“သမီးပျို ခရီးသွားနေသည်“ ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး။ လွင်မိုးကိုအားကျလို့ပါ။ သူကချင်းပြည်နယ် တစ်လျှောက် သွားတာမလား။ ပြီးတော့ ဘာကြောင့်ဒီရွာကို ဒီလိုခေါ်ခဲ့ကြတာလဲ ။ ရိုးရာဓလေ့တွေက ဘယ်လိုတွေ လဲ။ ဘာကြောင့်ဒီလိုတွေ လုပ်ခဲ့ကြတာလဲ စသဖြင့် ဘာညာဘာညာမှတ်တမ်းတင်မေးမြန်းခန်းတွေပေါ့လေ။ သမီး ပျို ကတော့သူ့လိုဘယ်လုပ်လိမ့်မလဲနော် တော်ကြာအတုခိုးတယ်ဖြစ်နေဦးမယ် ။ဟုတ်ဘူးလား ။သူနဲ့မတူ တမူထူး အောင်လုပ်မယ်လို့စိတ်ကူးတယ်။ သမီးပျိုလဲ မြန်မာပြည်ပဲခရီးသွားမယ်လို့စဉ်းစားထားတယ်ပေါ့။ခရီးစဉ်ဖြစ် မြောက်ရေးအတွက် ကူညီပံ့ပိုးသူတွေကတော့ သမီးပျိုနဲ့ကိုယ်ကိုတိုင်ပေါ့နော်။ ဟီး သွားမှာက တစ်ယောက်ထဲဆို တော့လေ။ လုပ်ရမယ့်အလုပ်တွေကများတော့ ခွင့်ရက်က ၄၀ လောက်ယူရတယ်ဗျို့။ ကုန်ကျစရိတ်ကလည်း မ သေးဘူးမလား။ အီဖေကိုတို့ဆီကို ဒါရိုက်သွားတဲ့လေယာဉ်ကအတော်ရှားကိုး။ ရှားဆိုရှိကို မရှိတာလေ။ ဒါကြောင့် နှစ်ဆင့် စီးရတယ်။ လက်မှတ်လေးစောင်ဝယ်ရတယ်ပေါ့။ အသွားအပြန်ဆိုတော့လေ။ ကိုယ့်ခရီးစဉ် အတွက်ဆိုတော့ ကုန်ပစေ ကုန်ကုန် ရတယ်။ ခုတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရလို့ မအားပါဘူး။ သွားမှာက မနက်ဖြန်ဆိုတော့ အ၀တ်အစားများထုတ်ပိုးခြင်းနဲ့ လက်ဆောင်ပစ္စည်းများဝယ်ယူခြင်း တွေလေ။ အဲ အထူးအစီအစဉ် တရပ်အနေနဲ့ကတော့ စာရင်းဇယားပြုစုခြင်းပေါ့ ။ပွင့်ပွင့်လင်းလင်းပြောရရင် အမည်နာ မ အတိအကျနဲ့တကွ နေရပ်လိပ်စာ ဖုန်းနံပါတ်တို့စုဆောင်းခြင်းတွေပါ။ တခြားလူတွေဘယ်ဟုတ်လိမ့်မလဲနော် ရန်ကုန်ဘလောက်ဂါတွေပဲ သီးသန့်။ တွေ့ရင်မုန့်ဝယ်ကြွေးခိုင်းမလို့လေ ။မကြံမပိုင်ဘူးလား ။ ကံဆိုးသူမောင်ရှင်တွေ ပြေးနိုင်ရင် တော့လွတ်မယ် မပြေးနိုင်ရင်တော့ ကြွေးပေတော့ပဲ။ ဟေးဟေး ။
ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ စိုးရိမ်ခြင်း၊ စိတ်ပူခြင်း နဲ့စပ်စုခြင်း ပါ။ ဒီလို “စ“သုံးလုံးဆာ ဗေးလေးရဲ့ အဓိက တားကက် ကရန်ကုန်ပေါ့ ။ အကြောင်းအရာတွေကတော့
၁။ ။ဘယ်နားကအသုတ်သည်ဘယ်နားရောက်လို့ဘယ်ပျောက်သွားပြီလဲ..........
၂။ ။ဘယာကြော်ရောင်းတဲ့ကလားလေး ဘယ်သူနဲ့ညားလို့ကလေးဘယ်နှစ်ယောက်ရနေပြီလဲ..........
၃။ ။ဟိုနားကမုန့်ဟင်းခါးသည်လေး မုန့်ဖတ်အကြံတွေနဲ့ရောရောင်းတုန်းပဲလား.........
၎။ ။ဒီနှစ်အပူဒဏ်ကြောင့် ယပ်တောင်သည်တွေ အလုပ်ဖြစ်နေကြပြီလား..........
၅။ ။အပေါ်ပူအောက်ပူနေဆူဆူမြေပူပူမှာအိုးတိုက်ဖွဲပြာရောင်းတဲ့ကလားမလေး ဖိနပ်မှပါရဲ့လား.........
၆။ ။ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ဗေထုတ်သည်တွေ အလုပ်မှဖြစ်ရဲ့လား...........
၇။ ။တက်ခ်စီ ခတွေဈေးတက်နေလို့ရန်ကုန်ပြည်သူပြည်သားတွေ ကုန်းကြောင်းတစ်လှည့်ခြေကျင်တစ်လှည့် နဲ့ခရီးဆက်နေရပြီလား............... စသဖြင့် လားပေါင်းများစွာကို အဖြေရှာထွက်မှာပါ ။စိတ်ဝင်စားရင် လိုက်ခဲ့ လို့ရတယ်နော် ။ဒီအစီအစဉ်ဖြစ်မြောက်ရေးအတွက် သမီးပျိုသိပ်ချစ်ရတဲ့ ဘလော့လေးကိုခွဲသွားရမှာမို့ တွေးမိတိုင်း ကြေကွဲလို့ သောကမျက်ရည်ဗူးသီးလုံးလောက် ကျရတာလဲအခါခါပါပဲ ။ စဉ်းစားမိတိုင်းခံစားရလွန်း လို့ ညညဆိုအိပ်လို့မပျော်တာ ခေါင်းချရင်တုံးကနဲပါပဲ ။မေ့ထားပါမယ် ဆိုတာကိုက ပိုပြီးသတိရစေတာမို့ အချိန်တိုင်းဖြေမဆည်နိုင်လို့ ထမင်းစားရင်တောင် စားလို့မ၀င်တာ ဆန္ဒန်ဆင်မင်းကိုခုတ်တဲ့ကြောင်စာ လောက်ပဲစားနိုင်ပါတော့တယ်ကွယ် ။ခံစားရပါလားနော် ။ရန်ကုန်ရောက်ခဲ့ရင်လည်းဖြစ်သလို ဒုတ်ထိုးလေးစား ပြီးကြေးအိုးလေးပဲသောက်နေပါတော့မယ်။ အဟတ်ဟတ် ။ ရှဲဒိုး စကားနဲ့ပြောရင်တော့ အလကားပြောတာပါ တကယ်ပြောတာပါပေါ့နော် ။ဘာဖြစ်လို့လဲဆိုတော့ ဘယ်သိမလဲပေါ့ ။
ဘလော့ဂါမောင်နှမတွေကို ချစ်လို့နောက်တာပါကွယ် ။စိတ်တော်မဆိုးလိုက်ကြပါနဲ့။အမှန်က မပြန် တာ၂နှစ်ရှိပြီဆိုတော့ မြန်မာပြည်ကို လွမ်းလို့ပြန်မှာပါ။ပြီးတော့ မုန့်စားပြန်မှာ။ အကြံကလဲကြီးပါ့နော် ။အင်း ခုတော့ သမီးပျို တကယ် အကြပ်ရိုက်နေပါတယ်။ လက်ဆော့ပြီး ၀ယ်ထားတဲ့ လက်တော့ပ် လေးတစ်လုံးကို အပြင်းပြေ ကလိဖို့သယ်သွားရကောင်းနိုး ထားခဲ့ရကောင်းနိုးနဲ့ဆုံးဖြစ်မရဖြစ်နေပါတယ် ။ခေါင်းပန်းလှန်ရင်းဆုံး ဖြတ်မယ်လို့ စိတ်ကူးမိပြန်တော့လည်း ဟိုမေသဉ္ဖာဦး ကားထဲကလို လှန်တော်မူလိုက်တာ ထောင်တော်မူနေလို့ ဆိုသလို ဖြစ်နေမှာ စိုးရတယ်မလား.....ဆိုတော့လေ လှန်တော်မမူရဲဘူး တော်ကြာ လှန်တော်မူလိုက်လို့ ထောင် တော်မူတာ မြင်နေရရင်ဆုံးဖြတ်မရဖြစ်မှာစိုးလို့ပါ။ အဟီး ။
သမီးပျိုလေ လမ်းခွဲစကားတွေမပြောချင်ပါဘူး။ ဘယ်ရည်းစားကိုမှလမ်းမခွဲတာသာကြည့်တော့။ အသဲကမခိုင်ယိုင်တိုင်တိုင်နဲ့မို့ ခရီးသွားရတာစိတ်တောင်မကောင်းပါဘူး တကယ်ပါ။ သမီးပျိုဆီကို အရင်ကလို ပဲလည်ပါ ပတ်ပါ နှုတ်ဆက်ကြပါနော် ။အားခဲ့ရင်ပေါ့ ။သမီးပျိုရဲ့ ကိုယ်ပွားလေးကို ထားခဲ့မယ်နော်။ ရက်၄၀လုံးရှိ နေမယ့် သမီးပျိုရဲ့ကိုယ်ပွားလေးကို မုန့်တွေမကြွေးရင်နေပါ ။ရေလေးတော့ လာလာတိုက်ပါနော်။ နေခဲ့တော့ သမီးပျိုလေးရေ မင်းအကို မောင်နှမတွေက မင်းကို စောင့်ရှောက်ကြလိမ့်မယ်ကွဲ့။တို့များကတော့ ဆာဗေးဆင်း လိုက်ဦးမယ်။ ရန်ကုန်က ကော်နက်ရှင်က မကောင်းတော့ ကပ်လို့မရတာနဲ့တင် မင်းနဲ့လဲတွေ့ရမယ် မထင်ပါ ဘူး။ ကွန်ပျူတာပိုင်းမှာ ဟက်ကာတွေထက်ဆရာကျတော့ ကျော်တာခွတာတွေလည်း မတတ်ဘူးကွဲ့။ သိတဲ့အ တိုင်းပဲ။ ဒီတော့ကာ ပျော့ပျော့ပြောင်းပြောင်း မုန့်စိမ်းပေါင်း စားပြီးနေခဲ့တော့နော်။
အားလုံးကို ချစ်တယ်။ အာဘွားကို များများလေးပေးလို့ရအောင် ....အက်ကိုး သံလေးလဲပါအောင် လှိုဏ် ခေါင်းထဲ ပြေးဝင်ပြီး အာဘွားခဲ့မယ်နော် ။အားဘွား...ဘွား...ဘွား.....)))))))))))))))))))))

12 comments:

သီဟသစ် said...

ပျိုပျိုရေ..

ပျော်ရွှင်စရာကောင်းသော ခရီးဖြစ်ပါစေကွယ်..

ဘလော့လေးကို ဖုန်လာသုတ်ထားပေးမယ် :)

ခင်မင်စွာဖြင့်
သီဟသစ်

အိုက်ခီလောက် said...

အမ် ပြန်တော့မယ်ဆိုပါလားအဟင့် ငိုချင်လာပြီ
ငါ့ကိုဘယ်သူ့ နဲ့ ထားခဲ့မှာလည်းဟင်
ပြန်လာရင် ငါ့အတွက်လေး အဝတ်လျော်ဖို့ ကောင်မလေးတစ်ယောက်လောက်ခေါ်ခဲ့နော်သိလား
ပြီးတော့အလုပ်ကပြန်လာရင် လေ နင်းနှိပ်ပေးဖို့ လည်းတစ်ယောက် နောက်တော့အိပ်ရာဝင်ခါနီးလေ ပုံပြင်ပြောဖို့ တစ်ယောက် အတူတူအိပ်ဖို့ တော့ခေါ်တော့ပါဘူးလေ အဟီး

mysterysnow said...

သယ်ရင်းရေ
ဘာမှပူနဲ့နော်
နေ့တိုင်းရေလာတိုက်ပေးမယ်...
ပြန်လာမှ ရေဖိုးပြန်ပေးနော်..
စိတ်ချလက်ချသာ သွားတော်မူပါ...
စောင့်ရှောက်တော်မူထားပါ့မယ်...
အိမ်လေးကို...
အိမ်စောင့်ခက သတ်သတ်နော်...
ပြီးတော့
လာသမျှ ဧည့်သည်တွေကိုလဲဧည့်ခံထားပေးပါ့မယ်..
ဧည့်ကြိုလစာလဲ သိတယ်ဟုတ်...
အချိန်ပိုင်းလစာပဲပေးပါ...
ပိုမတောင်းဘူးနော်...
ကိုသီဟသစ်ကတော့ မေတ္တာနဲ့ ဖုန်လာသုတ်ပေးမှာဆိုတော့
င့ါသယ်ရင်းလေး သန့််ရှင်းရေးလစာတော့ သက်သာတာပေါ့...
မုန့်များများဝယ်လာပါ ဒါပဲ။

ကြယ်သောကြာ said...

သမိုပျီး ညည်းသွားနေချိန် ငါ အပီအပြင် ကို နေ့တိုင်းစောင့်ပေးမယ် ပြန်လာရင်သာ မုန့်ကောင်းကောင်း ဝယ်ခဲ့
စိတ်တော် ကောင်းပါဘူးအေ ညည်းပြန်လာချိန်က ငါနဲ့ လွယ်လွယ်တွေ့ဖို့ အချိန် သေးသေး လေးဘဲ ကျန်တော့မှာ
အပြန်ခရီးမှာ ဘာတွေလိုတယ် ဆိုတာ သေချာ မှတ်ခဲ့နော်

Sein Lyan Tun said...

ပျော်ရွှင်သောခရီး ဖြစ်ပါစေ
ပြန်လာမယ့်ရက်ကို လက်ချိုးလို့ စောင့်ကြိုနေပါမယ့် ပျိုပျို
ခင်တဲ့
ကိုထောင်

yehtutnaung said...

ပျော်လိုက်တာ.. ၆ ယောက်မြောက်မန့် ရတာ တော်တော်သက်သာ သွားတယ်.. ။ ကြည့်စမ်း ဖုန်လာသုတ်မယ့်သူနဲ့ ၊ ရေလာတိုက်ပေးမယ့်သူနဲ့  အစုံစုံပဲ။ ငါဘာမှ လုပ်စရာ မလိုဘူး။ နင်ပြန်လာလို့  ဒူဘိုင်းလေဆိပ်ကနေ မုန့် တွေ ဖြတ်လုဖို့ ပဲ ကျန်တော့တယ်။ ရုပ်ဖျက်ပြီး ဗရုတ်ဗရက်နဲ့  ၀င်လုပစ်မယ်။ ငှဲ..ငှဲ။
have a nice vacation (စင်သွား ခွှင့်လွှတ်..ဟီး)

ကိုလူထွေး said...

စာပိုဒ်တွေ ခွဲလို့ မရဘူးထင်တယ်..

html ထဲဝင်ပြီးတော့ justify> ဆိုတဲ့ စာလုံးရဲ့ နောက်က ကိုယ်အပိုဒ်ခွဲချင်တဲ့ စာပိုဒ်ရဲ့ အရှေ့ မှာ cosor ထားပြီး enter ခေါက်ကြည့်...

မိုးခါး said...

ပျော်ရွှင်စရာအိမ်ပြန်ခရီးလေးဖြစ်ပါစေ ..း)
စားချင်တာတွေ တ၀စားလာခဲ့နော် ..

ဂျပန်ကောင်လေး said...

တော်တော်တော့ ပူမယ်နော်.. မီးမလာ.. အဟင့်ဟင့်

Anonymous said...

အလည်လိုက်မယ်ဗျိုး... ကျနော်လဲ ပြန်ချင်နေတာ အတောင် မပေါက်သေးတော့ ခက်တယ်ဗျာ...။

ဇော် said...

မနာလိုဘူး မနာလိုဘူး
အနော်လဲ ပြန်ချင်ရယ် ..
အီးး ဟီးး ဟီးး ။

Beauty Studio USA Branded Store said...

အပြန် မုန်တွေများများသယ်ခဲ့ဗျို့။

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။