သမီးပျိုကခရီးတွေကြီး သွားသွားနေရတယ် ဟပ်လား....။ ထုံးစံအတိုင်း ဒီတစ်ခါလဲ နယူးယောက် ကိုခရီးထောက်ရတယ်ဗျို့ ။ဟိုတယ်မှာ အင်တာနက်က ဖရီးဆိုတော့ လက်တော့ပ်လေး သယ်သွား ပြီး ဟိုအိမ် လည်ဒီအိမ်လည်ပေါ့ ။ ဒီတစ်ခါလည်း အိမ်လည်မယ်စိတ်ကူးတယ် ။ လက်တော့ပ်လေးကိုထုတ် ကိုယ့်ဘလော့လေး ကို အသာဖွင့်လိုက်တော့ ။ အလို...အညိုတစ်ယောက် တက်ခ်ထားပါရောလား ။အမယ် မသေချာမှာစိုးတော့ ဆီဘောက်မှာတောင် လာအော်သွားသေး “သမီးပျိုရေ တက်ခ်ထားတယ်နော်“ တဲ့လေ။ ရက်စက်ပါပေ့ အညိုရယ် ။ ခုမှခရီးက အရောက်ဟိုတယ်ကိုခြေချရုံပဲ ရှိပါသေးတယ် ဟယ် ။ တော်တော်အချစ်ပေါ့တာကိုး.........။ အင်း ကိုယ့်ကို ချစ်လို့ တက်ခ်တော့လည်း ရေးပေးရမှာပေါ့။ ဟုတ်ဘူးလား ။ ဘာတဲ့ သမီးပျို ဖြစ်ပုံလာပုံအကြောင်း ဟုတ်လား ။ အင်း ..ပြောမယ် ပြောမယ်။ သို့ပေမယ့် အထွေအထူးတော့ ရှိဘူးရယ် ။
ဖြစ်စဉ်ကဒီလိုဟေ့ ။သမီးပျိုက ခရီးတစ်ခေါက်ကပြန်လာရင် နားရက်က အနည်းဆုံးသုံးရက်ရ တယ် ။ အေးဆေးနားပေါ့ဟယ် ။ အဲလို ဆိုတော့ နားတာပေါ့ ဘယ်ရမလဲ ။စားလိုက် အိပ်လိုက် အင်တာနက်လေး ပေါ်တက်လိုက် မူဗွီလေးတွေ ကြည့်လိုက်နဲ့ အဆင်ကိုပြေလို့ ။ခုဝလာတာက သက်သေလေ ။ အဲဂလို နားတာ။ အဲလို ဆိုတော့ ဂျီတော့မှာ တော်ကီပွားလိုက် ယူကျူ့မှာ မြန်မာကားလေးတွေ ကြည့်လိုက် သီချင်းတွေ ဒေါင်း လိုက်နဲ့ကို တစ်ယောက်ထဲ မအားဘူးပေါ့ ။ ဟင်းတောင် ကောင်းကောင်းမချက်ဖြစ်ပါဘူး ဟယ်။ အွန်လိုင်းမှာ အလုပ်ရှုပ်ရတာနဲ့တင်အချိန်ကုန်တယ်။ ဖြစ်သလို စားပေါ့။ ဟဲဟဲ ။ အဲလိုနဲ့ ကြာတော့ ပျင်းလာတယ် ။မြန်မာစာ တွေ ဖတ်ချင်တာ ဘယ်ကဘယ်လို ဖတ်လို့ ဘယ်ကိုသွားပြီးဒေါင်းရမလဲ ဆိုတာလဲမသိတော့ ညစ်တာပေါ့။ ဒါနဲ့ တစ်နေ့တော့ သူငယ်ချင်းနဲ့စကားပြောဖြစ်တယ် ။သိကြတယ် ဟုတ် နှင်းနဲ့မာယာပေါ့ ။သူငယ်ချင်း အရင်း ခေါက်ခေါက် ခေါင်းပါခေါက်ချင်တယ် ။တကယ် ။ သူစာရေးနေတာ ပြောတာမှတ်လို့လား ။ဖွတ်ထားတယ် သိလား ။ ဟယ်ငါလဲ ရေးမှာပေါ့ ။ နင်က ငါ့ကိုဘာ့လို့မပြောတုန်းဘာညာနဲ့ ရစ်တာပေါ့။ လူက ရွနေတာကိုး...။
ရွပုံကိုပြောမယ် သပ်လား။ ဒီကို မလာခင် စပီကင် တက်ခဲ့တယ်လေ။ တစ်နှစ်ပေါ့ ဆရာကတော့ပွဲ လုပ်ခါနီး ဒီနှစ်က ၁၀ နှစ်ပြည့်ဆရာကန်တော့ပွဲ အမှတ်တရဖြစ်လို့ စာစောင်ထုတ်မယ်တဲ့။ အဲဒီတော့ စာရေးဆ ရာတွေကတော့ ကျောင်းသူကျောင်းသားတွေပဲပေါ့။ တစ်ယောက်မကျန် မရေးမနေရစနစ် ကျင့်သုံးတယ် ။ အဲဒီ ထဲကရွေးမယ်တဲ့ ။ ဆိုတော့ ရေးရတော့မယ် လေ။ စဉ်စားကြည့်တော့ စာကလဲ မရေးတတ်ဘူးမလား ။အဲဒီတော့ ကဗျာလေးစမ်းရေးကြည့်ရကောင်းမယ် ဆိုပြီး ကြိုးကြိုးစားစားနဲ့ရေးလိုက်တာ နောက်ဆုံး သမီးပျိုရေးတဲ့ ကဗျာလေး စာမျက်နှာပေါ်ရောက်သွားတယ် သိလား။ အမလေး သိတောင်မသိပါဘူး စာစောင်ထွက်မှ သူများတွေ တွေ့လို့ပြတော့မှ သိရတာ ပျော်လိုက်တဲ့ဖြစ်ခြင်း ပြောပြောချင်ပါဘူး ။ အဲဒီကတည်းက မြောက်နေ တာလေ။ မရေးတတ်ပဲ ရေးတာကို အရွေးခံရတယ်ဆိုတော့ မပျော်သင့်ပေဘူးလား။ အမှန်က ကဗျာက သိပ် ကောင်းလှတယ်လဲ ဟုတ်ပါဘူး ဟယ် ။ အနူတောထဲလူချောဖြစ်သွားတာ ဟဲဟဲ။ ဘာပဲဖြစ်ဖြစ် ၀န်ခံရရင် ပျော်တယ်။ အဲဒီကတည်းက စာရေးချင်စိတ်တွေ ဖြစ်လာတယ်ပေါ့ ။ ရေးတော့ ဘယ်ရေးတတ်ပါ့မလဲ ။ တတ် ရောင်ကားလေ ။ အဲဒီလိုနဲ့ ရေငတ်တုန်း ရေတွင်းထဲကျတယ် ပြောရမယ်။ သူငယ်ချင်းက ဘလော့ ရေးနေတာ သုံးလရှိပြီလေ။ အဲဒါမပြောဘူး လျှို့ဝှက်ချက် မေးတော့ ရှက်တယ်ဆိုလား ပြန်ဖြေတယ်။ မှတ်မိတော့ပါဘူးဟယ်။
နှင်းကပြောတယ် ။နင်ရေးချင်ရင် ငါအသစ်ဖွင့်ပေးမယ် ငါ့ဆီလာခဲ့တဲ့။ သွားတာပေါ့ ဘယ်ရ မလဲ။ အဲ....အဲဒီနေ့ကဘာမှလဲစားရတေးဘူး ။ဗိုက်ကတော့ဆာတယ် ။ စားတော့ပါဘူးလေ သူငယ်ချင်းနှင်းက သဘောကောင်းတာပဲ “နင်ချက်ထားလိုက်ငါလာခဲ့မယ် “လို့ဖုန်းဆက်တော့ “ငါတောင်ဂက်စ်မရှိလို့မချက်တာ ကြာပေါ့“ လို့ဆိုတော့ကာ အင်းထူးပါဘူး “ငါဝယ်ကြွေးမယ် ငါတို့အပြင်မှာစားကြတာပေါ့“ လို့ဖုန်းဆက်ပြော လိုက်တော့ အေးဆိုပြီး ဖုန်းချသွားတယ်။ ချိန်းထားတဲ့နေရာက “အယ်လ်ဂူရေး မောလ်“ ပါ။ သမီးပျိုက တက်ကြွ နေတော့ ချိန်းရာနေရာ အပြေးလေးသွားတာပေါ့။ မိုးကလဲ သည်းတယ် အဲဒီနေ့က။ မိုးသည်းတာ ဂရုမစိုက်အား ပါဘူး ။ဘလော့လေး လိုချင်တာကိုး......။ သမီးပျိုရောက်တော့ သူကရောက်သေးဘူးရယ်။ စောင့်ရတာပေါ့ ။ ဘယ်ပြောရဲပါ့မလဲ သူကလုပ်ပေးမယ့်သူကိုး ။ စောင့်နေတဲ့နေရာက ရုပ်ရှင် ပိုစတာတွေ ကြော်ငြာထားတဲ့ အ၀င် ပေါက်နားမှာပါ ။ဘေးမှာက ကော်ဖီဆိုင်တွေ စားသောက်ဆိုင်တွေ ရှိတယ်။ စောင့်တယ်......စောင့်တယ်။ မလာ ဘူးဟေ့ ဆရာသမားက ။ဖုန်းဆက်ခေါ်တော့ ငါလာနေပြီ...နောက်တစ်ခါခေါ်တော့လည်း ငါလာနေပြီ........ဆို တာကြီးပဲ။ ရက်စက်ပုံပြောပါတယ် ။ သူ့အိမ်နဲ့က သုံးလေးမိနစ်လောက် လမ်းလျှောက်ရင် ရောက်တာကို သူက ညာတာပေါ့။ ဘေးဆိုင်က ၀န်ထမ်းတွေက ကွက်ကြည့် ကွက်ကြည့်ပေါ့ ။ သူတို့ကထင်မှာပေါ့ ဒီကောင်မလေး ဘယ်ကောင်လေးကို စောင့်နေသလဲပေါ့ ။စိတ်ဝင်တစား ခဏခဏကြည့်ကြတယ် ။ရပ်နေတာ ကြာပြီကိုး....။ နောက်တစ်ခါခေါ်ပြီးတော့မှ ရောက်ချလာတယ် ထီးကလေးနဲ့ မိုးကရွာနေတယ်လေ။ ကျေးဇူးရှင်လာတော့ လာ လာဆိုပြီး စားစရာတွေရှိတဲ့ ဖုကော့ဒ် ကိုပြေးကြတာပေါ့။ တရုတ်ဆိုင်မှာ စားဖြစ်ကြတယ်။ စားလို့အပြီး စကား နဲနဲပြောပြီး သွားကြရအောင်ဟယ် ဆိုပြီး ပြန်ကြတယ် သူ့အိမ်ကိုပေါ့ ။အိမ်ပြန်တာ အကောင်းပြန်တာ မှတ်လို့လား ။ မိုးတွေ ဒီလောက်ရွာနေတာကို ရေခဲမုန့်စားချင်တယ် ပူဆာလို့ဝယ်ကြွေးခဲ့ရသေးတယ်။ ရစ်ပုံ ရစ်ပုံ ။ ပေါက်ပေါက်ရှာရှာ မိုးရွာထဲရေခဲမုန့် ပူဆာတာ။ အဲဒါနဲ့ ငြင်းရဲပါဘူး ၀ယ်ကြွေးရတာပေါ့ ။
အိမ်ရောက်တော့ ဘလော့တစ်ခု ဖွင့်ကြတယ်။ ပြောပြပါသေးတယ် ။ဘယ်လိုရေး ဘယ်လိုတင် ဘယ်လိုသုံးပေါ့လေ ။ အဲ..ဘလော့ နာမည်ပြောဆိုတော့ စဉ်းစားရတာပေါ့ ။ဟိုနာမည်လေး ဆိုလည်း မကောင်း ဘူး ဒီနာမည်လေးဆိုလည်း သူများတွေ ယူပြီးသားကြီး ဆိုတော့ ခေါင်းတောင်ခြောက်သွားတယ်။ ကဲလုပ်ပါဦးဆို ပြီး သူ့ကိုအကူအညီတောင်းရတယ်ပေါ့ ။သူလဲစဉ်းစား ကိုယ်လဲစဉ်းစားပေါ့ ။ ဘာမပြော ညာမပြောနဲ့ ကောက် ခါငင်ခါ အကောင့်တစ်ခုဖွင့်ပလိုက်တာက ကောင်းကင်ပေါ်မှာ ပဲ အလုပ်လုပ်နေရတဲ့ကောင်မလေးမို့ ကောင်း ကင်ရဲ့သမီးပျို ပါတဲ့။ နာမည်လေးကိုမြင်လိုက်ရတော့ ချစ်လိုက်ရတာ ခုထိပါပဲ ။ သူ့ကိုတော့ ဘယ်ပြောမလဲ တော်ကြာ မိုးရွာထဲ ရေခဲမုန့်စားချင်တယ်လုပ်မှာစိုးရတယ် ဟဲဟဲ။ ရစ်ခံထိမှာစိုးတာပါ။ နှင်းရဲ့ကောင်းမှုနဲ့ ဒီနာ မည်လေးရလာခဲ့တာပါ ။ တကယ်ကျေှးဇူးတင်တာပါ ။ နာမည်လေးကို ချစ်လွန်းလို့။
ကောင်းကင်ရဲ့သမီးပျို ဖြစ်ပေါ်လာပုံလေးးက သိပ်တော့ စိတ်ဝင်စားစရာ မကောင်းလှပါဘူး။ ဘလော့ဖွင့်ပြီးတော့လည်း မရေးးဖြစ်သေးပါဘူး ။ မြန်မာလို မရိုက်တတ်တာရယ် ဇော်ဂျီဖောင့်အင်စတောမလုပ် ရသေးတာရယ်နဲ့ မတ်ခ်ျ လကုန်ကဖွင့်ထားတဲ့အကောင့် အေပရယ်ရောက်မှစရေးဖြစ်ခဲ့တာပါ ။ ပထမဆုံး ပို့စ် တင်တုန်းကလဲ ကဗျာတိုတိုလေးကို တစ်နာရီနီးပါးကြာခဲ့ပါတယ် ။ တစ်လုံးချင်းကြည့်ပြီး ရေးရတာဆိုတော့ မျက်လုံးတွေလဲနာ ခေါင်းတွေလဲ ချာချာလည်နဲ့ အမှတ်တရတွေပေါ့ ။ ဒီလိုနဲ့သမီးပျိုလေးရှင်သန်လာတာ ခုဆိုနှစ်လပြည့်တော့မယ်သိလား ။ ဘလော့က ညီအကိုမောင်နှမတွေရဲ့ ခင်မင်မှုတွေ မန့်ခဲ့ကြတာတွေ ဆီပုံးမှာ လာအော် ခဲ့တာတွေကြောင့် ပျော်ရွှင်ရ ကြည့်နူးရ ရင်ခုန်ခဲ့ရတဲ့နေ့တွေကိုပိုင်ဆိုင်ခွင့်ရခဲ့လို့ နှင်းကိုကျေးဇူး အရမ်းတင်သလို ဘလော့ကာမောင်နှမတွေကိုလည်းကျေးဇူးအရမ်းတင်နေခဲ့တာပါ ။ဒီနေ့ မှပြောခွင့်ရခဲ့တယ် လာတက်ခ် ခဲ့တဲ့ အညို့ကိုလည်းကျေးဇူးအထူးတင်တယ်ဟယ် နော်။
မိုးရွာထဲမှာရေခဲမုန့်စားဖို့ ဘာကြောင့်ပူစာခဲ့တာလဲ သိချင်ရင်တော့ နှင်းနဲ့မာယာကိုပဲ ဒါရိုက် သွားမေးကြနော်။ သမီးပျိုတော့ တကယ်မသိဘူး။ မေးသမျှတွေ ဒိုင်ခံဖြေရှင်းလိုက်တော့နှင်းရေ ငါတော့ အချွန် နဲ့ မ လိုက်ပြီ ။ နောက်မရစ်နဲ့နော် ။ ဟီးဟီး ။အညိုရေ အကြွေးကြေပြီနော် ။ ဒီပို့စ်ကို အစအဆုံး နှစ်ခါပြန်ရေး ရတာ နင်အသိနော်။ ကျေနပ်တော့ ဟုတ်လား။

8 comments:

မိုးခါး said...

ချစ်မယ်ဆိုလည်းချစ်လောက်စရာ .. နံမည်လေးက ချစ်ဖို့ကောင်းတယ် ..း))

yehtutnaung said...

နှစ်ခေါက်ရှိမှ မှတ်မိသွားတယ်မလား..။ :P သမီးပျို ရဲ့  ကောင်းကင် အကြောင်း သိသွားပြီ ဆိုတော့ နောက် ဘာတက်ဂ်ရင် ကောင်းဦးမလဲ..နေဦး။ စဉ်းစား လိုက်ဦးမယ်။ :P

Sein Lyan Tun said...

ပျိုပျို က နာမည်လေးရော လူလေးရောချစ်ဖို့ ခင်ဖို့ကောင်းပါတယ်
အမြဲတမ်းစနောက် နေတတ်ပြီးပျော်ရွှင်နေတဲ့ ပျိုပျို ကို
အမြဲတမ်းပျော်ရွှင်စေချင်ပါတယ်
မိုးကောင်းကင်ထဲက အလှပဆုံး သမီးပျိုလေး ဖြစ်ပါစေလို့
ထောင်ထောင် ဆုတောင်းပေးခဲ့ပါတယ်
ထောင်လဲ ပျို့ကို ခင်ပါတယ် ပျို လဲ ထောင့်ကို ခင်တယ်မဟုတ်လား
ထောင်လဲ ခင်
ပျို လဲ ခင်
ပျိုခင် ထောင်ခင် ခင်ခေါင် ပျိုထောင်
အားးးးးး မှားကုန်ပီး

ပျိုချစ်တဲ့ထောင်
အဲ မှားလို့
ခင်မင်စွာဖြင့်
ဖိုးစိန်

Anonymous said...

အော်..ဒါက ဒီလိုကိုး :P
အဆင်ပြေပျော်ရွှင်ပါစေဗျာ

eMi said...

ကောင်းကင်ပေါ်မှာ ပဲ အလုပ်လုပ်နေရတဲ့ကောင်မလေး ဆိုတော့
မမက လေယဉ်မယ် လား
နံမည်လေးကတော့ တကယ်လှတယ်
ဟဲဟဲ
မိုးရွာရင် ရေခဲမုန့်စားချင်လားတော့ ကြားဘူးဖူး
နှင်းကျရင် ရေခဲမုန့်စားချင်တာတော့ တကယ်ဘဲ

Anonymous said...

သမီးအိုတို့ကတော့ ပြောင်ပါ့ဗျာ... မျက်နှာကို
ပြောပါတယ်...။

mysterysnow said...

သမီးပျိုနော်
မိုးရွာထဲမှာ ငါရေခဲမုန့်စားတာ ပါဘူးလေဟ..
ဗေဒင် ကိန်းခန်းနဲ့ နာမည်တွေ ရွေးတာလဲ ပြောအုံးလေ
ဟွန်း ခေါင်းပူတော့မယ်ဆိုတာသိလို့ ရေခဲမုန့်အရင်စားထားတာကို သိလဲသိပဲနဲ့...
ပျော်ရွှင်အောင်မြင်ပါစေ သူငယ်ချင်းလေးရေ...

mysterysnow said...

အဲဒီနေ့က အိမ်မှာ ဂစ်ကုန်နေတာ ငါတောင်မေ့နေတယ်
သူက မှတ်ဥာဏ်တော်တော်ကောင်း ဟွန်း
ဂယ်ပဲ ပြောချင်ဝူး...
နောက်တခါ ဂတ်စ်ကုန်ရင် ထပ်ပြောမယ်နော်
ရေခဲမုန့်ဝယ်ကျွေးအုံး.

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။