တီထွင်မှုပညာရှင်တွေဟာ ..............................
........နည်းပညာတွေနဲ့ အလုပ်ရှုပ်နေမယ်
........အသစ် အသစ်တွေကြား မအားမလပ်ဖြစ်နေမယ်
........စမ်းသပ်မှုတွေကြောင့် ဦးနှောက်ခြောက်နေနိုင်တယ်
........အားလပ်ရက်တွေမှာ မိသားစုတွေနဲ့ ပန်းခြံထဲမှာလည်း အနားယူနေနိုင်တယ်
........ နိုင်ငံတကာကို ခြေဆန့်လို့အလည်ခရီးတွေလည်း သွားနေနိုင်မယ်ပေါ့
သူတို့ရဲ့ဘ၀တွေက ပန်းခင်းလမ်းလို မွှေးကြိုင်နေတယ် ။ စိတ်စေရာ လှုပ်ရှားလို့ ...တက်ကြွမှုအပြည့်နဲ့ ခရီးနှင် နေဆဲလူသားတွေ...သူတို့မှာရွေးချယ်ခွင့်တွေရှိတယ် ..လုပ်ပိုင်ခွင့်တွေရှိတယ်..သူတို့ရဲ့ဘ၀ကငြိမ်းအေးတယ် လို့ မဆိုသာပေမယ့် ဝေဟင်မှာပျံသန်းတဲ့ ငှက်တစ်ကောင်လို ရပ်နားမလား ..ပျံသွားမလား ..ကြိုက်တာရွေးလေ
ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကို ကြည့်လိုက်ရင်..................
.......ကုမ္ပဏီသွားမယ်
.......meeting တွေရှိတယ်
.......အလုပ်သွားမယ်လား.?....ရှယ်ဆိုတဲ့ကားကြီးက အဆင်သင့်
.......ရုံးဆင်းလို့ပင်ပန်းနေပြီလား?....မပူပါနဲ့လေ
.......ဘီယာလေးမော့လို့ ပျိုမေလေးတွေက အနားမှာ
.......မိသားစုနဲ့သားသားမီးမီးတွေကြည့်ဦးမလား.? .shopping ထွက်မယ် ..လည်လည်သွားမယ်
......ပြိုင်ချင်တိုင်းပြိုင်လို့ ...လုပ်ချင်တာလုပ်...လိုက်ရှင်းပေးလိမ့်မယ် ..နောက်ခံအားတွေကောင်းတယ်
သူတို့တွေမှာ မရှိစကား မကြားဘူးသလောက်တောင်ရှားတယ်.. လိုချင်တာရနိုင်လို့ပါဝါရနေသူတွေလိုပေါ့ ..
ငွေဆိုတဲ့အရာကြောင့် ဦးနှောက်မီးတောက်ဖို့ နဲနဲခဲယဉ်းတယ် ။ သွားမယ့်လမ်းကြောင်းတလျှောက် ငွေလမ်း လေးခင်းပြီး ...အပြုံးမျက်နှာလေးတွေ ၀န်းရံလို့ အတုတွေ အစစ်တွေ အပ ထား ...လတ်တလောမှာ အပြုံးလမ်း ပေါ်က အောင်နိုင်သူတွေပေါ့...
အောင်မြင်သူတွေကိုကြည့်ဦးမလား.....................
.....စိတ်ချမ်းသာမှုအပြည့်နဲ့ ပြုံးပျော်နေမယ်
.....သြဇာအာဏာအပြည့်နဲ့“ ဥုံဖွ “ ဆိုသလို လုပ်ချင်တာဖြစ်တယ်
.....ဆင်းရဲဆိုတာ နတ္ထိ အလား.....“က္ကုစ္ဆာသယ“ လိုတရ လေ
.....စိန်နားကပ် အရောင်နဲ့ပါးပြောင်ဆိုသလို..... ငွေမျက်နှာကြောင့် မျက်နှာလေးတွေ ၀င်းလို့ မော်လို့
......သွားလေရာမှာ အားကျမယ့်သူတွေ.....အတုယူမယ့်သူတွေ... ကူညီမယ့်သူတွေ အဆင်သင့်...လိုတာမလိုတာ သူတို့အကြောင်းလေ ။
သူတို့တွေရဲ့ဘ၀တွေကတော့ အောင်မြင်မှုတွေ ....စည်းစိမ်ချမ်းသာတွေ .......နည်းပညာတွေနဲ့ပြည့်စုံ ပျော်ရွှင် နေတဲ့ ဘ၀တွေကိုပိုင်ဆိုင်ကြတဲ့ လူသားတွေပေါ့ ။ သူတို့ရဲ့ဘ၀ဟာ ပြည့်စုံတယ် လုံလောက်တယ် ။ ဆင်းရဲတယ် ဆိုတာဘာပါလိမ့်လို့ တွေးကောင်းတွေးနေကြမှာပေါ့ ။ချမ်းသာ စည်းစိမ်တွေကြားထဲမှာ နတ်ဘုံ အလား ခံစားပြီး ကာယသုခ စိတ္တသုခ နှစ်ဖြာ ပြည့်စုံတယ်လေ ။ မိသားစုနဲ့အသိုက်အ၀န်းမပျက် ချစ်တေးသီဆို လို့ ကောင်းခြင်းမင်္ဂလာအဖြာဖြာ ကျရောက်ပြီးသားမို့ ဆည်းလည်းသံလို သာယာလှတဲ့ မိသားစုလေးတွေပေါ့။
ဆင်းရဲသူတွေကျပြန်တော့လည်း......
.........ငွေမရှိလို့မျက်နှာငယ်ရတယ်
.........ထိုငွေကြောင့်ပဲ ယောက္ခမက မကြည်ဖြူ မိန်းမက မနှစ်သက်
.........ငွေမရှိတော့ ဂုဏ်မရှိပေါ့
.........သွားလေရာမှာ လူ့အောက်ကျလို့ ဆန္ဓတွေကို ချိုးနှိမ်ထားရပေါင်းလည်း မရေတွက်နိုင်ခဲ့ဘူးလေ
.........မိသားစုဝင်တိုင်းရဲ့ ၀မ်းတထွာ ပြည့်ဖို့ ရရာအလုပ်ကိုလုပ်လို့ ရှက်တယ်ဆိုတာ ချိုနဲ့လား
.........အချစ်ဆိုတဲ့သကာရည်ချိုချိုတွေကို အဲဒီငွေကပဲ တိုက်စားနိုင်သေးတယ်
.........အိမ်ထောင်ဖက်တွေကို အဲဒီငွေက ပဲ ခွဲခွာသွားအောင်လည်း လုပ်တတ်သေးတယ်
.........တည်ပါတယ်ဆိုတဲ့...သစ္စာ
.........ချစ်လှပါတယ်ဆိုတဲ့...မေတ္တာတွေ......
........နှစ်ကိုယ်တူ တဲအိုပျက်မှာ နေရနေရ ..ထမင်းရည်ကြည် လျှက်ပြီးချစ်ပါ့မယ် ဆိုတဲ့ ချစ်သူတွေ
........သစ္စာတော်တွေပျက်သုန်းလို့ မေတ္တာရေအိုင်တွေ ခန်းခြောက်ခဲ့ရပြီ
........ ဆင်းရဲခြင်းအပူကြောင့်.......
........သောကတွေ
........မျက်ရည်တွေ
........နာကျင်မှုတွေ
........စွန့်လွှတ်မှုတွေ
........ခွဲခွာမှုတွေ
........၀မ်းနည်းခြင်းတွေ....ဒါတွေဟာ ဆင်းရဲခြင်းရဲ့ အကျိုးဆက်
“ငွေ“ ဆိုတဲ့ တစ်လုံးတည်းသော စကားလုံးလေးဟာ လူတွေကို ပြုစားတတ်တဲ့ မှော်ကဝေလေးပေါ့ ။ သူ့ကြောင့် ကွဲကွာခဲ့ကြရတဲ့ မိသားစုတွေ....နှုတ်ဆက်ခဲ့ကြတဲ့ ကြင်စဦးဇနီးမောင်နှံတွေ...ဝေဒနာကို အံကြိတ်ခံနေရတဲ့ ရော ဂါသည်တွေ...ဆုံးရှုံးလိုက်ရတဲ့ အသက်ပေါင်းတွေ....စွန့်လွှတ်လိုက်ရတဲ့ ဆင်းရဲသားမိသားစုတို့ရဲ့ ရင်သွေးငယ် တွေ...အမြင့်ဆုံးကိုတက်နိုင်ပါရဲ့နဲ့ မရောက်နိုင်ခဲ့ကြတဲ့ ပါရမီရှင်လေးတွေ....ကျားခံတွင်းထဲ ကျသွားရတဲ့ လုံမပျို လေးတွေ.....အသိမ်းခံလိုက်ရတဲ့ မာနတွေ....ခြေတော်ရင်း ၀ပ်စင်းခဲ့ရတဲ့ အရှက်တွေ.....စွန့်လွှတ်လိုက်ရတဲ့ ဆန္ဒတွေ ...................အို............စုံလို့ပါပဲ ။ ဒါတွေကို သူတစ်ယောက်ထဲ လုပ်သွားတာ ..........
ဒါဆို သူတို့တွေရဲ့ဘ၀က........ လောကဓံ ကိုအံကြိတ်ခံရင်း ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲကွာလို့ လက်ခံ လိုက်ရမှာလား ...အရင်ဘ၀က လုပ်ခဲ့တဲ့ အကုသိုလ်ကံတွေပါလို့ ဖြေသိမ့်လိုက်ရမှာလား... ဒီဘ၀ ဒီမျှပါ ပဲလို့ လက်လျှော့လိုက်ရမှာလား.....ဘာတွေဘယ်လိုကြောင့်ပဲ ဖြစ်နေဖြစ်နေ အခုဘ၀မှာတော့ သူတို့တွေ ရဲ့ ဘ၀ဟာ ရင်လေးစရာပဲပေါ့ ။





...............................................................................................................................
ကလေးတွေဟာ နောင်လာမယ့် အနာဂါတ်ရဲ့ခေါင်းဆောင်တွေ ဆိုရင်လည်းမမှားပါဘူး .....အဲဒီအနာဂတ်ရဲ့ ခေါင်းဆောင်လေးတွေ ကျွန်မတို့နိုင်ငံမှာလေ ....ဈေးရောင်းနေကြတာတွေ ......... တောင်းစားနေကြ တာတွေ အမျာကြီးတွေ့ခဲ့ရတော့................ရင်ထဲမှာလေ တကယ် မကောင်းဘူး .... တဆစ်ဆစ်နဲ့ နာကျင်နေတုန်းပဲ ။ သူတို့လေးတွေရဲ့ဘ၀ အခုက တည်းက မလှပရင်လေ နောင်များဆိုရင်တော့လား...... တွေးကြည့်ရင်း ရင်လေးမိပါရဲ့.....အဲဒီအရွယ်တိုင်းဟာ.... ကျောင်းဝတ်စုံလေးတွေ ကိုယ်စီနဲ့ ပညာရေးကို အပြိုင်အဆိုင် ကြိုးစားနေရမှာ..........ခုတော့.....
............................................................................................................................................
အဲဒီလို......
.........လူတွေရဲ့မတူညီတဲ့ ဘ၀အခြေနေပေါ်မှာ ရုန်းကန်လျှောက်လှမ်းနေကြရတဲ့ ကလေးတွေရဲ့ အနာဂတ်
.........ဆင်းရဲတွင်းထဲက မလွတ်ကင်းနိုင်ကြသေးတဲ့ လူသားများရဲ့ ခံစားချက် နဲ့ နာကျင်မှု
........ငွေပုံပေါ်မှာ သကာရည်လောင်းထားတဲ့မျက်နှာတွေရဲ့ပျော်ရွှင်မှု
........အောင်မြင်မှုလူသားတွေရဲ့ အပြုံးမျက်နှာ
....... အဲဒီမတူညီတဲ့ဘ၀တွေထဲမှာ ကျင်လည်နေကြရတာက ကျွန်မတို့ လူသားတွေပါပဲလေ ........ .........ကံစီမံရာပေါ့........
စဉ်းစားမိတာလေး တစ်ခုက....
................ငွေဆိုတာ ဘ၀လား...?
................ဘ၀ဆိုတာရော ငွေလား...?
.............................................................................................................................
ပုံတွေက google ကရှာထားတာပါ ။ အားလုံး မြန်မာကလေးတွေ ချည်းပါပဲ ။ အခြေအနေတွေကို အားလုံးတင်ပြရ ရင် ဂျေးထဲရောက်မှာစိုးလို့ ဆင်ဆာတွေ မပါအောင်ရေးထားတယ်.ဟဲဟဲ. ဝှောင်ဝှောင်ရှေးမှ :)......
13 comments:
သိပ်မှန်တယ်..သူငယ်ချင်းရေ..
ကောင်းလွန်းလို့ဘာပြောရမှန်းတောင်မသိတော့ဘူး..
ဒါပေမယ့်ပြောရဦးမယ်....
အဲ့ဒီ့ ငွေဆိုတဲ့ ကန့်သန့်ချက် တံတိုင်းကြီး
အထပ်ထပ်ကာရံထားတဲ့ သတ်ကွင်းတွေကြားထဲမှာ
လူအများကြီးရောက်နေကြရတယ်...
ငွေဆိုတာ ဘ၀လား..ဘ၀ဆို
တာငွေလား..
အင်း...????????????
ပျော်ပါစေ ဟာ...
ဘာမှမပြောလိုပါ
ထွေးငယ်ရေ
ငွေ ငွေ ငွေ
တစ်ကယ်လည်းလိုချင်မိသား
ဟုတ်တယ် ငွေနဲ့ဘ၀ ရောထွေးနေတယ်...သမီးပျို.. ငွေမရှိပြီး ကျန်မားရေး မကောင်းတာထက် ငွေရှိပြီး ကျန်းမာရေး မကောင်းရင် ခံသာတယ်.. ၊ အဲ့ဒါပါပဲ...။ ငွေက တော်တော်များများ ကို စေစားနိုင်တယ်... နောင့် ခုလို မိသားစုနဲ့ဝေး နေရတာလဲ ငွေကြောင့်လေ...
ပျိုပျိုရေ
ငွေဆိုတာ ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းပါကွယ်
သူမရှိရင်မဖြစ်ပေမယ့်
သူ့ကို အဓိကထားလွန်းရင်လည်းမကောင်းပါဘူး
ခင်မင်စွာဖြင့်
သီဟသစ်
ဘဝမှာ မရှိမဖြစ်က ငွေ
ဒီငွေ
ဒီဘဝ
ဒီမျှနဲ့ ကျေချင်တယ်...
ချစ်ခင်စွာဖြင့်
ဖိုးစိန်
အင်းးးးးးငွေ ငွေ ငွေ
တဝေထိုး င၀ဆွဲရေ ငွေ....
အော် မရှိမကောင်း၊ ရှိမကောင်းထဲက တစ်ခုပါပဲလား။
ဘုရားသခင် သမီး အရမ်းမချမ်းသာချင်သလို၊ အရမ်းမဆင်းရဲချင်ဘူး။ ချမ်းသာလို့မောက်မာပြီး ဘုရားမေ့မှာစိုးတယ်။ ဆင်းရဲလို့ သူများဥစ္စာတပ်မက်ပြီး ခိုးယူမိမှာစိုးတယ်။ စားနိုင်သောက်နိုင်သော အခွင့်လေးသာပေးပါ။ လူသားအားလုံး သင့်တော်မျှတစွာ စားဝတ်နေရေးလေးတွေ ပြေလည် ပါစေ။
ပျိုပျိုရေ
ငွေ ငွေ ငွေ ငွေ ဆိုတာဂုဏ်ကိုခေါ်တယ်။ ငွေကိုသာ ရေလိုသုံးရင် တပြည်လုံးမှာလုပ်သမျှ တင့်တယ် ယောက်ခမကြီးက မျက်နှာချိုဒယ်။ ကိုယ်မယားက စေတနာပိုဒယ်။
သီချင်းဆိုတာနော်။
နာ့လဲတိဘူး ပျိုရယ်။
ငွေက..လိုတော့လိုတယ်..
ဒါပေမက်..ငွေ.ကို..လူကနိုင်ရင်ကောင်းမယ်
ငွေက..ကိုယ့်ပြန်နိုင်ရင်..ဘဝပျက်သွားနိုင်တယ်
တော်တော်လေး..သတိထားရတဲ့ကိစ္စပါပဲ..မေ့သမီးရေ
ဘွားပျိုလေးရေ ကောင်းလိုက်တဲ့ ပိုစ့်လေး။ ဘ၀မှာ ငွေကချယ်လှယ်လို့မရတာတွေ အများကြီးပါ။ငွေဆိုတာ တဘ၀လုံးအတွက် မဟုတ်ပါဘူး။ အစိတ်အပိုင်းလေး တခုအနေနဲ့တော့ လိုအပ်တယ်လို့ မငုံထင်တယ်။
ဘာအခုမှ ကြောက်ပါပြီလဲ...
မရတော့ဘူး... လာ..လိုက်ခဲ့...းP
(သမီးပျိုရဲ့ ရပ်တည်ချက်အတွက် လေးစားဂုဏ်ယူစွာ အရောက်လာခဲ့ပါတယ်...)
းဝ)
ဟုတ်တယ်..မှန်တယ်သမီးပျို
လေဒီ့ ဘ၀မှာလဲငွေကအရေးအကြီးဆုံးပဲ
လေဒီလိုချင်တဲ့ ပညာရေးကိုဆက်ဖို့ 
ငွေလိုတယ်..
သူကအရာအားလုံးမလုပ်နိုင်ပေမယ့်
တော်တော်များတော့သူ ပါမှဖြစ်မှာ
ဒီဘက်ခေတ်ရောက်လာတဲ့အခါ ငွေရဲ့နေရာယူမှုက ပိုကျယ်ပြန့်လာတယ်..။အားလုံးလောက်နီးနီးကို ငွေက ဖန်းတီးပြုပြင်စပြုလာပြီလေ...။
ဟင်း...... ဖတ်ပြီး ဒေါသဖြစ်မိတယ်... ကိုယ့်ဘဝကိုယ်ကိုပဲလား၊ ဘယ်သူ့ကိုလဲဆိုတာတော့ မပြောလဲ သိမှာပါ။
နောက်တခုမြင်မိတာလေးကတော့ ချမ်းသာတဲ့သူလဲ ချမ်းသာတဲ့အလျောက် စိတ်ဆင်းရဲရတာပါပဲ၊ ဆင်ရဲသူလဲ ဆင်းရဲတဲ့ အလျောက်ပေါ့။ ဒါပေမဲ့ဗျာ အိမ်ထောင်တခုမှာ အိမ်ထောင် ဦးစီးမကောင်းတော့ ဘာဖြစ်တတ်သလဲ ဒီသဘောပါပဲ။ ဝဠ်ရှိသရွေ့တော့ ခံရဦးမှာပဲဗျာ... ကျနော်တို့ ဘဝတွေလဲ ထိုနည်း၎င်းပါပဲဗျာ။
Post a Comment