားခဲ့ပါကြောင်း အပိုအလိုတစ်လုံး တစ်ပါဒမျှ မပါရှိပါကြောင်းနှင့် အားလုံးမှာကိုယ့်တွေ့များဖြစ်ကြောင်း ၀န်ခံအပ်ပါတယ် ။

10 comments:

မိုးခါး said...

တော်သေးတာပေါ့
ခုလိုဘလော့နိုင်သေးတယ်ဆိုတော့ စိုးရိမ်စရာတော့မရှိတော့ပါဘူးနော့် ..း)

အိုက်ခီလောက် said...

အဟိ အဲ့ထဲက ခလောက် ကဘယ်သူ လည်း သမီးပျို
တော်သေးတယ် ဘာမှမဖြစ်လို့ နော် စိုးရိမ်တယ်
တစ်ခုခုဖြစ်သွားရင်ဆိုပြီးတွေးနေသေးတယ်
ဖြေသိမ့်လို ရမှာမဟုတ်ဘူးသိလား
အဲ့ ခလောက်ကို လည်း သောက်ညင်ကိုကပ်တယ်
ပွားနိုင်လွန်းတယ်လေ သူ့ ကြောင့်မလား မသိလိုက်တာ

yehtutnaung said...

သမိုပျီး.. ကြီးတော်နဲ့ ပဲ နှစ်ပါးသွားမနေနဲ့ လေ။ အာရုံခံ၊ အနံ့ ခံ ကိရိယာတွေကိုလဲ နေ့ စဉ် ပုံမှန် စောင့်ရှောက်ပေးလေ။ တော်သေးတာပေါ့..။ ဘာမှမဖြစ်တာ။ ပြီးတော့ ၀ိတ်မ ပါ။ ဒိုက်ထိုးပါ။ ရုတ်တရက်ဆို water tank တွေ ထမ်းနိုင်အောင်လို့ လေ။
ရဲနဲ့ မီးသတ် ဖဲရိုက်နေလို့  ဖြစ်မယ်။ ဒါမှ မဟုတ် premier league ကြည့်နေတာထင်တယ်။ အစစအရာရာ အဆင်ပြေပါစေ။

taryarL said...

ရယ်ရတယ်ဗျ ကျနော်ဒါပဲသိတယ် :)
များများဆက်ရေးနိုင်ပါစေ

မြစ်ကျိုးအင်း said...

မီးးလောင်တာတောင်မသိအောင် ချက်ရတယ်လို့
အမေသိရင်တော့ ရင်ကျိုးပြီ အိမ်မှာကျတော့ ဘာမှဝင်မချက်ပေးလို့..။နောက်တာပါ သာမီးပျို ရယ်..
ခုတော့လည်း အေးဆေးသွားပြီ ဆိုပါတော့

မငုံ said...

အယ်တော့ ဖြစ်ရလေခြင်း.မသိလိုက်ဘူး။ Deira မှာနေတာလား။ နီးနီးလေးပဲ Satwa မှာနေတာ။။:))
နောက်တခါဂျီတော့မှာ တော့တာလဲတော့ပေါ့.ဒီခလောက်နဲ့ တွေ့လို့ကတော့ အင်း..တော်သေးတယ်။ ကံကောင်းလို့

Anonymous said...

တော်သေးတာပေါ့ သမီးရယ် ဖတ်ရတာ ရင်တထိတ်ထိတ်နဲ့ ... နောက်တစ်ခါ ခလောက်နဲ့ လေမတောက်နဲ့ သူဆီအရောက်သွားပြီး အသေသာခေါက်လိုက်နော့ ............

မိုးသား said...

သြော် ..သမီးရယ် ..ဖြစ်မှ ဖြစ်ရလေနော်..

ဒါနဲ့ ...........သြော်သမီး.....ဆိုတော့ အီးသမော် ပေါ့နော်
ဂွတ်ထ.. ကောင်းလိုက်တဲ့ နာမည်လေး
အီးသမော်လို့ပဲ ခေါ်တော့မယ်...အီးသမော်ရယ်.. ဖစ်မှ ဖစ်ရလေနော်..

ကြယ်သောကြာ said...

အင်း ... ဖြစ်ရမယ် အရာရာနှင့်အကြောင်းကြောင်း..
သမိုပျီး တို့ကတော့ စံတင်ပါပေတယ်။
ဘာမှမဖြစ်လို့ ဘာမှ မဖြစ်တာရယ်
ဖြစ်လို့ကတော့ ဖြစ်ပြီ။
(ရှင်းပါတယ်နော်)
ဂရုစိုက်ဦးလေ....(ဟဟား ဆရာကြီးလုပ်သွားတာ)

Anonymous said...

သတိထား...နောက်ဆို လူပါ ပါသွားမယ်..။

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။